၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁-၆-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဆောမြို့နယ်၊ ကျောက်ထု-ဆောသွားကားလမ်း၊ မိုင်တိုင်အမှတ်(၉/၃)နှင့် (၉/၄)ကြား၊ ကားလမ်း၏ အနောက်ဘက်ချောင်းရိုးဘေးနေရာတွင် မော်တော်ယာဉ်အမှတ်(6B/8018) NISSAN Diesel (၁၀)ဘီး(အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၁၀၇) ချောင်း (၁၀.၈၂၆၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၆-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်မျာပါဝင်သောပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁/၀)အနီးနေရာ၌ မော်တော်ယာဉ်အမှတ် (3D/6692) ALPHARD (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းတံခါးချပ်(၁၀၅)ချပ် (၁.၇၀၇၀) တန် အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃၁-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ သစ်ထုတ်ရေးကားလမ်းဟောင်းဘေး၊ မလွှပင်ချောင်းဘေးနေရာ၌ တရားမဝင်ပျဉ်းကတိုး/သစ်ယာ/အင်ကြင်းသစ် (၂၅)လုံး (၉.၉၀၄)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၃၁-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ မကျီးဇင်ချောင်းဘေး၊ ပြန်တိုးချောင်းဝ၊ ကိုင်းသာချောင်းဝ၊ တံငါတောင်နေရာတို့မှ တရားမဝင်တောင်သရက်/ဘောင်ဆန့်ခွဲသား (၁၁၈)ချောင်း (၃၆.၂၈၂၄)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ ပြင်တဲကြိုးဝိုင်းအကွက်အမှတ်(၆၉)အတွင်း တရားမဝင်သစ်စက်ဆက်စပ်ပစ္စည်း များ၊ ဆိုင်ကယ်(၂)စီး၊ တရားမဝင်ကျွန်း/တမလန်း/အင်/ကညင်/ သတီ သစ်/ ခွဲသား(၂၉၃)လုံး/ ချောင်း(၁၂.၆၆၆၄)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ်၊ ကန့်ဘလူ-ရွာမကားလမ်း၊ မယ်ဇလီကုန်း ကျေးရွာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာနေရာ၌ မော်တော်ယာဉ်အမှတ်မပါ (6)ဘီး(ဖြူပြာကြား) ယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား (၂၃၃) ချောင်း (၇.၁၀၉၈)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

နိုင်ငံပိုင်နှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းများမှ ထွက်ရှိသည့် ကျွန်း/သစ်မာသစ်လုံး၊ ကျွန်း/သစ်မာတိုင်၊ ကျွန်း/သစ်မာမျောများကို ပြည်ပသို့အလုံးလိုက်တင်ပို့ခွင့်ပြုရန် တင်ပြလာသည့် ကိစ္စရပ်တစ်ခုချင်းစီအလိုက် ဌာန ဆိုင်ရာညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းလုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ/မရှိ (Case by Case basis)ဖြင့်စိစစ်၍ ခွင့်ပြုသွားမည်ဖြစ်ကြောင်းကြေညာခြင်း

အခြေခံသစ်တော စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း၊ REDD+ နှင့် ရာသီဉတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတမြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို ၃၁-၅-၂၀၁၉ ရက်နေ့၌ သစ်တောသုတေသနဌာန(ရေဆင်း)၊ စုဝေးခန်းမတွင်ကျင်းပခဲ့ပြီး သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းမှ သင်တန်းဆင်းပွဲ အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အရာရှိကြီးများ၊ သုတေသီများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပါသည်

Pages