Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၀-၃-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဖယ်ခုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်ကြီးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်(ပူးတွဲ)ပင်လောင်းမြို့နယ်၊ ပေါင်းလောင်ကြိုးဝိုင်းအကွက်အမှတ် (၁၅၉)အတွင်း တရားမဝင်သစ်ယား/ပျဉ်းမ/ယမနေ/သစ်ကဇော်သစ် (၁၉)လုံး(၉.၁၁၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၃-၃-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ ပလန(၄)ကျေးရွာအနီးဝန်းကျင်တွင် တရားမဝင်ကညင်/ကြေးလံ/ ပွဲညက်/နကျယ်/ဘိုင်သစ်(၄၀)လုံး (၃၂.၆၉၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကို (၂၄-၃-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ရုံးအမှတ်(၃၉)၊ သစ်တောဦးစီး ဌာန၊ အင်ကြင်းခန်း၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ကော်မတီဥက္ကဌ၊ ဒုတိယဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ယနေ့အစည်းအဝေးသည် အမျိုးသားမြေအသုံးချမှုကောင်စီရဲ့ မြေအသုံးချမှုစီမံကိန်းများ၊ မြေအသုံးချမှုဇုန်များ စနစ်တကျ ရေးဆွဲအသုံးပြုနိုင်ရေး မြေအသုံးချမှုစီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ညှိနှိုင်း အစည်းအဝေး ဖြစ်ပါကြောင်း၊

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၃-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ ဂွေးတောက်ကျေးရွာအုပ်စု၊ ဂွေးတောက် ကျေးရွာ၏ တောင်ဘက်(၃)ဖာလုံခန့်အကွာကိုင်းတောအတွင်း၊ ငှက်သိုက်ကျေးရွာအုပ်စု၊ ငှက်သိုက် ကျေးရွာ၏ တောင်ဘက်(၂)မိုင်ခန့်အကွာတောစပ်အနီးနှင့် မိဿလင်ကျေးရွာအုပ်စု၊ ဒေါင်းတလင်းကြော တောတွင်းနေရာများတွင် တရားမဝင်တောင်သရက်ခွဲသား (၈၁)ချောင်း (၁၂.၀၁၃၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင်ကာကွယ်တောအတွင်းနှင့် စိုင်းရကြိုးဝိုင်းအကွက်အမှတ် (၇၀)အတွင်းနေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်/ခွဲသား(၈၁)လုံး/ချောင်း (၁၃.၂၀၁)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၃-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေးမြို့နယ်၊ အစင်ကျေးရွာ၊ စံပြရပ်ကွက်၊ နယ်မြေ(၁၂)တွင် တရားမဝင်ကတွတ်ခွဲသား (၄၃)ချောင်း (၆.၁၆၈၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၀-၃-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံအရှေ့မြို့နယ် မင်းရဲကျော်စွာလမ်းပေါ် ဒဂုံတက္ကသိုလ်ရှေ့ အမှတ်(၂)လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃/၀)၊ KZH ဆီဆိုင်ရှေ့နှင့် ကျန်စစ်သားလမ်းမပေါ် Gas ဆိုင်အနီးနေရာတို့၌ မော်တော်ယာဉ်(၃)စီးနှင့်အတူ တရားမဝင်ပျဉ်းကတိုး(ကျည်းဘောင်)(၄၃၃)ချောင်း(၁.၆၆၄၄)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

၂၁-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ ပြင်တဲကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်း/အင်သစ်/ခွဲသား (၁၆၃)လုံး/ ချောင်း(၇.၃၆၈၄)တန်နှင့်တရားမဝင်သစ်စက်ဆက်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

Pages