၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၁-၄-၂၀၂၀ ရက်နေ့တွင် သင်္ကြန်စစ်ကြောင်းစီမံချက်အရ ပခုက္ကူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်မှုဖြင့်ပေါက်မြို့နယ်၊သစ်တောဦးစီးဌာနမှမြို့/မှူးပါ သစ်တောဝန်ထမ်း(၅)ဦး၊ ကျောက်ထစ်ကျေးရွာ၊ ရာအိမ်မှူး တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်နှင့် ပေါက်မြို့နယ် နယ်စပ်နေရာများနှင့်ကျောကြိုးဝိုင်းအတွင်းနယ်မြေရှင်း လင်းခြင်းဆောင်ရွက်ရာ ကျောကြိုးဝိုင်း၊ အကွက်အမှတ်(၂၈)တွင် တရားမဝင်အင်ခွဲသား(၅) ချောင်း(၀.၇၉၉၈)တန်၊ ထောက်ကြံ့ခွဲသား (၁) ချောင်း(၀.၂၀၀၀)တန်နှင့်သပြေခွဲသား(၁)ချောင်း (၀.၀၆၀၀)တန် စုစုပေါင်း (၇)ချောင်း (၁.၀၅၉၈) တန်အား ဖမ်းဆီးရမိခဲ့ပါသည်။
ထို့နောက် ကျောကြိုးဝိုင်းအကွက်အမှတ်(၂၅) အတွင်း တရားမဝင်သစ်ယာခွဲသား(၂)ချောင်း (၀.၁၄၀၀)တန်၊ ထောက်ကြံ့ခွဲသား(၉) ချောင်း (၀.၉၈၀၈)တန် စုစုပေါင်း(၁၁) ချောင်း (၁.၁၂၀၈) တန် အားဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားပါမည်။

၁၀-၄-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်ခ.လ.ရ(၈၂)၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့နယ်မှ ဗိုလ်ကြီးကျော်စွာဗိုလ်ပါတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ တိုက်ကြီးမြို့နယ်၊ ဥက္ကံတောင်နယ်မြေ၊ သပြေပင်ရေဆိပ် နေရာ၌ တရားမဝင်သံသေ/ဖက်ဝန်း/မှိုက်/ပျဉ်းမ/ဘိုင်/တောင်လက်ခုတ်သစ်(၃၁)လုံး(၉.၁၁၈)တန်နှင့် အခြားသားထင်း(၅.၃၈၅၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၉-၄-၂၀ ၂၀၂၀ ရက်နေ့မှ ၁၀-၄-၂၀၂၀ ရက်နေ့ထိရွှေဘိုခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သော သစ်တောရဲအပါအဝင် ခရိုင်နှင့် မြို့နယ်မှ သစ်တောဝန်ထမ်းများမှ တန့်ဆည်မြို့နယ်အတွင်းရှိပကာရွာ၊အိုက်မရွာ၊ခေါင်ယာရွာအတွင်းနှင့်ရွာမုံတောင်ကြိုးပြင်ကာကွယ်တော၊ပေါင်ကတောင်ကြိုးဝိုင်းအတွင်းတရားမဝင်သစ်ရှာဖွေခဲ့ရာ၆ဘီးကား၁စီး၊တုန်ဖုန်းကား၂စီး၊ သစ်စက် ၃လုံးနှင့်သစ်မျိုးစုံစုစုပေါင်း(၂၁၄၉)ချောင်း(၅၆.၇၈၀၈) တန်၊အင်မျော(၂၅၅ )လုံး၊သစ်စက်အင်ဂျင်(၃ )လုံးနှင့်ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံ(၈ )ဦးကိုလည်း သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိခဲ့ပါသည်။
ပိုင်ရှင်မပေါ်ပေါက်သည့်အမှုများကိုလည်းဆက်လက် စုံစမ်းဖော်ထုတ်နိုင်ရန်အတွက် တိုင်ချက်ဖွင့်ထားရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၉-၄-၂၀ ၂၀၂၀ ရက်နေ့မှ ၁၀-၄-၂၀၂၀ ရက်နေ့ထိရွှေဘိုခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သော သစ်တောရဲအပါအဝင် ခရိုင်နှင့် မြို့နယ်မှ သစ်တောဝန်ထမ်းများမှ တန့်ဆည်မြို့နယ်အတွင်းရှိပကာရွာ၊အိုက်မရွာ၊ခေါင်ယာရွာအတွင်းနှင့်ရွာမုံတောင်ကြိုးပြင်ကာကွယ်တော၊ပေါင်ကတောင်ကြိုးဝိုင်းအတွင်းတရားမဝင်သစ်ရှာဖွေခဲ့ရာ၆ဘီးကား၁စီး၊တုန်ဖုန်းကား၂စီး၊ သစ်စက် ၃လုံးနှင့်သစ်မျိုးစုံစုစုပေါင်း(၂၁၄၉)ချောင်း(၅၆.၇၈၀၈) တန်၊အင်မျော(၂၅၅ )လုံး၊သစ်စက်အင်ဂျင်(၃ )လုံးနှင့်ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံ(၈ )ဦးကိုလည်း သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိခဲ့ပါသည်။
ပိုင်ရှင်မပေါ်ပေါက်သည့်အမှုများကိုလည်းဆက်လက် စုံစမ်းဖော်ထုတ်နိုင်ရန်အတွက် တိုင်ချက်ဖွင့်ထားရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၁၁-၄-၂၀၂ဝ ရက်နေ့၌ ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တော၀န် ထမ်းများနှင့် ထူးကြီးနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ဒုတပ်ကြပ်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်္ဂပူမြို့ နယ်၊ ထူးကြီး-အင်္ဂပူလမ်း ထူးကြီးမြို့အနီး၌ ဦးရန်နောင် မောင်းနှင်လာသောTE (ခေါင်းစိမ်း) ၃ခ/ ၆၂၆၅ ကားပေါ်မှ တရားမဝင် အခြားခွဲသား(၄၈) ချောင်း (၄.၃၀၇၆) တန် ဖမ်းဆီးရမိခဲ့ပါသည်။
သစ်ပိုင်ရှင်/ယာဉ်ပိုင်ရှင်/ယာဉ်မောင်း ဦးရန်နောင် (ထန်းတောရပ်၊ကြံခင်းမြို့)၊ယာဉ်နောက်လိုက် ဦးရန် အောင်(ချောင်းဂွကျေးရွာ)၊သစ်တင်/ချလုပ်သားများ ဖြစ်သော ဦးညွန့်ဝင်း (မြစ်ကျိုးကျေးရွာ)၊ ဦးသက် ဝေအောင် (မြစ်ကျိုး ကျေးရွာ)၊ ဦးသက်ဝေဖြိုး (ချောင်းဂွကျေး ရွာ) တို့အား သစ်တောဥပဒေ ပုဒ်မ၄၁(က)ဖြင့် ထူးကြီးနယ် မြေရဲတပ်ဖွဲ့စခန်းတွင်အမှု ဖွင့်လှစ်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားပါမည်။

၁၁-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်၊သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာအုပ်စုတာမောင်ကျေးရွာအနီးချင်းတွင်းမြစ် ကမ်းဘေးနေရာတွင် တရားမဝင် ကျွန်းခွဲသား(၇၆)ချောင်း (၁.၀၆၇၀) တန် (၃')အောက် ကျွန်းသစ်လုံး(၁၃)လုံး
(၀.၂၉၀၀) တန်အားပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၁-၄-၂၀၂ဝ ရက်နေ့၌ ၊ သာပေါင်းမြို့နယ်မှဦးစီးအရာရှိ ဦးဆောင်သော သစ်တော၀န်ထမ်းများ အဖွဲ့သည် သာပေါင်းမြို့နယ်၊ သစ်ဖြူချောင်းနှင့် ချောင်း လက်တက် တစ်လျှောက်မှ တရားမဝင် အခြားခွဲသား (၈၁)ချောင်း (၂၁.၃၉၇၈) တန်၊ ကညင်သစ်လုံး(၄)လုံး (၀.၈၃၃၆) တန်၊ စုစုပေါင်း (၂၂.၂၃၁၄) တန် အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားပါမည်။

၁၁-၄-၂၀၂ဝ ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တော၀န်ထမ်းများအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကြိုးဝိုင်းအကွက်အမှတ်(၇၃)အတွင်းမှ တရားမဝင်အခြား သစ်လုံး (၁၃)လုံး(၄.၃၇၂၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး မျှင်ဝါးတောင် ဘိနယ် သစ်တောစခန်းသို့ သယ်ယူသိမ်းဆည်း၍ ဆက်စပ်ပတ်သက်သော တရာခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages