Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၉-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းလှမြို့နယ်၊ ကုလားကုန်းကျေးရွာ အရှေ့တောင်(၃)ဖာလုံခန့်အကွာမှ တရားမဝင် ပျဉ်းကတိုး/သဒီ/သပြေ/တောင်သရက်/ဇောင်းပုလွေးသစ်(၁၄)လုံး (၇.၄၆၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၉-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ကိုယ်တူကွဲဆည်အတွင်း ဖျံချောင်းဖျားမှ တရားမဝင် ကျွန်းခွဲသား(၂၉၃)ချောင်း (၃၂.၇၃၈၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၈-၃-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာတာဝန်ခံအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ ခြောက်မျက်နှာရွာ အနောက်ဘက် ယာခင်းစပ်၊ ခြောက်မျက်နှာရွာ တောင်ဘက်(၄)ဖာလုံခန့်အကွာ၊ အရှေ့မြောက်ဘက် (၂)ဖာလုံခန့်အကွာတို့မှ တရားမဝင် ကညင်/ထောက်ကြံ့/ကြက်တောစာ/သပြေ/အိပ်ငွေ့/အင်ကြင်း/သပြေ၊ လုံးပတ် ၃ပေအောက် ကညင်သစ်/ခွဲသား/ခြမ်း(၇၅)လုံး/ချောင်း (၂၇.၅၈၀၄)တန်၊ အင်ဂျင်(ပျက်)(၁)လုံး၊ လွှဝိုင်း(၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းတို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၉-၃-၂၀၂၀ ရက်နေ့တွင် ဦးစီးရုံးချုပ်(စစ်ဆေးရေး)မှ ဦးစီးအရာရှိ ဦးထွန်းသန်းဦး၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကြောင်းအဖွဲ့၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ပလ္လင်ကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ်/ခွဲသား (၂၄)လုံး/ချောင်း (၅.၂၆၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၂၇-၃-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်၊ အကွက်(၄၁၅၊ N3)၊ သုခလမ်း/၅လမ်းပေါ်တွင် မော်တော်ယာဉ်အမှတ်(၁က/၈၁၇)နှင့် (၄ခ/၄၀၉၁)ယာဉ်အမှတ်(၂)ခုတပ်ဆင်ထားသောGMC (စိမ်း/ပြာ ရောင်) (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုး/သစ်ယာ/အင်ခွဲသား(၃၂၆)ချောင်း (၈.၂၇၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၃-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ နန့်ပန်သဲနီကြိုးဝိုင်းအကွက်အမှတ်၊ (၂၀)အတွင်း တရားမဝင်အင်၊ နှော၊ သစ်ယာသစ်(၅၂)လုံး (၃၁.၀၁၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၃-၃-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ ရွှေမေတ္တာကျေးရွာ၏တောင်ဘက်နှင့် ဆတ္ထိူးပေါက်ကျေးရွာ၏ အရှေ့တောင်ဘက် နေရာတို့မှ တရားမဝင် ကျွန်း/သင်းဝင်/ဘုံမဲဇာသစ်/ကြို့/ကတီ/ရုံး/လုံးပတ်၃ပေအောက် ကျွန်း/မြန်မာ ကုက္ကိုလ်/သစ်ဖယောင်း/လိန်/သစ်မကျီး/ပိုးမဲဇာ/ရုံး သစ်/ခွဲခြမ်း/ခွဲသား (၈၀)လုံး/ခြမ်း/ချောင်း (၆.၉၀၆၂) တန်၊ သစ်စက်(၂)လုံးနှင့်ဆက်စပ်ပစ္စည်းများ၊ တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိ ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၂၉-၃-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၃၉၅.၃၈၂၅)တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages