Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၄-၄-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ထွေအုပ်မှအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပူတာအိုမြို့နယ်၊ မြို့မရပ်ကွက်၊ မြို့မ- မကျော့ဝါရွာ၊ ကျေးရွာချင်းဆက်လမ်း ယာဉ်အမှတ်၊ (နံပါတ်မပါ) (၆ဘီးတပ်၊ သရီးကရောင်း၊ အပြာရောင်)ယာဉ်(၁)စီးပေါ်မှ တရားမဝင် စကားဝါခွဲသား(၁၇၆)ချောင်း (၄.၂၆၂၀)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့တင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ဆည်မြို့နယ်၊ တောကျင်- ကျောက်လှေခါးသစ်ထုတ်ရေးကားလမ်းအနောက်ဘက် အင်တိုင်းတောအတွင်းနှင့် တောကျင်ကျေးရွာ၏ အနောက်မြောက်ဘက်(၆)မိုင်ခန့်အကွာ၊ ပျဉ်းတုံးချောင်းဖျားနေရာတို့၌ တရားမဝင် တမလန်း/ပိတောက်/သစ်ယာခွဲသား(၁၅၄)ချောင်း (၅.၀၅၀၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၃-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှီ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာနေရာနှင့် နှောကုန်းအုပ်စု၊ ဒွါရစုကျေးရွာအနောက်ဘက် ငဝန်မြစ်အတွင်းနေရာတို့မှ စက်လှေ(၃)စီးပေါ်နှင့် တရားမဝင်တောင်သရက်ခွဲသား (၃၁၁)ချောင်း (၆၄.၄၂၅၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ သမ္ဘရာရွာ၏ အရှေ့မြောက်ဘက်(၂.၅)မိုင်ခန့်အကွာ၊ ရုံးတောင်ကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင် ပျဉ်းကတိုး/အင်/သရက်သစ်(၂၀)လုံး (၅.၇၇၆၀)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ပဲခူးမြို့နယ်၊ အဆိပ်တောင်ကျေးရွာမြောက်ဘက် ဒေသအခေါ် (ကျွဲသေကွင်း)(ငမြကွင်း)နေရာ၌ တရားမဝင် ကောင်းမှု/ကညင်/တောင်သရက်ခွဲသား(၉၇)ချောင်း (၁၅.၉၀၉၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၄-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဆိပ်ဖြူမြို့နယ်၊ ထွန်-ရှားလှလမ်း၊ မိုင်တိုင်အမှတ်(၈/၃)နှင့် (၈/၄)ကြားနေရာတွင် မော်တော်ယာဉ်အမှတ်၊ ဓ/၁၈၆ (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် သန်း/ဒဟတ်/တယ်/ဖျောက်ဆိပ်/နဘဲ/ကြောင်ထောက်/ကုက္ကို/ဘုံမဲဇာ/ချဉ်ယုတ်ခွဲသား(၄၆)ချောင်း (၅.၄၅၆၄)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စဉ့်ကူးမြို့နယ်၊ အောက်မတ္တရာတိုးချဲ့ကြိုးဝိုင်းအကွက်အမှတ်(၆၂)အတွင်းနှင့် ပြည့်ပုံရွာမြောက်ဘက်(၄)ဖာလုံခန့်အကွာနေရာတို့၌ တရားမဝင် Changchai (25HP) အင်ဂျင်(၁)လုံး သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်ကျွန်း/အင်/ကညင်သစ်/ခွဲသား (၈၀)လုံး/ချောင်း (၁၃.၂၃၆၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များရုံးမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ရွှေကျင်ကြိုးဝိုင်းအတွင်းနှင့် ကလေးဝမြို့ရှောင်လမ်း၊ ကလေးဝ-မော်လိုက်သွားလမ်းဆုံရွာနေရာများမှ မော်တော်ယာဉ်(၄)စီးအား တရားမဝင်အင်ခွဲသား (၅၅၈)ချောင်း (၂၇.၅၈၂၂)တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages