၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

အခြေခံသစ်တော စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း၊ REDD+ နှင့် ရာသီဉတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာဗဟုသုတမြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို ၃၁-၅-၂၀၁၉ ရက်နေ့၌ သစ်တောသုတေသနဌာန(ရေဆင်း)၊ စုဝေးခန်းမတွင်ကျင်းပခဲ့ပြီး သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းမှ သင်တန်းဆင်းပွဲ အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အရာရှိကြီးများ၊ သုတေသီများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပါသည်

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂-၆-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆောမြို့နယ်၊ လှော်ကားကျေးရွာ၏ အရှေ့ဘက် (၄)ဖာလုံခန့်အကွာ၊ ရင့်ရဲချောင်းအတွင်းနေရာမှ တရားမဝင်ပျဉ်းကတိုး ခွဲသား (၇၆ချောင်း (၄.၂၄၅၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ချပ်သင်းဘေးမဲ့တော ဥယျာဉ်မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကောလင်းမြို့နယ်၊ တောင်ကြားကျေးရွာအနောက်တောင်ဘက်(၂)မိုင်ခန့်အကွာ၊ အင်တိုင်းတောစပ်အတွင်း မော်တော်ယာဉ်အမှတ်(1C/4460) NISSAN DIESEL (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင်တမလန်းခွဲသား (၃၀) ချောင်း (၉.၀၁၆၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၁-၅-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်-မိုးမိတ်လမ်းမိုင်တိုင်အမှတ်(၈/၀)အနီး ကျောက်ဖြူကျေးရွာ၏ အနီးပတ်ဝန်းကျင်တွင် တရားမဝင်သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်ကျွန်း/ပိတောက်/တမလန်း/ပျဉ်းကတိုး/အင်ကြင်း/ တမလန်းတယော ပုံလောင်း သစ်/ ခွဲသား(၃၉၇၈)လုံး/ချောင်း(၃၁.၇၇၂၆)တန်အား တရားခံ (၁)ဦနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၃၁-၅-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတာဝန်ကျ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်)ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅/၁)နေရာနှင့် မန္တလေး-ပြင်ဦးလွင် (အဆင်း) ကားလမ်း၊ မိုင်တိုင်အမှတ်(၁၆/၂)နေရာတို့၌ မော်တော်ယာဉ်အမှတ်(YGN 8I/8887) ရတနာထွန်း မှန်လုံယာဉ်နှင့် မော်တော်ယာဉ်အမှတ်(MDY 6D/1961)FUSO (၁၂)ဘီး(အဖြူရောင်) ယာဉ်တို့ပေါ်မှ တရားမဝင်ကျွန်း/ပိတောက်ခွဲသား (၃၈၉) ချောင်း (၄.၄၃၆၈)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၉-၅-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ တဲကုန်းကျေးရွာ၏ အရှေ့ဘက် (၂)မိုင်ခန့်အကွာနေရာတွင် တရားမဝင်ကျွန်း/ပျဉ်းကတိုး/သစ်ယာ/ထောက်ကြံ့/ရုံး/ပျဉ်းမ/ဖက်ဝန်း/ဇောင်းပလွေး/ဘင်္ဂ/ဖန်ခါး သစ်/ခွဲသား(၇၉၀)လုံး/ချောင်း(၄၃.၄၀၇၄)တန်၊ တရားမဝင်သစ်စက်နှင့် ဆက်စပ်ပစ္စည်းများဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

FDCCA Project
Request for Proposal Invitation Letters for " International Service Provider for Community-based Ecological Mangrove Restoration Training-CB EMR Training"and Request for Proposal Invitation Letters for " National Service Provider for " Research and Implementation of Community-based Ecological Mangrove Restoration"
https://themimu.info/calls-for-proposals

FDCCA Project
Request for Proposal Invitation Letters for " International Service Provider for Community-based Ecological Mangrove Restoration Training-CB EMR Training"and Request for Proposal Invitation Letters for " National Service Provider for " Research and Implementation of Community-based Ecological Mangrove Restoration"
https://themimu.info/calls-for-proposals

Pages