Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၁-၁၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မန္တလေး-လားရှိုးကားလမ်းမကြီး မိုင်တိုင်အမှတ် (၁၆၇/၅)၏ အနောက်ဘက်(၄)မိုင်ခန့်အကွာ၊ နောင်ဖော့ကျေးရွာဘုန်းကြီးကျောင်းဝန်းအတွင်း ယာဉ် (၂)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား/တမလန်းဓါးရွေ (၁၆၈)တုံး/ချောင်း (၉.၈၃၅၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၁၂-၁၂-၂၀၁၉ ရက်နေ့ (ဝ၉:ဝ၀)နာရီအချိန်တွင် ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်ထိ) ပြန်လည်သုံးသပ်ရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်မှ အဖွင့်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ MRRP ဒုတိယ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံသစ်တောကျောင်း ကျောင်းအုပ်ကြီး၊ CFDTC မှော်ဘီကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူး(TNRP)၊ ပြည်နယ်/ တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(၅၄)ဦး တက်ရောက်ကြပါသည်….

သစ်တောနည်းဥပဒေ(မူကြမ်း)အား အကျိုးဆက်စပ်ပတ်သက်သူများသို့ ချပြအတည်ပြု ချက်ရယူခြင်းဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ၁၂-၁၂-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ၌ Grand Amara Hotel, နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

၅-၁၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခမရ(၅၆၉) ခြေမြန်တပ်ရင်း၊ ကျိုင်းတောင်းမြို့မှ ဒုတိယဗိုလ်မှူးကြီးသီဟဇော် ဦးစီးသော တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ နမ့်ပါမန်းကျေးရွာနှင့် ဝမ်တုံကျေးရွာကြားနေရာ၌ တရားမဝင်တမလန်း/ပိတောက်သစ်/ဓါးရွေ (၄၁၄)ချောင်း(၆၁.၇၁၃၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၁၂-၂၀၁၉ ရက်နေ့တွင် ခမရ(၆၀၁)၊ တပ်ရင်းမှ ဗိုလ်ကြီးစန်းယု ဦးစီးသော စစ်ကြောင်းအဖွဲ့သည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ကတော့တောင်ကြိုးပြင်ကာကွယ်တောအတွင်း၊ ဟန်ထက်-မံစီ-ဗန်းမော်ကားလမ်းမပေါ်တွင် မော်တော်ယာဉ်အမှတ် (KCN 1H/2908) တုန်ဖုန်း (အပြာရောင်) (၁၀)ဘီးယာဉ်နှင့် မော်တော်ယာဉ်အမှတ်(KCN 4C/1723) တုန်ဖုန်းအမျိုးအစား (၆)ဘီးယာဉ်တို့ပေါ်မှ တရားမဝင်ကညင်ခွဲသား (၉၁၄)ချောင်း (၂၀.၁၃၄၄)တန်အား တရားခံ(၅)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၊ မံစီမြို့နယ်သို့ လွှဲပြောင်းပေးအပ်လာပါသဖြင့် တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၁၂-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းတုန်းမြို့နယ်၊ မင်းတုန်းကြိုးဝိုင်းအကွက်အမှတ်(၂၊ ၃၊ ၄၊ ၆)အတွင်းနေရာများ၌ တရားမဝင်ကျွန်း/ပျဉ်းကတိုး/နှောခွဲသား(၁၀၃)ချောင်း (၁၀.၇၅၄၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၁၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ အေးသာယာ-ရွှေညောင်ကားလမ်းဘေးနေရာ၌ မော်တော်ယာဉ်အမှတ် (SHN 3K/3798) HINO TE(၆)ဘီး ခေါင်းစိမ်းယာဉ်ပေါ်မှ တရားမဝင် အင်သစ် (၃၆)လုံး (၆.၄၂၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၁၂-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စလင်းမြို့နယ်၊ စလင်း-စေတုတ္တရာကားလမ်း၊ မိုင်တိုင်အမှတ်(၂/၁)နှင့် (၂/၂)ကြားနေရာ၌ မော်တော်ယာဉ်အမှတ် (MGY 4G/5162) Super Custom ယာဉ်ပေါ်မှ တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ထောက်ကြံ့ခွဲသား(၁၁၇)ချောင်း (၀.၉၉၈၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages