Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၃-၃-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ ရွှေကျင်ကွက်သစ်ကျေးရွာ အနောက်ထိပ်ရွာစွန် ယာဉ်အမှတ်၊ YGN 1G/2261(စူပါကာစတန်၊ ခဲရောင်)ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၂၂၄)ချောင်း (၁.၈၇၄၂)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၃-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ဝသာကျေးရွာအနီး၊ ဆီပုတ်ခုံနေရာတွင် တရားမဝင် ပျဉ်းကတိုးသစ်(၉)လုံး (၅.၇၆၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၃-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မထုကြိုးဝိုင်း၊ ပလူဇဝချောင်းအနီး မော်တော်ယာဉ်အမှတ်၊ ၉ဌ/၆၂၁၁၈ (Cander၊ ၆ ဘီး၊ ဖြူဝါရောင်)ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(၂၄)ချောင်း (၄.၅၁၉၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၁-၃-၂၀၂၀ ရက်နေ့တွင် ဗိုလ်မှူး နေထက်နိုင်ဦးစီးသော စရက(၅၅၂) တိုက်ကင်းလှည့်တာဝန်ထမ်းဆောင်စဉ် ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း အဏ္ဏဝါမောင်(သံခွံ)စက်လှေ(၁)စီး၊ စိုးအဏ္ဏဝါအမည်ပါ(အသားခွံ) စက်လှေ (၁)စီးစုစုပေါင်းစက်လှေ(၂)စီးပေါ်မှ တရားမဝင်(အခြား)သစ်ခွဲသားဆိုဒ်စုံ (ခန့်မှန်း)တန်(၆၀)ခန့်အား တရားခံ(၁၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် ထားရှိပြီး တရားမဝင်သစ်များအား ကျောက်ဖြူမြို့နယ်၊ သစ်တောရုံးဝန်းသို့ သယ်ယူရွှေ့ပြောင်းခြင်း၊တိုင်းတာ စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၂၅၁.၃၅၃၀)တန်၊ သစ်မာ(၁၉၇.၂၈၈၀)တန်၊ အခြား (၃၉၉.၇၁၁၄)တန်၊ စုစုပေါင်း(၇၈၈.၃၅၂၄)တန်၊ တရားခံ(၅၇)ဦး၊ ယာဉ်/ယန္တရား(၅၇)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၁၆-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအရှေ့ဘက်အနီးဝန်းကျင်မှ တရားမဝင် အင်/တမလန်း သစ်လုံး/ခွဲသား/ခွဲခြမ်း (၆၁.၁၇၆၀)တန်၊ တရုတ်ဆိုင်ကယ်(၅)စီး၊ သစ်စက်(၂) လုံးနှင့်ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၆-၃-၂၀၂၀)ရက်နေ့မှ (၂၂-၃-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၂၅၂.၂၀၀၀)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၂၂-၃-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီးဘေး၊ ဂုတ်တွင်းတံတားအနီးတွင် မော်တော်ယာဉ်အမှတ် (MDY 1H/5432) NISSAN AD Van(အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ပိတောက်သားဂီတာပုံ(၂၀)ချောင်း(၀.၂၂၄၀)တန်အား တရားခံ(၁)ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၄-၃-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ပိုးဇာကျေးရွာ၏ တောင်ဘက်(၂)မိုင်ခန့်အကွာနေရာ၌ မော်တော်ယာဉ်မပါ သရီးကရောင်း(၆)ဘီး(အစိမ်းရောင်)ယာဉ်ပေါ်မှ တရားမဝင်ကညင်သစ်(၆)လုံး (၃.၄၄၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအားစုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

Pages