Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း၊ သစ်မျိုးသန့် ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ အခမ်းအနားကို (၂၀-၇-၂၀၁၈)ရက်နေ့၊ (၁၄:၃၀)နာရီအချိန် တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များချီးမြင့်ခဲ့ပါသည်။
အမျိုးသားမြေအသုံးချမှုကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်း စဉ်များ စုပေါင်းဖော်ထုတ်နိုင်ရေးအတွက် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁၈-၇-၂၀၁၈)ရက်နေ့ ၊ နံနက်(ဝ၉:ဝဝ)နာရီ၌ သစ်တောဦ:စီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူးသယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် ၍ အမှာစကား ပြောကြားပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာနတွင် လစ်လပ်လျက်ရှိသော(ကျပ် ၁၈၀ဝ၀ဝ-၂၀ဝ၀-၁၉၀ဝ၀ဝ)တောအုပ်ကြီး (၆၀)နေရာအတွက်လျှောက်လွှာများခေါ်ယူခြင်း
ကရင်ပြည်နယ် သစ်တောဦးစီးဌာန ဘားအံခရိုင်၊ ကော့ကရိတ်ခရိုင်နှင့် မြဝတီ ခရိုင်များအတွင်းရှိ ပုဂ္ဂလိကပိုင်ဆင်များအား မှတ်ပုံတင်သက်တမ်းတိုးမြှင့်ပေး ခြင်းကို နှစ်စဉ်လက်ခံဆောင်ရွက်ပေးလျှက်ရှိသော်လည်း အချို့သော ပုဂ္ဂလိကဆင် ပိုင်ရှင်များ သည် မိမိတို့ ဆင်များအား ပုံမှန်သက်တမ်းတိုးခြင်း ဆောင်ရွက်မှု မရှိသည်ကို စိစစ်တွေ့ရှိရပါသဖြင့် ဆင်ပိုင်ရှင်များမှ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်သစ်တောရုံးများသို့ ၁၅-၃-၂၀၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဆင်သက်တမ်းတိုး ဆောင်ရွက်ကြပါရန်နှင့် ယင်းသို့ ဆောင်ရွက်ခြင်း မရှိပါက သက်တမ်းလွန်ဆင်များအား ဆင်မှတ်ပုံတင်စာရင်းမှ ပယ်ဖျက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြေငြာအပ်ပါသည်။




