Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဖွင့်လှစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြု ဝါးအခြေခံ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဆင်းပွဲအခမ်းအနားကို ၁-၁၂-၂၀၁၇ ရက်နေ့၊ နေ့လည် (၃: ဝဝ) နာရီအချိန် တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)တွင်ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းအား နိုဝင်ဘာလ (၂၀) ရက်ကနေဒီဇင်ဘာလ (၁) ရက်နေ့ထိ (၁၂) ရက်တာကျင်းပခဲ့ပါသည်။
မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂနှင့်ပူးပေါင်း၍ သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ မိတ်ဖက်အဖြစ် ဆန္ဒအလျောက် သဘောတူညီချက် (EU FLEGT VPA) လုပ်ငန်းစဉ်အား ကြိုတင်ပြင်ဆင်သည့်အဆင့်မှ ပါဝင်ဆောင်ရွက်လျက်ရှိရာ အမျိုးသားအဆင့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့(MSG) အစိုးရကဏ္ဍ ကိုယ်စားလှယ်များအား FLEGT VPA ရှင်းလင်းဆွေးနွေးပွဲကို (၂၉-၁၁-၂၀၁၇)ရက်နေ့၊ နံနက်(ဝ၉:ဝဝ)နာရီအချိန်တွင် တော်ဝင်နေပြည်တော် ဟိုတယ်၊ နေပြည်တော်၌ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
(၁၀-၁၁-၂၀၁၇)ရက်နေ့ နံနက်(ဝ၉:၃၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများအား Xavier SORBA နှင့်အဖွဲ့များအားတွေ့ဆုံ၍ (Scale စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအပေါ် သစ်တောဦးစီးဌာနနှင့် သဘောထားမှတ်ချက်တောင်းခံခြင်း၊ စီမံကိန်း၏ အားနည်းချက်များအပေါ် ပူပေါင်းညှိနှိုင်းအကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများအား ဆွေးနွေးအဖြေရှင်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
(၇-၁၁-၂၀၁၇)ရက်နေ့ (၁၆:ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် မြန်မာနိုင်ငံ FAO ကိုယ်စားလှယ် Ms. Xiaojie Fan တို့တွေ့ဆုံ၍ သစ်တောဦးစီးဌာနနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့အကြား FLEGT-VPA လုပ်ငန်းစဉ်များပူးပေါင်းဆောင်ရွက်ရန် Government Cooperative Program on FLEGTဆိုင်ရာ သဘောတူညီချက်(Project Agreement) လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိ၇သည်။
(၇-၁၁-၂၀၁၇)ရက်နေ့ (၁၃:ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ အီတလီနိုင်ငံအခြေစိုက် Istituto Oikos ၏ Leonardo Gucli(Country Representative) ဦးဆောင်သည့်အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား လာရောက်တွေ့ဆုံ၍ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ရှိ Visitor Center နှင့် ဆက်စပ်ပစ္စည်းများအား စီမံခန့်ခွဲမှုဆိုင်ရာ သတောတူညီချက်နှင့် မြန်မာနိုင်ငံတွင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း၏ လုပ်ငန်းစီမံချက်(၂၀၁၇-၂၀၂၀) ၊ မကြုံဂလက် ဒေသခံပြည်သူအခြေပြုခရီးသွားလုပ်ငန်းစီမံကိန်း၊ မလေးဝက်ဝံမျိုးစိန်ထိန်းသိမ်းရေးလုပ်ငန်းစီမံကိန်း၊ Community Forestry လုပ်ငန်းများဆိုင်ရာ DAFNE စီမံကိန်းနှင့် လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်အား ကမ္ဘာ့အမွေအနှစ်အဖြစ် အမည်စာရင်းတင်သွင်းနိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်….
(၁၉-၁၂-၂၀၁၇)ရက်နေ့ ၌ အမရဟိုတယ်၊ နေပြည်တော်တွင် မြန်မာ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးရန်ပုံငွေတည်ထောင်နိုင်ရေး အကြံပြုအလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)ဦးဇော်မင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများနှင့် အခြားဆက်စပ်ဌာနများမှ အရာရှိများ၊ INGO/NGOs အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UN DP)မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။


