Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၂-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန တိုင်းစစ်ကြောင်းအဖွဲ့မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကလေးဝမြို့နယ်၊ မိုးကောင်းချောင်းနှင့် မြတောင်ချောင်းအနီးဝန်းကျင်မှ တရားမဝင် အင်ခွဲသား (၁၇၉)ချောင်း (၁၃.၉၄၁၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၀၈.၀၆၀၀)တန်၊ သစ်မာ(၄၈.၄၂၄၁)တန်၊ အခြား (၁၅၆.၆၉၂၀)တန်၊ စုစုပေါင်း(၃၁၃.၁၇၆၁)တန်၊ တရားခံ(၅၇)ဦး၊ ယာဉ်/ယန္တရား(၂၇)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂၀-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ ချောင်းစောက်ဘိနယ်၊ ချောင်းစောက်ကျေးရွာ၏ အရှေ့ မြောက်ဘက်(၄)မိုင်ခန့်အကွာ၊ နန်းဘရန်းချောင်းဘေး၊ ပင်လည်ဘူးမြို့နယ်နှင့် ကျွန်းလှမြို့နယ် နယ်စပ်မျဉ်းပေါ်မှ တရားမဝင် အင်သစ်လုံး/ခွဲသား (၁၈၆၂)လုံး/ချောင်း (၅၅.၄၅၇၆)တန်၊ သစ်စက်(၁)လုံးနှင့်ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ ဥယျာဉ်/ဘေးမဲ့တောအလိုက် ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေးလုပ်ငန်းအနေဖြင့် ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက် လျက်ရှိရာ သဘာဝထိန်းသိမ်းရေးနယ်မြေ (၉) ခု၏ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ငှက်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ ဝန်ထမ်းများသည် ငှက်မျိုးစိတ်စာရင်း ကောက်ယူခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ရာ ဌာနေငှက် (၅၈) မျိုး၊ ဆောင်းခိုငှက်(၄)မျိုး စုစုပေါင်း ငှက်မျိုးစိတ် (၆၂ ) မျိုး၊ ငှက်ကောင်ရေ (၅၂၃၅) ကောင် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ ဥယျာဉ်/ဘေးမဲ့တောအလိုက် ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေးလုပ်ငန်းအနေဖြင့် ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက် လျက်ရှိရာ သဘာဝထိန်းသိမ်းရေးနယ်မြေ (၉) ခု၏ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ငှက်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။
မိုးယွန်းကြီးအင်းဘေးမဲ့တော၌ ဒေါ်သင်းသင်းယု (အုပ်ချုပ်ရေးမှူး) ဦးဆောင်၍ ဘေးမဲ့ တောမှဝန်ထမ်း (၄) ဦးဖြင့် ငှက်စာရင်းကောက်ယူမှုအရ ဒေသရင်းငှက် (၆၉) မျိုး၊ ဆောင်းခိုငှက် (၈) မျိုး၊ စုစုပေါင်းငှက်မျိုးစိတ် (၇၇) မျိုး၊ ငှက်ကောင်ရေ (၇၄၁၅) ကောင် တွေ့ရှိမှတ်တမ်း တင်နိုင်ခဲ့ပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ သက္ကယ်ကျင်းရွာမြောက်ဘက် အောက်တောကြိုးဝိုင်း(၃၀၊ ၃၁)အတွင်းနေရာတို့၌ တရားမဝင်ကျွန်းသစ်(၈၂)လုံး (၁၄.၄၃၇၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၁၁-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးတို့ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ ချောင်းစောက်ကျေးရွာ၏ အရှေ့မြောက်ဘက် (၄)မိုင်ခန့် အကွာ နန့်ဘရန်ချောင်းဘေးနေရာ၌ JIENENG အင်ဂျင်(၁)လုံးပါ သစ်စက်နှင့် ဆက်စပ်ပစ္စည်းများ နှင့်အတူ တရားမဝင်အင်သစ်/ခွဲသား(၁၈၆၂)လုံး/ချောင်း (၅၅.၄၅၇၆)တန်အားဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ပထမအကြိမ်အစည်းအဝေးအား သစ်တော ဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ၁၇-၁၀-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် ဒေါက်တာဝါဝါမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ပင်စင်ဦးစီး ဌာနမှ အဖွင့်အမှာစကားပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် မြေအသုံးချမှုဆိုင်ရာနည်းပညာအကြံပေးအဖွဲ့ကို မြေအသုံး ချမှုစီမံအုပ်ချုပ်ရေးကိစ္စများ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် ဥပဒေနှင့် ပညာရပ်ဆိုင်ရာ အကြံဉာဏ်များပေးနိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မြေအသုံးချမှုဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ ကျယ်ပြန့်သော်လည်း မြေစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော ထီးရိပ်ဥပဒေဖြစ်သည့်အမျိုးသားမြေဥပဒေရေးဆွဲရေးနှင့် ဥပဒေများသဟဇာတဖြစ်စေရေးအတွက် အကြံဉာဏ်နည်းပညာပံ့ပိုးခြင်းအပါအဝင် အခြားဦးစားပေး ဆောင်ရွက်သင့်သော လုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် ပြောကြားပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၅၄.၅၀၀၀)တန်၊ သစ်မာ(၄၅.၃၃၂၆)တန်၊ အခြား (၁၄၂.၅၂၇၉)တန်၊ စုစုပေါင်း(၂၄၂.၃၆၀၅)တန်၊ တရားခံ(၃၃)ဦး၊ ယာဉ်/ယန္တရား(၂၉)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ နတ်စက်ဘိနယ်၊ နောင်းမနားကျေးရွာအရှေ့ ဘက်မှ တရားမဝင် အင်/တမလန်း သစ်လုံး/ခွဲသား/ဓါးရွေ (၉၃၃)လုံး/ချောင်း (၂၇.၆၆၅၀)တန်၊ သစ်စက်(၁)လုံးနှင့်ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

Pages