၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၃-၁၁-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝန်းသိုမြို့နယ်၊ ဝန်းသို-နမ်းခမ်းသွားကားလမ်းဝန်းကျင်နှင့် နမ်းခမ်းကြိုးဝိုင်းအတွင်း သုံးဘီးဆိုင်ကယ် (၄)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား (၄၆၇)ချောင်း (၃.၉၇၈၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံအဆင့်သစ်တောသယံဇာတစာရင်းကောက်ယူခြင်းလုပ်ငန်းများအပေါ် ဆွေးနွေးအကြံပြုချက် များရယူခြင်းအစည်းအဝေးကို ၁၄-၁၁-၂၀၁၉ ရက်နေ့ (၁၀:၃၀)နာရီအချိန်၌ အင်းလျားလိတ်ဟိုတယ် ရန်ကုန်တွင် ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်မှ အဖွင့် အမှာစကားပြောကြားပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ အတွေ့အကြုံရှိသည့် အငြိမ်းစား သစ်တောပညာရှင်များ၊ FAO မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များတက်ရောက်ကြပါသည်။

သစ်တောနည်းဥပဒေ (မူကြမ်း)အပေါ် အကျိုးသက်ဆိုင်သူများ၏ ဖြည့်စွက်အကြံပြုချက် များအား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ကျွမ်းကျင်သူစကားဝိုင်းဆွေးနွေးပွဲအား ၁၄-၁၁-၂၀၁၉ ရက်နေ့၊ (၀၉:၀၀)နာရီတွင် ရန်ကုန်၊ Green Hill Hotel ၌ ကျင်းပပြုလုပ်ရာ သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက် အဖွင့်အမှာစကားပြောကြားပါသည်။အမှာစကားပြောကြားရာတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် သစ်တောနည်းဥပဒေ(မူကြမ်း)ကို အကျိုးသက်ဆိုင်သူများထံသို့ ချပြဆွေးနွေးခြင်း၊ အကြံဉာဏ် များရယူခြင်းဆိုင်ရာ အလုပ်ရုံ‌ဆွေးနွေးပွဲများကို သစ်တောဦးစီးဌာနက ဦးဆောင်ပြီး ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၏ နည်းပညာ၊ ရန်ပုံငွေပံ့ပိုးကူညီမှုများနှင့် အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခဲ့သကဲ့သို့ ပထမအကြိမ် ကျွမ်းကျင်သူစကားဝိုင်းကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက နေပြည်တော်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၃၃.၂၀၈၄)တန်၊ သစ်မာ(၁၅၆.၈၆၁၃)တန်၊ အခြား (၄၆၀.၀၃၅၀)တန်၊ စုစုပေါင်း(၇၅၀.၁၀၄၇)တန်၊ တရားခံ(၅၇)ဦး၊ ယာဉ်/ယန္တရား(၃၉)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၁၁-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျောက်ချွန်ဘိနယ်၊ ဂွကြိုးပြင်တော၊ ဒေသအခေါ် လေယာဉ်ကျကုန်း အနီး၊ ဘိုမင်းချောင်းနှင့် ဝါးကလောချောင်း ဝဲ/ယာ နေရာမှ တရားမဝင် တောင်သရက်သစ်လုံး (၁၆၅)လုံး (၁၄၃.၅၇၈၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၆-၁၁-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြင်းခြံမြို့နယ်၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝန်းအတွင်း တရားမဝင်အင်/သရက်/ပျဉ်းကတိုး/ အင်ကြင်း/သစ်ယာခွဲသား(၃၁၃၆)ချောင်း (၃၃.၇၆၀၂)တန်အား တရားခံ(၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၁၁-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းမျာအဖွဲ့သည် ဖျာပုံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အောင်မာဃလမ်းရှိ နေအိမ်ခြံဝန်း(၂)ခုအတွင်းမှ တရားမဝင်တောင်သရက်ခွဲသား(၁၀၃)ချောင်း(၁၃.၇၇၅၂)တန်အား တရားခံ (၄)ဦး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၁၁-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၁၂၂/၅)၏ အနောက်ဘက်(၂)ဖာလုံခန့်အကွာ တောစပ်အနီးနေရာ၌ တရားမဝင်ပိတောက်ခွဲသား(၇၅)ချောင်း (၁၂.၃၃၉၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၇-၁၁-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောကားလမ်း၊ မိုင်တိုင်အမှတ်(၁၀/၀)နှင့် (၁၀/၁)ကြားနေရာ၌ မော်တော်ယာဉ် အမှတ် (MDY 7G/3264) NISSAN Diesel (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် သင်းဝင်/နဘဲ/ချဉ်ယုတ်/ လက်ပံ/ဒဟတ်/ဖျောက်ဆိပ်ခွဲသား(၇)တန်ခန့်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

Pages