၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁-၁၀-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တော ဝန်ထမ်းများအဖွဲ့သည် ရေဖြူမြို့နယ်၊ မလွှဲတောင် စုပေါင်းစစ်ဆေးရေး စခန်းအနီး ရေး-ထားဝယ် ကားလမ်း မိုင်တိုင် အမှတ်(၈၁/၆)တွင် မော်တော်ယာဉ်အမှတ် (YGN/6B-4302) NISSAN DIESEL UD-CV-290 (၁၂)ဘီးယာဉ် ခေါင်း (ဖြူနီကျား) ကိုယ်ထည် (ပြာစိမ်းဖြူဝါကျား) ယာဉ်ပေါ်မှ တရားမဝင် ကညင်/ကဘန်/ကဒွတ် (၅၁)ချောင်း (၁၃.၆၄၅၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရ မိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါသည်။

၃-၁၀-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၂၀/၅)လမ်းအရှေ့ ဘက်ခြမ်းမှ တရားမဝင် ပျဉ်းကတိုးခွဲသား (၇၉)ချောင်း (၇.၁၂၅၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃-၁၀-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ စာတိုးကျေးရွာအရှေ့ဘက်(၂)မိုင်ခန့်အကွာ၊ ဒုဌတတီမြစ်ကမ်းဘေးတောင်ကိုင်းချောင်ဆိပ်နေရာ၌ (စိမ်းပြာကြား) စက်လှေ(၁)စီးနှင့်အတူ တရားမဝင်ကျွန်းသစ်/ခွဲသား/ခွဲခြမ်း(၁၀၈)လုံး/ချောင်း/ခြမ်း (၄၄.၅၀၁၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကန့်ဘလူမြို့နယ်၊ ကျွန်းလှ-ကန့်ဘလူကားလမ်း၊ လိတ္တူကျေးရွာ၏မြောက်ဘက်(၃)ဖာလုံခန့် အကွာ၊ တက်နေဝန်းဆီဆိုင်အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(၉ဌ/၁၉၅၈၀) တုန်ဖုန်းအမျိုးအစား (အပြာရောင်) (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၉၄)ချောင်း (၃.၅၄၄၈)တန်အား တရားခံ(၁)ဦးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင် ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၁၀-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ ရတခလရ(၂၇၆)တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူကုန်တား ရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ မိုးမောက်-လွယ်ဂျယ်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၇)မိုင်လမ်း၏ ယာဘက်တောအတွင်းနေရာနှင့် ပန်မူ-ဝူတန်သွားတောတွင်းနေရာတို့၌ မော်တော်ယာဉ်အမှတ်၊ KYN-(3H/5810)VOXY (အနက်ရောင်)ယာဉ်၊ မော်တော်ယာဉ်အမှတ်(YGN 4D/5346) ODYSSEY (အဖြူရောင်)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်၊ (MDY 3B/6874)NOAH (အဖြူရောင်)ယာဉ်တို့ပေါ်မှ တရားမဝင် ကျွန်း/ပိတောက်ခွဲသားဆိုဒ်စုံ (၁၉၄)ချောင်း (၂.၁၈၀၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၁၀-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ကျေးနန်းရပ်ကွက်၊ မိုးမောက်-လွယ်ဂျယ်ကားလမ်းဘေးနေရာ၌ မော်တော်ယာဉ်အမှတ် (KYN 5K/1597) NOAH (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသားဆိုဒ်စုံ (၃၇)ချောင်း (၀.၇၇၀၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂-၁၀-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်း မြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက် (၅၅၊ ၅၈)နေရာတို့မှ တရားမဝင် ကျွန်း သစ်/ခွဲခြမ်း (၄၅)လုံး/ ချောင်း (၆.၈၆၂၀)တန်နှင့် လုံးပတ်၃ပေအောက်ကျွန်းသစ် (၆)လုံး (၀.၆၂၆၀)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂-၁၀-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းဆောင်ရွက်ရာ ပေါက်ခေါင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၅၁)၊ ရွှေညောင်ပင်(၁)လမ်းနေရာ၌ တရားမဝင် ကျွန်း သစ်/ခွဲခြမ်း/ဖရုံစိတ်(၄၁)လုံး/ခြမ်း/စိပ် (၆.၉၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages