၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် အထူးသီးသန့် သင်တန်း အစီအစဉ်များအနက် နိုဝင်ဘာလ ၂၅ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ “ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော လုပ်ငန်းများ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ် သင်တန်း” (Potential Trainers for Myanmar on Community Based Enterprise Development Course)၏ နောက်ဆက်တွဲ အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာ ဖွင့်လှစ်ကျင်းပခဲ့ပါသည်၊

တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းအား (၂-၁၂-၂၀၁၉) ရက်နေ့၊ (၀၉:၀၀)နာရီတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်(မူဝါဒနှင့်စီမံကိန်း) တက်ရောက်၍ အဖွင့် အမှာစကားပြောကြားပါသည်။အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် သင်တန်းသည် နိုင်ငံတွင် ဇီဝမျိုးစုံမျိုးကွဲ နှင့် ဂေဟစနစ်များ ရေရှည်တည်တံ့ရေးအတွက် သတ်မှတ်ဖွဲ့စည်းထားသည့် သဘာဝထိန်းသိမ်း ရေးနယ်မြေများ၏ စီမံအုပ်ချုပ်မှုနှင့် ထိန်းသိမ်းကာကွယ်မှုကို စနစ်တကျ ဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုထားသည့် (၁၀)နှစ်စီမံကိန်းဖြစ်သည့် တောရိုင်း တိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖြစ်ပါသည်။

၂၆-၁၁-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၆၄/၁)နှင့် (၆၄/၂)ကြားနေရာ၌ မော်တော်ယာဉ် အမှတ် (YGN 1N/8398) MITSUBUSHI FUSO ယာဉ်ပေါ်မှ တရားမဝင်တောင်သရက်ခွဲသား(၆၅)ချောင်း (၇.၅၁၉၈)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၂၅-၁၁-၂၀၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများသည် ကော့ကရိတ်မြို့နယ်၊ ကိုးတိုင်-လှိုင်ကွယ်လမ်းခွဲနေရာ၌ မော်တော်ယာဉ် အမှတ် (BGO 1L/4039) ISUZU (၆)ဘီးအဖြူရောင်ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(YGN 6N/7765) NISSAN(၆)ဘီး(အစိမ်းရောင်)ယာဉ်များနှင့်အတူတရားမဝင်ပျဉ်းကတိုး/တောင်ပိန္နဲခွဲသား(၅၂၃)ချောင်း (၈.၅၆၅)တန် အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၂၇-၁၁-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခလရ(၄၂၉)တပ်ရင်းမှ ဗိုလ်မှူး ဇော်ဝင်းအောင် ဦးစီးသော တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်ကော်မြို့နယ်၊ ပွန်ချောင်းဘေးနေရာ၌ တရားမဝင် ကျွန်း/ပိတောက်/ပျဉ်းကတိုး/သစ်ယာသစ်/ခွဲသား (၁၄၈)လုံး/ချောင်း(၃၁.၇၁၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၇-၁၁-၂၀၁၉ ရက်နေ့ (၁၃:ဝဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်အား AFoCO RETC သင်တန်း ကျောင်းမှ Program Officer ဖြစ်သူ Mr Choi Ho မှ လာရောက်တွေ့ဆုံပြီး ၂၀၂၀ ခုနှစ်အတွင်း AFoCO RETC သင်တန်းကျောင်းဖွင့်လှစ်မည့်သင်တန်းများနှင့် သင်တန်းကျောင်းအနီး experimental forest တည်ထောင်မည့် အစီအစဉ်များ အစီရင်ခံခဲ့ပြီး၊ RETC သင်တန်း ကျောင်း လက်ခံတည်ထောင်သည့် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ပြီး သစ်တောဦးစီးဌာနမှ လိုအပ်သည့်အကူအညီများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၃-၁၁-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အနီးဝန်းကျင်နေရာများမှ တရားမဝင်ကညင်/အင်သစ် (၂၀၇)လုံး (၁၉၀.၅၂၆၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၂-၁၁-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖျာပုံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အောင်မင်းဂေါင်လမ်း၊ အမှတ်(၅၀၊ ၇၇)ခြံဝန်းအတွင်း တရားမဝင်ပျဉ်းကတိုး/တောင်သရက်ခွဲသား (၂၆၀)ချောင်း (၃၉.၉၈၂၂)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

Pages