၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၁-၁၁-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကနီမြို့နယ်၊ လက်ပံစုဆိပ်နှင့် မိုးကြိုးပြင်ဆိပ်အကြား ချင်းတွင်းမြစ်အတွင်း မော်တော်(၁)စီးပေါ်မှ တရားမဝင် အင်ခွဲသား/လုံးပတ်၃ပေအောက်အင်သစ် (၈)တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၃၉.၄၈၂၂)တန်၊ သစ်မာ(၂၀၁.၀၄၃၃)တန်၊ အခြား (၂၀၉.၂၃၃၅)တန်၊ စုစုပေါင်း(၅၄၉.၇၅၉၀)တန်၊ တရားခံ(၅၉)ဦး၊ ယာဉ်/ယန္တရား(၄၈)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၁၆-၁၁-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျောက်ချွန်ဘိနယ်၊ ကျောက်ကြီးချောင်းတောင်ကြောမှ တရားမဝင် တောင်သရက်သစ်လုံး/ခွဲသား (၉၉)လုံး/ချောင်း (၈၇.၅၂၇၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ် ပါသည်-

နိုင်ငံအဆင့်သစ်တောသယံဇာတစာရင်းကောက်ယူခြင်းလုပ်ငန်းများအပေါ် ဆွေးနွေးအကြံပြုချက် များရယူခြင်းအစည်းအဝေးကို ၁၄-၁၁-၂၀၁၉ ရက်နေ့ (၁၀:၃၀)နာရီအချိန်၌ အင်းလျားလိတ်ဟိုတယ် ရန်ကုန်တွင် ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်မှ အဖွင့် အမှာစကားပြောကြားပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ အတွေ့အကြုံရှိသည့် အငြိမ်းစား သစ်တောပညာရှင်များ၊ FAO မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များတက်ရောက်ကြပါသည်။

၁၆-၁၁-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ပန်းပဲတိုးချဲ့ကြိုးဝိုင်း အတွင်း တရားမဝင်ရုံး/ဖန်ခါး/ချဉ်ယုတ်/လယ်ဇသစ် (၄၁)လုံး (၉.၈၃၆)တန်နှင့် JANGDONG အင်ဂျင်(၁)လုံးပါ တရားမဝင်သစ်စက်နှင့်စက်ဆက်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၅-၁၁-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုလဲမြို့နယ်၊ လက်ပံကျေးရွာ၏အရှေ့တောင်ဘက်နှင့် ကန်သာယာ ကျေးရွာ၏အနောက်တောင်ဘက်ဝန်းကျင်တို့မှ တရားမဝင် ပျဉ်းကတိုး/သစ်ယာ/သန်း/ကုက္ကိုလ်/ လက်ပံ/ ပိတောက်/ထောက်ကြံ့/နှောခွဲသား (၈၀)ချောင်း (၆.၃၃၅၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၁၁-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဗိုလ်ကြီးရဲပိုင်ထွန်းပါ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ ကျောက်ကြီးချောင်းတောင်ကြော အတွင်း တရားမဝင်တောင်သရက်(၄၂)ပင် (၇၅)ပိုင်း (၇၉.၄၃၄)တန်နှင့် တောင်သရက်ခွဲသား(၂၄)ချောင်း (၈.၀၉၀၃)တန် စုစုပေါင်း(၈၇.၅၂၄၃)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၄-၁၁-၂၀၁၉)ရက်နေ့မှ (၁၀-၁၁-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၁၇၁.၃၄၁၁)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်မှုအကြံပေးကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ၁၈-၁၁-၂၀၁၉ ရက်နေ့၊ နံနက်(ဝ၉:ဝ၀)နာရီအချိန်၌ Hilton Hotel နေပြည်တော်တွင် ကျင်းပရာ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြပါသည်။

Pages