၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ကျင်းပ လျက်ရှိပြီး “ဒေသခံပြည်သူ ဖွံ့ဖြိုးရေး ပညာပေးအစီအစဉ်” အရ အခြေခံပညာကျောင်းများနှင့် ဘုန်း တော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ များအား ဖိတ်ကြား၍ သစ်တောကဏ္ဍဆိုင်ရာ ပညာပေး အစီအစဉ်များ ကျင်းပပြုလုပ် လျက်ရှိပါသည်၊“ဒေသခံပြည်သူ ဖွံ့ဖြိုးရေး ပညာပေးအစီအစဉ်” အရ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့၌ တိုက်ကြီးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၁၄)ဦးနှင့် ကြီးကြပ်သူ ဆရာ/ ဆရာမ (၆)ဦး၊ စုစုပေါင်း(၁၂၀)ဦးတို့မှ လာရောက် လေ့လာခဲ့ကြပါသည်၊

၁၄-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ရွှေကျင်ကြိုးဝိုင်းအတွင်း တရားမဝင် ကညင် (၂၈)လုံး/ချောင်း (၆.၃၄၈၈)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၁၁-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ အင်းတပေါင်းကျေးရွာ၏အရှေ့ဘက်၊ ချင်းတွင်းမြစ်ဘေးမှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ (၂၂၅) (၉.၀၇၂၈)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၁၁-၆-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်နှင့် တောင်ငူခရိုင်၊ ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိများ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ဖြူးမြို့နယ် (စရဖ) အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်၊ (၁၀၄/၅) အနီးတွင် မော်တော်ယာဉ်အမှတ်(4F/7518) Nissan (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၆၀) ချောင်း (၃.၃၀၂၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၆-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စ.ရ.ဖတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပိန်းဇလုပ်မြို့၊ ကျွန်းကုန်း Toll Plaza အနီးတွင် မော်တော်ယာဉ်အမှတ်(8I/8973) (ခေါင်းဖြူ)(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်း/အခြားတံခါးချပ် များနှင့် ပရိဘောဂပစ္စည်းမျိုးစုံ(၂၇၃)မျိုး (၂.၉၈၂၈)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ဥယျာဉ်/ဘေးမဲ့တောများအတွင်း တောရိုင်းတိရစ္ဆာန်များ နေရင်းဒေသပြန်လည်တည်ထောင် ခြင်းလုပ်ငန်းစီမံချက်တင်ပြခြင်း အစည်းအဝေးကို (၁၄-၆-၂၀၁၉)ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန် ၌ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။အမှာစကားပြောကြားရာတွင် နိုင်ငံ၏ သဘာဝဂေဟစနစ်များနှင့် ယင်းတို့၏ ဇီဝမျိုးစုံ မျိုးကွဲများကို ပြန်လည်တိုးတက်ကောင်းမွန်လာစေရေး ထိရောက်သည့် စီမံအုပ်ချုပ်မှုများပြုလုပ် နိုင်ရန် သဘာဝထိန်းသိမ်းရေးနယ်မြေ (၁၉)ခုမှ ရေးဆွဲထားသည့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ရေး တင်ပြ ချက်များအပေါ် သုံးသပ်အကြံပြုဆွေးနွေးပေးစေလိုကြောင်း၊ ၂၀၂၁ မှ ၂၀၃၀ အထိကို “ဂေဟစနစ် ပြန်လည်တည်ထောင်ခြင်းဆယ်စုနှစ် (UN Decade on Ecosystem Restoration 2021−2030)” အဖြစ် ကုလသမဂ္ဂက သတ်မှတ်ကြေညာထားပြီး ဖြစ်ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း “တောရိုင်းတိရစ္ဆာန်များ အတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်းလုပ်ငန်းစီမံချက်”ကို ရေးဆွဲဆောင်ရွက်ခြင်းသည် UN Decade on Ecosystem Restoration 2021−2030 တွင် အချိန်ကိုက်ပါဝင်ဆောင်ရွက်မှုတစ်ခု ဖြစ်ကြောင်း၊

၁၀-၆-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများအဖွဲ့သည် စဉ့်ကူးမြို့နယ်၊ အောက်မတ္တရာကြိုးဝိုင်း အကွက်အမှတ်(၂၄)အတွင်းတရားမဝင်ပျဉ်းကတိုး/သစ်ယာ/အင်ကြင်း/အင်သစ်(၁၈)လုံး (၈.၅၅၂၀) တန်အားဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၁-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါကားလမ်း၊ မိုင်တိုင်အမှတ်(၆၄/၄)အနီးတွင် မော်တော်ယာဉ်အမှတ်(MDY 7C/3027) FAW (အနီရောင်) (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်း/ပျဉ်းကတိုး/အင်ကြင်းသစ်/ခွဲသား(၂၆)လုံး/ချောင်း (၃.၇၄၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက် ရှိပါသည်။

Pages