၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၆-၁၀-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ ဖြူးကွန်းကြိုးဝိုင်းအကွက်အမှတ်(၄၉၊ ၅၀)တို့အတွင်း မော်တော်ယာဉ်အမှတ် (7M/4698) FORLAND (၆)ဘီးယာဉ်နှင့်အတူ တရားမဝင်ကျွန်းသစ်/ခြမ်း(၃၆)လုံး/ခြမ်း(၅.၃၈၈၀)တန်အားဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၆-၁၀-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဖြူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၂၁/၄)မှ (၁၂၁/၅)ကြား၊ လမ်းအရှေ့ဘက်တွင် မော်တော်ယာဉ်အမှတ်(MDY 4M/6501) NISSAN UD(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၃၃)ချောင်း (၁၀.၁၇၂၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၆-၁၀-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မြိတ်မြို့နယ်၊ ထူးဆိပ်ကျေးရွာအနီး၊ ဘင်းနားချောင်းကမ်းဘေးနေရာ၌ တရားမဝင်ကံ့ကော်ခွဲသား (၂၁)ချောင်း (၁၂.၈၉၄၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၆-၁၀-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ အင်းတကော်-ကဝကားလမ်း၊ မိုင်တိုင်အမှတ်(၅/၇)နှင့် (၆/၀)ကြား၊ ထုံးကြီးကျေးရွာအဝင်လယ်ကွင်းအတွင်း မော်တော်ယာဉ်အမှတ် (MDY 5L/5497) FORLAND (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၃၇၇)ချောင်း (၅.၁၄၁၆)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၃-၁၀-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတာဝန်ကျသစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်)ကားလမ်း၊ (၁၆)မိုင်စစ်ဆေးရေးစခန်း (အတက်)စင်နေရာ၌ မော်တော်ယာဉ်အမှတ် (MDY 6L/4661) HINO DUTRO (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်း/တမလန်း/ပိတောက်ခွဲသား/တယောပုံကြမ်း(၇၃)ချောင်း (၀.၇၆၉၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ဘာဝထိန်းသိမ်းရေးနယ်မြေများ၏ ဥယျာဉ်/ဘေးမဲ့တောအလိုက် ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေးလုပ်ငန်းအနေဖြင့် ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက် လျက်ရှိရာ သဘာဝထိန်းသိမ်းရေးနယ်မြေ (၉) ခု၏ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ငှက်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ဉီးစိုးမြင့် (တောအုပ်) ဦးဆောင်သော အဖွဲ့နှင့် ဦးကျော်ဇင်ထွန်း(တောအုပ်) တို့ ဦးဆောင်သောအဖွဲ့ (၂) ဖွဲ့ခွဲ၍ ဘေးမဲ့တောမှ ဝန်ထမ်း (၁၀) ဦးဖြင့် ရေပျော်ငှက်စာရင်းကောက်ယူခြင်းလုပ် ငန်းကိုဆောင်ရွက်ခဲ့ရာ ဒေသ ရင်းငှက် မျိုးစိတ် (၂၂) မျိုး၊ ဆောင်းခိုငှက်မျိုးစိတ် (၇) မျိုး၊ စုစုပေါင်းငှက်မျိုးစိတ် (၂၉) မျိုး၊ ငှက်ကောင်ရေ (၉၆၉) ကောင်မှတ်တမ်း တင်နိုင်ခဲ့ပါသည်။

သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ ဥယျာဉ်/ဘေးမဲ့တောအလိုက် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်ရေးလုပ်ငန်းအနေဖြင့် ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းလုပ်ငန်းကိုလစဉ်ဆောင်ရွက်လျက်ရှိရာ သဘာဝထိန်းသိမ်းရေးနယ်မြေ (၉) ခု၏ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ငှက်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။
ပိတောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ဦးအောင်ဇော်လင်း(တောအုပ်) ဦးဆောင်သည့်ဝန်ထမ်း(၄)ဦးဖြင့် စာရင်းကောက်ယူမှုအရ ဒေသရင်းငှက်မျိုးစိတ်(၁၂၂)မျိုး၊ ဆောင်းခိုငှက်မျိုး စိတ် (၃) မျိုး၊ ငှက်ကောင်ရေ (၁၈၂၁) ကောင်ကိုမှတ်တမ်းတင် နိုင်ခဲ့ပါသည်။

သစ်တောနည်းဥပဒေ (မူကြမ်း) အပေါ် အကျိုးသက်ဆိုင်သူများ၏ ဖြည့်စွက်အကြံပြု ချက်များအား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ပထမအကြိမ် ကျွမ်းကျင်သူစကားဝိုင်း အလုပ်ရုံ ဆွေးနွေးပွဲအား၊ တော်ဝင်နေပြည်တော်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်ေတာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။အခမ်းအနားသို့ ပြည်သူ့လွတ်တော်နှင့်အမျိုးသားလွှတ်တော်၊သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှကိုယ်စားလှယ်များ၊ဌာနဆိုင်ရာအသီးသီးမှကျွမ်းကျင်ပညာရှင်များ၊တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှပုဂ္ဂလိကလုပ်ငန်းရှင်များ၊ဒေသခံတိုင်းရင်းသားကိုယ်စား လှယ်များ၊အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ပြည်တွင်းပြည်ပအစိုးရမဟုတ်သောအဖွဲ့အစည်းအသီးသီး မှ ကိုယ်စားလှယ်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲအား ၇ - ၁၀ - ၂၀၁၉ ရက်နေ့နှင့် ၈ - ၁၀ - ၂၀၁၉ ရက်ေန့ထိ (၂) ရက်တာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

Pages