၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၇-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်းအကွက် အမှတ်(၉၄)၊ ဒေသအခေါ် ပိတောက်ကုန်း၊ မြို့ချောင်းရွာမှ ရေပိုလွှဲသွားလမ်းဘေးနှင့် ဒညင်းကုန်း ဘုန်းကြီးကျောင်း အရှေ့ဘက်(၁)ဖာလုံခန့်အကွာလယ်ကွင်းစပ်နေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ ခွဲသား (၁၁၁)ချောင်း (၅.၀၁၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၄-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာတာဝန်ခံအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြိုင်မြို့နယ်၊ ကုန်းဘလူကျေးရွာ၏အနောက်ဘက်(၄)ဖာလုံခန့်အကွာ၊ ထွန်းမြရတနာလမ်းမှ မော်တော်ယာဉ် အမှတ် (MDY 4B/3081) Toyota Dyna (၆)ဘီး(၁)စီးနှင့် ဆိုင်ကယ်အမှတ်AZB ယာယီ 95047 Dayang ယာဉ်(၁)စီးတို့ပေါ်မှ တရားမဝင် ပျဉ်းကတိုး/အင်ကြင်းခွဲသား(၆၇)ချောင်း (၃.၃၉၁၂) တန်အား တရားခံ(၂)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၇-၄-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မဘိမ်းမြို့နယ်၊ နမ့်မဲ့ကြိုးဝိုင်းအကွက်အမှတ်(၁၈)နေရာမှ တရားမဝင် ကျွန်းသစ်/ခွဲသားဆိုဒ်စုံ(၁၁၁)လုံး/ချောင်း (၂.၉၇၉၂)တန်၊ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၆-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ကြောင်ကျေးရွာ သနပ်ခါးမြိုင်ရပ်၊ ကြောင်ကျေးရွာ တောင်ဘက်ကိုးပင်ချောင်း၊ ကြောင်ချောင်းအနီး၊ အနောက်ရမန်းချောင်းနှင့် အနောက်ကြောင်ချောင်း အတွင်းနေရာတို့မှ တရားမဝင် ကျွန်း/အင်ကြင်းသစ်/ခွဲသား/ လုံးပတ်(၃)ပေအောက် ကျွန်းသစ် (၁၃၂)လုံး/ ချောင်း (၂၄.၁၇၄၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၃-၄-၂၀၂၀)ရက်နေ့မှ (၁၉-၄-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၂၁၀.၆၁၂၈)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၄-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများအဖွဲ့သည် အင်းတော်မြို့နယ်၊ မံမော်ကြိုးဝိုင်း(၄၇)အတွင်း တရားမဝင် ကျွန်းသစ်(၂၄)လုံး (၈.၅၈၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၄-၂၀၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဒကစ(လွိုင်ကော်)မှတပ်ဖွဲ့ဝင်များ၊ ခလရ(၁၃၄၊ ၁၃၅)မှတပ်ဖွဲ့ဝင်များ၊ ခမရ(၄၂၉)မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်ထွေအုပ်ရုံးမှအဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မယ်စဲ့မြို့နယ်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်း (၂)ကြိုးပြင်ကာကွယ်တောနေရာ၌ တရားမဝင် ကျွန်း/ပိတောက်သစ်/ခွဲသား(၁၅၄၈၁)လုံး/ချောင်း (၄၃၁.၅၄၈၄)တန်၊ သစ်ဖြတ်စက်(၃)စုံနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၄-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာတာဝန်ခံတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ ကြိုးပြင်(IX)၊ မိုင်းသာကြိုးဝိုင်း အကွက်အမှတ်(၄၃)နေရာ၌ တရားမဝင် ကျွန်းသစ်/လုံးပတ် ၃ပေအောက် ကျွန်းသစ်(၈၁)လုံး (၉.၇၅၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages