၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ (၁၁. ၄. ၂၀၂၀)ရက်နေ့တွင်မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်
သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောရဲကင်းစခန်းမှူးပါ ရဲတပ်ဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂန့်ဂေါမြို့နယ်အတွင်းနယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ ကျောတိုးချဲ့(၂)ကြိုးဝိုင်း၊အကွက်အမှတ်(၄၃)အတွင်း တရားမဝင်ပျဥ်းကတိုးခွဲသား(၁)ချောင်း၊(၀.၀၃၅၀)တန်၊သစ်ယာခွဲသား(၂)ချောင်း၊(၀.၀၆၂၄)တန်၊အင်ကြင်းခွဲသား(၂)ချောင်း၊(၀.၀၁၈၈)တန်၊သပြေခွဲသား(၅)ချောင်း၊(၀.၀၃၂၄)တန် စုစုပေါင်း (၀.၁၄၈၆)တန်နှင့် အဆိုပါနေရာနှင့်(၂၁၀)ပေခန့်အကွာတွင်HERO, ANBO(125)၊နံပါတ်ပြားမပါ၊နက်+နီရောင် မော်တော်ဆိုင်ကယ်(၁)စီးအားပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တော ဝန်ထမ်းများ၊ အမှတ်(၈၄)ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီး ဟိန်းထက်ဦး ဦးစီး တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံ ရေးရဲတပ်ဖွဲ့ဝင်များ၊ သစ်ထုတ်ရေးဒေသဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ အနောက်ဆွာကြိုးဝိုင်းအတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုးခွဲသား (၂၉.၂၄၈၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၄-၂၀၂၀ ရက်နေ့၊ (၂၁:၃၀) အချိန်ခန့်တွင် တောင်ငူမြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်အမှတ်(၄) ရပ်ကွက်၊ ရွှေညာမြေလမ်း၊ နတ်စင်ရှေ့မှ တရားမဝင် ပျဉ်းကတိုး(လျှာထိုး) (၃၄၄)ချောင်း၊ (၀.၄၂၆၆) တန်အား တင်ဆောင်ထားသည့် PORTER -2 (YGN-4F/2578)အား တရားခံ(၁)ဦး(သစ်ပိုင်ရှင်/ ယာဉ်ပိုင်ရှင်/ ယာဉ်မောင်း)နှင့်အတူဖမ်းဆီး ရမိခဲ့ပြီး ဖမ်းဆီးရမိသည့် သစ်များအား မြို့နယ် သစ်တောရုံးဝန်းအတွင်းသို့ သယ်ယူသိမ်းဆည်းထားပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင် ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၁၀-၄-၂၀၂၀ ရက်နေ့ (၁၇:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူး ပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သာယာဝတီမြို့နယ်၊သုံးဆယ်ကြိုးဝိုင်းအကွက်အမှတ်(၁၁၂)အတွင်း တရားမဝင်ပျဥ်းကတိုးသစ်(၁၀)လုံး (၂.၇၂၈၀)တန်အား ဖမ်းဆီးစဉ်ပိုင်ရှင်မတွေ့ရှိဘဲဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၄-၂၀၂၀ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ကလောမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပင်လောင်းမြို့နယ်၊ ကံလှရွာအရှေ့ဘက်(ပေါင်းလောင်းချောင်းအနီး) တွင် တရားမဝင်ကညင်ခွဲသား(၂၈၄) ချောင်း (၄.၇၂၁၈)တန်၊ သတီခွဲသား(၂၅)ချောင်း (၁.၅၁၆၀)တန် စုစုပေါင်း (၃၀၉)ချောင်း (၆. ၂၃၇၈)တန်တို့အား ပိုင်ရှင်မဲ့အဖြစ်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသစ်များအား လိန်းလီဘိနယ်စခန်းတွင်သိမ်းဆည်းပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၀-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးမြို့နယ်၊ ထန်ကြိုးဝိုင်းအကွက်အမှတ်(၂၃၊၂၄)အတွင်းမှ တရားမဝင် ပျဉ်းကတိုးခွဲသား (၁၆)ချောင်း(၂.၁၆၃၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ၍ ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိပါသည်။ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၀-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးမြို့နယ်၊ ထန်ကြိုးဝိုင်းအကွက်အမှတ်(၂၃၊၂၄)အတွင်းမှ တရားမဝင် ပျဉ်းကတိုးခွဲသား (၁၆)ချောင်း(၂.၁၆၃၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ၍ ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိပါသည်။

(၁၀-၄-၂၀၂၀)ရက်နေ့အတွင် ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကနီမြို့နယ်၊ လာပို့-မင်းကင်းကားလမ်း၊ ယင်းသွင်၊ နတ်ဗူးဇွဲကျေးရွာများဝန်းကျင် တရားမဝင်သစ် စုပုံနိုင်သည့်နေရာများနှင့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် ဆက်စပ်ဧရိယာများတွင် ကင်းလှည့်စစ်ဆေးခြင်း ဆောင်ရွက်ရာ ထူးခြားမှုမရှိခဲ့ပါကြောင်း၊ -ဆက်လက်၍ (၁၁-၄-၂၀၂၀)ရက်နေ့တွင် သစ်ခေါက်ကျေးရွာဝန်းကျင်၊ သစ်ခေါက်ချောင်းတလျောက်တွင် တရားမဝင်သစ် များစုပုံနိုင်သည့်နေရာများနှင့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် ဆက်စပ်ဧရိယာများတွင် ကင်းလှည့်စစ်ဆေးခြင်းဆောင်ရွက်ရာ (၁၄:၃၀)နာရီအချိန်တွင် မုံရွာ-ယာကြီး-ကလေးဝကားလမ်း၊ မိုင်တိုင် အမှတ်(၆၃/၀)၏ အနောက်ဘက်၊ သစ်ခေါက်လမ်းခွဲနေရာ၌
တရားမဝင်ပိတောက်သစ် (၄)လုံး (၀.၅၅၀)တန်၊ ပိတောက်တိုင် (၁)လုံး (၀.၀၈၈)တန်၊ ပိတောက်ခွဲသား (၂)ချောင်း(၀.၁၅၁၂)တန်၊ စုစုပေါင်း တရားမဝင်ပိတောက် သစ်/တိုင်/ခွဲသား (၀.၇၈၉၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိသစ်များအား လာပို့သစ်တောစခန်းတွင် သယ်ယူသိမ်းဆည်းပြီး ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိ ရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး စီမံချက်အားဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

TRI-Myanmar စီမံကိန်းသည် ပျက်စီးပြုန်းတီးသွားသော သစ်တောများနှင့် မြေဧရိယာများ အား ပြန်လည်တည်ထောင်ထိန်းသိမ်းခြင်းဖြင့် ဂေဟစနစ်ဝန်ဆောင်မှုများ မြှင့်တင်ရန်နှင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားရေးအခြေအနေများ တိုးတက်လာစေရန် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်ပါသည်။အဓိကရည်မှန်းချက်မှာ-ဒေသခံ အကျိုးဆက်စပ်ပတ်သက်သူများ၏ ပူးပေါင်းပါဝင်စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံတွင် သစ်တောများပျက်စီးပြုန်းတီးနေမှုအား ထိန်းချုပ်ရန်နှင့် ပြန်လည်ပြုစုပျိုးထောင်နိုင်ရန် ဖြစ်ပါသည်။

Pages