Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၈-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မူးယစ်တပ်ဖွဲ့စု(၈)အဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ မုံရွာ-ရေဦးလမ်း နှင့် မုံရွာ-ယာကြီး လမ်းဆုံ၊ မုံရွာမြို့အဝင်၊ တရားမဝင် ကုန်သွယ်မှုတားဆီးနှိမ်နင်းရေးအဖွဲ့ စုံစမ်းစစ်ဆေးရေးဂိတ်နေရာ၌ မော်တော်ယာဉ်အမှတ် (MDY 4M/6338) MITSUBISHI CANTER ခေါင်းနက်ပြာ (၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/အင်ကြင်း(၂၂၇)မှန်လည်/ကျည်းဘောင်/ကျည်းဘောင်ခွေ (၃.၃၁၂၈)တန်အား တရားခံ(၁)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၉-၁၀-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအနီးတွင် ဂျင်ဒေါင်း(၂၅)ကောင်အင်ဂျင် (၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့် အတူတရားမဝင်တောင်ဇီး/သံသေ/သဒီ/ငုသစ်(၁၁)လုံး(၃.၄၀၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၁၀-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သံတွဲမြို့နယ်၊ မြင်းစိုင်းမော်ကျေးရွာအနီး၊ သူဌေးချောင်းနံဘေးနေရာ၌ တရားမဝင်အောက်ချင်းစာ/ တောင်သရက်/ တောင်စစ်ကိုင်း/စကားဝါ/ငါးရစ်နီ/ကညင်ခွဲသား(၂၉)ချောင်း(၄.၀၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၁၀-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာအုပ်စု၊ ဝက်တိုးအိုင်ချောင်းအတွင်း၌ တရားမဝင်ပိတောက်ခွဲသား (၁၅)ချောင်း (၁.၈၆၂၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၈-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ မံမော်ကြိုးဝိုင်း(၅၀)အတွင်း တရားမဝင် ကျွန်း (၂၃၃)လုံး/ချောင်း (၁၄.၅၆၉၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ နောင်းမနားကျေးရွာ၏အရှေ့ဘက်(၂)မိုင်ခန့် အကွာမှ တရားမဝင် အင်/တမလန်း သစ်/ခွဲသား/ဓါးရွေ (၉၃၃)လုံး/ချောင်း/တုံး (၂၇.၆၆၅၀)တန်၊ ၂၅ကောင် ချန်ချိုင်း အင်ဂျင် (၁)လုံးပါသစ်စက် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

Regulatory Environment and Investment Case for Coastal Landscape Mangrove Restoration in Myanmar အလုပ်ရုံ ဆွေးနွေးပွဲအား ( ၉ - ၁၀ - ၂၀၁၉) ရက်နေ့၊ ( ၀၉ : ၀၀) နာရီတွင် နေပြည်တော် Park Royal Hotel ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)နှင့် အရာထမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရင်းနှီး မြှပ်နှံမှုကော်မတီ နှင့် Global Green Growth Institute (GGGI) မှ တာဝန်ရှိပုဂ္ဂိုလ်များတက် ရောက်ကြပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၉၇.၆၉၅၅)တန်၊ သစ်မာ(၆၅.၉၆၁၂)တန်၊ အခြား (၇၀.၇၇၆၀)တန်၊ စုစုပေါင်း(၃၃၄.၄၃၂၇)တန်၊ တရားခံ(၅၃)ဦး၊ ယာဉ်/ယန္တရား(၃၉)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၃-၁၀-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမရ(အရှေ့)ဘိနယ်၊ အမရပူရမြို့နယ်၊ စာတိုးကျေးရွာ၊ အရှေ့ဘက်(၂)မိုင်ခန့်အကွာ၊ ဒုဋ္ဌဝတီမြစ်ကမ်းဘေး၊ တောင်ကိုင်းချောင်ဆိပ် နေရာမှ တရားမဝင် ကျွန်းသစ်/ခွဲခြမ်း/ခွဲသား (၁၀၈)လုံး/ခြမ်း/ချောင်း (၄၄.၅၀၁၆)တန်၊ စက်လှေ(၁)စီးတို့ အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

Pages