Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၆-၁၁-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၆၄/၁)နှင့် (၆၄/၂)ကြားနေရာ၌ မော်တော်ယာဉ် အမှတ် (YGN 1N/8398) MITSUBUSHI FUSO ယာဉ်ပေါ်မှ တရားမဝင်တောင်သရက်ခွဲသား(၆၅)ချောင်း (၇.၅၁၉၈)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၂၅-၁၁-၂၀၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများသည် ကော့ကရိတ်မြို့နယ်၊ ကိုးတိုင်-လှိုင်ကွယ်လမ်းခွဲနေရာ၌ မော်တော်ယာဉ် အမှတ် (BGO 1L/4039) ISUZU (၆)ဘီးအဖြူရောင်ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(YGN 6N/7765) NISSAN(၆)ဘီး(အစိမ်းရောင်)ယာဉ်များနှင့်အတူတရားမဝင်ပျဉ်းကတိုး/တောင်ပိန္နဲခွဲသား(၅၂၃)ချောင်း (၈.၅၆၅)တန် အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၂၇-၁၁-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခလရ(၄၂၉)တပ်ရင်းမှ ဗိုလ်မှူး ဇော်ဝင်းအောင် ဦးစီးသော တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်ကော်မြို့နယ်၊ ပွန်ချောင်းဘေးနေရာ၌ တရားမဝင် ကျွန်း/ပိတောက်/ပျဉ်းကတိုး/သစ်ယာသစ်/ခွဲသား (၁၄၈)လုံး/ချောင်း(၃၁.၇၁၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၇-၁၁-၂၀၁၉ ရက်နေ့ (၁၃:ဝဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်အား AFoCO RETC သင်တန်း ကျောင်းမှ Program Officer ဖြစ်သူ Mr Choi Ho မှ လာရောက်တွေ့ဆုံပြီး ၂၀၂၀ ခုနှစ်အတွင်း AFoCO RETC သင်တန်းကျောင်းဖွင့်လှစ်မည့်သင်တန်းများနှင့် သင်တန်းကျောင်းအနီး experimental forest တည်ထောင်မည့် အစီအစဉ်များ အစီရင်ခံခဲ့ပြီး၊ RETC သင်တန်း ကျောင်း လက်ခံတည်ထောင်သည့် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ပြီး သစ်တောဦးစီးဌာနမှ လိုအပ်သည့်အကူအညီများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၃-၁၁-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အနီးဝန်းကျင်နေရာများမှ တရားမဝင်ကညင်/အင်သစ် (၂၀၇)လုံး (၁၉၀.၅၂၆၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၂-၁၁-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖျာပုံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အောင်မင်းဂေါင်လမ်း၊ အမှတ်(၅၀၊ ၇၇)ခြံဝန်းအတွင်း တရားမဝင်ပျဉ်းကတိုး/တောင်သရက်ခွဲသား (၂၆၀)ချောင်း (၃၉.၉၈၂၂)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၂၄-၁၁-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ဗိုလ်ကြီးရန်ပိုင်ထွန်းပါ တပ်မတော်သားများ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ ကန်ကျင်းရွာ၊ အရှေ့မြောက်ဘက် တောင်ညိုကျောအတွင်း တရားမဝင် တောင်သရက် သစ်/ခွဲသား (၃၂)လုံး/ချောင်း (၃၅.၂၈၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၄၃.၃၅၀၉)တန်၊ သစ်မာ(၁၁၁.၄၈၃၉)တန်၊ အခြား (၅၅၆.၇၈၃၉)တန်၊ စုစုပေါင်း(၇၁၁.၆၁၈၇)တန်၊ တရားခံ(၆၀)ဦး၊ ယာဉ်/ယန္တရား(၄၇)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၁၈-၁၁-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျောက်ချွန်ဘိနယ်၊ ပေါက်နက်ကျင်းရွာ၊ လင်းချောင်းတောင်ကျောနေရာ မှ တရားမဝင် တောင်သရက်သစ်လုံး (၁၃၀)လုံး (၁၁၅.၃၀၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါကြောင်း။

Pages