၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၀-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ ကျောက်တံတားကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင် ပျဉ်းကတိုးခွဲသား (၄၃)ချောင်း(၀.၈၃၆၀)တန်နှင့်အတူ တရားခံ (၁)ဦး အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါ သည်။

၁၀-၄-၂၀၂၀ ရက်နေ့တွင် မတ္တရာမြို့နယ်သစ်တောဦးဦးစီးဌာနမှဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်း(၅)ဦးနှင့် မွေပုံကန်ကျေးရွာ ရာအိမ်မှူးပါဝင်သောပူးပေါင်းအဖွဲ့သည်မတ္တရာမြို့နယ်၊ ကောက်ရိုးပုံဘိနယ်၊စကျင်- မွေပုံကန်ကျေးရွာချင်းဆက်လမ်း၏အရှေ့ဘက်လမ်း (၃)ဖာလုံခန့်အကွာနေရာမှတရားမဝင်အင်သစ်(၆)( လုံး/ ချောင်း)(၂.၃၅၉)တန်အားလည်းကောင်း၊ မြစ်ကမ်းကျေးရွာ အနောက်တောင်ဘက်(၁)မိုင်ခန့်အကွာနေရာမှတရားမဝင်အင်သစ်လုံး(၆) လုံး(၂.၂၃၀)တန်အားလည်းကောင်း၊ အင်ကြင်းမြိုင်ကျေးရွာ၏အနောက်ဘက်(၇)ဖာလုံခန့်အကွာနေရာမှတရားမဝင်အင်သစ်လုံး(၉) လုံး(၂.၇၉၈)တန်အားလည်းကောင်း၊ စုစုပေါင်း ရားမဝင်အင်သစ်(၂၁) လုံး/ ချောင်း (၇.၃၈၇) တန်အားဖမ်းဆီးရမိခဲ့ပြီး ဥပဒေအတိုင်းထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၀-၄-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးနှင့်သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မင်းဘူးမြို့နယ်၊ ကျွဲသိုးမြှောင်ကျေးရွာ၏တောင်ဘက် (၁)ဖာလုံခန့်အကွာ၊ မင်းဘူး- မင်းလှကားလမ်း အရှေ့ဘက် အုတ်ဖိုဝန်းအတွင်းမှ တရားမဝင် ပန်းစုံထင်း (၄.၇၁၂၄)တန်နှင့်အတူ တရားခံ (၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်း တွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများပါဝင်သောအဖွဲ့သည် မင်းကင်းမြို့နယ်၊ ကြွေရွာ၏ မြောက်ဘက်(၁)မိုင်ခန့်အကွာ၊ ရသာချောင်းဘေးနေရာနှင့် မြောက်ချွန်းရွာ၏အရှေ့မြောက်ဘက် (၃)မိုင်ခန့် အကွာနေရာများမှ ကျွန်း၊ သရက်၊ အင်သစ် (၂၅)လုံး (၇.၇၆၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၄-၂၀၂၀ ရက်နေ့တွင် ထီးချိုင့်မြို့နယ်မြောက်ပြင်ဘိနယ်အတွင်း ဦးစီးအရာရှိပါဝန်ထမ်း(၆)ဦးမှ တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်ရာ ကလုံကြိုးဝိုင်းအကွက်အမှတ်(၄၇)အတွင်း တရားမဝင်သစ်စက်အင်ဂျင်(၁)လုံးနှင့်ဆက်စပ်ပစ္စည်း(၃)မျိုး တရားမဝင်ကျွန်းသစ်(၁၂)လုံး(၁.၉၀၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၄-၂၀၂၀ရက်နေ့တွင် ရွှေဘိုခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော ခရိုင်နှင့်မြို့နယ်မှ သစ်တောရဲအပါအဝင် ဝန်ထမ်းအင်အား၃၀ခန့်သည် ရွေဘိုခရိုင်၊ တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ်များအတွင်းတရားမဝင်သစ်ဆက်လက်ရှာဖွေခဲ့ရာချိန်းဆော၃လက်နှင့်တရားမဝင်သစ်မာ/အခြားခွဲသား၁၅တန်ခန့် ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၄-၂၀၂၀ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် သင်္ကြန်ကာလ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အရ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောကားလမ်း၊မိုင်တိုင်အမှတ် (၃၃/၄)နှင့် (၃၃/၅)၊ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်(၃၁၃/၄)အနီး နေရာတို့၌ တရားမဝင်သန်း/ရုံး/ဒဟက်/ချဉ်ယုတ်/ဘုံမဲဇာ/လိန်၊ဖက်သန်း၊ကုက္ကိုသစ်/ခွဲသား(၂၂)လုံး/ချောင်း(၂.၈၃၅၂)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီးဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၉-၄-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်နားမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် ပိတောင်ဘေးမဲ့တောမှ သစ်တောဝန်ထမ်းများပါဝင်သောအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ တန်ဖဲကျေးရွာအနောက်ဘက်နေရာများမှ တရားမဝင် အခြားသစ် (၆၉)လုံး(၄၆.၇၈၆၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

Pages