Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၇-၄-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သာပေါင်းမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကြာကန်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ညောင်ကွင်းကျေးရွာနှင့် သရက်ကုန်းကျေးရွာအနီးပတ်ဝန်းကျင်များနှင့် ငဝန်မြစ်ကမ်းဘေးနေရာများမှ တရားမဝင် အခြားသစ်လုံး/ခွဲသား (၆၆.၃၂၃၀) တန်၊ လုံးပတ်(၃)ပေအောက် (၀.၇၇၂၂)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအားစုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၄-၂၀၂၀ ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျားတွင်းရေကျေးရွာ ဆယ်အိမ်မှူး တို့ပါဝင်သောအဖွဲ့သည် ဒေသအခေါ် ဗြုန်းတောင်အနီးနေရာမှ တရားမဝင် ကျွန်းသစ်/ လက်ပံသစ်/နှောသစ်/နဘဲသစ်/ဖန်ခါးသစ်/ဘင်္ဂသစ် စုစုပေါင်း (၁၉)လုံး (၃•၅၀၈)တန်အား ဖမ်းဆီး ရမိခဲ့သဖြင့် လုံခြုံရာ ပုန်ကုန်းဘိနယ်စခန်းသို့ သယ်ယူသိမ်းဆည်းပြီးဖြစ်ပါသည်။

တိုက်ရေယာဉ်(၁၁၆)မှ ဗိုလ်ကြီးလင်းသော်ဦး(ရေ-၄၅၀၇) ဦးစီးသောအဖွဲ့မှ (၇.၄.၂၀၂၀)ရက်နေ့၊ (၁၂:၁၀)နာရီချိန်တွင် ကျွန်းစုမြို့နယ်၊ ကိုလန်ကျွန်းအရှေ့မြောက်ဘက် (၁.၁)မိုင်ခန့်အကွာနေရာမှ တရားမဝင်အခြားသစ်ခွဲသား (၆၀)ချောင်း (၄.၀၂၃၄)တန်၊ တင်ဆောင်ထားသောစက်လှေ(၁)စီးအား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ ဆက်လက်၍ (၁၂:၂၀)နာရီ ချိန်တွင် ကိုလန်ကျွန်းအရှေ့ မြောက်ဘက် (၂.၈)မိုင်ခန့်အကွာနေရာမှ ဒီရေတာမျော(၂၀၉)လုံး တင်ဆောင်ထားသော စက်လှေ (၁)စီးနှင့် တရားခံ(၃)ဦး၊ စုစုပေါင်း တရားမဝင်အခြားသစ်ခွဲသား (၆၀)ချောင်း (၄.၀၂၃၄)တန်၊ မျော(၂၀၉)လုံး၊ စက်လှေ(၂)စီး၊ တရားခံ(၅)ဦး ဖမ်းဆီးရမိပါသဖြင့် တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် ကျွန်းစုမြို့နယ်၊ မြို့မရဲစခန်းတွင် အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက် လျက်ရှိပါသည်။

၈-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာမြောက်ဘက် သင်္ချိုင်းကုန်းသွားလမ်း၊ လိုတရဘုရားအနီးတွင် တရားမဝင် ကျွန်းခွဲသား(၃၆)ချောင်း (၄.၆၁၈၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်းအကွက် အမှတ်(၉၄)၊ ဒေသအခေါ် ပိတောက်ကုန်း၊ မြို့ချောင်းရွာမှ ရေပိုလွှဲသွားလမ်းဘေးနှင့် ဒညင်းကုန်း ဘုန်းကြီးကျောင်း အရှေ့ဘက်(၁)ဖာလုံခန့်အကွာလယ်ကွင်းစပ်နေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ ခွဲသား (၁၁၁)ချောင်း (၅.၀၁၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၄-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာတာဝန်ခံအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြိုင်မြို့နယ်၊ ကုန်းဘလူကျေးရွာ၏အနောက်ဘက်(၄)ဖာလုံခန့်အကွာ၊ ထွန်းမြရတနာလမ်းမှ မော်တော်ယာဉ် အမှတ် (MDY 4B/3081) Toyota Dyna (၆)ဘီး(၁)စီးနှင့် ဆိုင်ကယ်အမှတ်AZB ယာယီ 95047 Dayang ယာဉ်(၁)စီးတို့ပေါ်မှ တရားမဝင် ပျဉ်းကတိုး/အင်ကြင်းခွဲသား(၆၇)ချောင်း (၃.၃၉၁၂) တန်အား တရားခံ(၂)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၇-၄-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မဘိမ်းမြို့နယ်၊ နမ့်မဲ့ကြိုးဝိုင်းအကွက်အမှတ်(၁၈)နေရာမှ တရားမဝင် ကျွန်းသစ်/ခွဲသားဆိုဒ်စုံ(၁၁၁)လုံး/ချောင်း (၂.၉၇၉၂)တန်၊ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၆-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ကြောင်ကျေးရွာ သနပ်ခါးမြိုင်ရပ်၊ ကြောင်ကျေးရွာ တောင်ဘက်ကိုးပင်ချောင်း၊ ကြောင်ချောင်းအနီး၊ အနောက်ရမန်းချောင်းနှင့် အနောက်ကြောင်ချောင်း အတွင်းနေရာတို့မှ တရားမဝင် ကျွန်း/အင်ကြင်းသစ်/ခွဲသား/ လုံးပတ်(၃)ပေအောက် ကျွန်းသစ် (၁၃၂)လုံး/ ချောင်း (၂၄.၁၇၄၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages