Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၉.၉၆၁၀)တန်၊ သစ်မာ (၁၆.၇၁၅၀)တန်၊ အခြား (၇၀.၃၂၉၂)တန်၊ စုစုပေါင်း (၉၇.၀၀၅၂)တန်၊ ယာဉ်/ ယန္တရား (၃)စီး၊ တရားခံ (၇)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၁-၃-၂၀၂၄ ရက်နေ့၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ တပ်ကုန်းမြို့အနောက်မြောက်ဘက်၊ ယာခင်းအစပ် နေရာမှ တရားမဝင် ကညင်/စကားဝါ/သစ်ယား သစ်လုံး/ခွဲသား/ခွဲခြမ်း စုစုပေါင်း (၂၂)လုံး/ချောင်း/ခြမ်း (၁၂.၂၉၁၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

၁၅-၃-၂၀၂၄ ရက်နေ့၊ နေ့လည် (၁၃:၃၀) အချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်သောမြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ သတ္တမအအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြေအသုံးချမှုဆိုင်ရာနည်းပညာအကြံပေးအဖွဲ့၊ အတွင်းရေးမှူးက ဆဌမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအား ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အမျိုးသားမြေအသုံးချမှုကောင်စီ၊ ပဉ္စမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များအား ရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာအသီးသီးမှအရာရှိကြီးများ၊ တပ်မတော်အရာရှိ ကြီးများက မိမိတို့အခန်းကဏ္ဍအလိုက် လုပ်ငန်းပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆွေးနွေးတင်ပြချက်များအပေါ် တက်ရောက်လာသည့် ဦးစီးဌာနအသီးသီးမှ အရာရှိကြီးများ၊ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ မြေအသုံးချမှုဆိုင်ရာနည်းပညာအကြံပေးအဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးစီးဌာနအသီးသီးမှ အရာရှိကြီးများ၊ အထူးဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ၊ နည်းပညာရှင်များနှင့် သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

(၁၅-၃-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် “သစ်တောများအားမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်အတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောများ တည်ထောင်ခြင်းစီမံကိန်း”၏ “သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း စာအုပ်မိတ်ဆက်ပွဲနှင့်သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဆိုင်ရာ ဆွေးနွေးပွဲကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့် အမှာစကားပြောကြားသည်။ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ လူဦးရေ၏ ၈၀% ခန့်သည် ကျေးလက်တွင်နေထိုင်ပြီး သဘာဝသစ်တော သယံဇာတများအပေါ် မှီခိုနေကြရသဖြင့် တစ်ရွာ (၂)ဧက ကျေးထင်းစိုက်ခင်းများ၊ အစုအဖွဲ့ပိုင်သစ်တော များတည်ထောင်ခြင်းနှင့်သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းစသည့်လုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန် အသိပညာပေးခြင်း၊ နမူနာပြ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနည်းစနစ်များ ဖော်ထုတ်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ ယခုမိတ်ဆက်မည့် သီးနှံသစ်တောရောနှောစိုက်ပျိုး ခြင်းစာအုပ်သည် သစ်ပင်သစ်တောများနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ထည့်သွင်းဆောင်ရွက်နိုင်မှု၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း နည်းစနစ်များနှင့် ထည့်သွင်းစိုက်ပျိုးသင့်သည့် အပင်များအပါအဝင် ၎င်းတို့၏ ဝိသေသလက္ခဏာများ ရှင်းလင်းစွာဖော်ပြထားသဖြင့် အကြံပြုချက်များရှိပါက တင်ပြပေးစေလိုကြောင်း၊ တက်ရောက်လာသူများမှ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဆိုင်ရာ အတွေ့အကြုံများဖလှယ်ရင်း ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)၊ ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ စီမံကိန်းများမှ တာဝန်ရှိသူများတက်ရောက်ကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော်ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ အတွင်းမှ (၄-၃-၂၀၂၄)ရက်နေ့မှ (၁၀-၃-၂၀၂၄) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၈.၅၂၇၈) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၄.၁၆၃၀)တန်၊ သစ်မာ (၂၄.၅၄၇၃)တန်၊ အခြား (၁၁၄.၂၃၅၁)တန်၊ စုစုပေါင်း (၁၆၂.၉၄၅၄)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၃-၂၀၂၄ ရက်နေ့၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းဘိနယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အရှေ့ တောင်ဘက် (၁)မိုင်ခန့်အကွာ နေရာနှင့် လယ်ကွင်းစပ်နေရာ/ မြန်မာ့သစ်လုပ်ငန်း သစ်တိုက်လမ်းကြောင်းဘေး/ လှည်းကန်ယာယီသစ်ဆိပ်အနီး/ သကြားစင်းအိုးကျေး ရွာ အရှေ့ဘက် (၁)မိုင်ခန့်အကွာ နေရာတို့မှ တရားမဝင် သစ်ယား/ မျောက်ငို/ စကားဝါ/ ကညင် သစ်လုံး/ ခွဲသား/ ခွဲခြမ်း စုစုပေါင်း (၁၁၁)လုံး/ ချောင်း/ ခြမ်း (၄၁.၂၁၀၄)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

(၁၂-၃-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် “သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်နိုင်ရေး စွမ်းဆောင်ရည် မြှင့်တင်ခြင်းစီမံကိန်း”ဆိုင်ရာ အစည်းအဝေးကို သစ်တော ဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးကျော်ဇေယျ၊ သစ်တောဦးစီးဌာနမှ စီမံကိန်း ဆိုင်ရာတာဝန်ရှိသူများ၊ ဂျပန်နိုင်ငံမှ တာဝန်ရှိသူများနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဂျပန်နိုင်ငံမှ ပညာရှင်များမှ အင်းလေးကန်ရေဝေရေလဲဒေသရှိ မြစ်ချောင်းများ စောင့်ကြည့်လေ့လာခြင်း၊ နုန်းအနည်ကျမှု ထိန်းချုပ်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်း လုပ်ငန်းကိစ္စများရှင်းလင်းတင်ပြခြင်း၊ စီမံကိန်းလုပ်ငန်းစဉ် များမှ ကျွမ်းကျင်ပညာရှင်များက ချောက်ပုံစံ မြေပြိုတိုက်စားမှု ထိန်းချုပ်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး တက်ရောက် လာသူများမှ သိရှိလိုသည်များ မေးမြန်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

သစ်တောဦးစီးဌာနနှင့် Mekong–Lancang Cooperation တို့ပူးပေါင်း၍ “ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော ဖွံ့ဖြိုးတိုးတက်စေရေး ပြည်သူတို့၏အသက်မွေးဝမ်း ကျောင်းမြှင့်တင်စေရန်အတွက် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနည်းစနစ်ဖွံ့ဖြိုးစေခြင်း စီမံကိန်း" (FD-MLC)” ကို စီမံကိန်း ဧရိယာ (၃) ခုတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ (၂) နှစ်၊ (၆) လ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းဧရိယာ (၃) ခုမှာ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီး မြို့နယ်တို့ဖြစ်ပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားကို (၁၁-၃-၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃၉)၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးကျော်ဇေယျ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) သစ်တောဦးစီးဌာနမှ အဖွင့်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ အရာထမ်းအမှုထမ်းများ တက်‌ရောက်ခဲ့ကြပြီး ဦးစောဗဟိဏ်း ညွှန်ကြားရေးမှူး(စီမံခန့်ခွဲရေး)မှ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာအချက်အလက်များ၊ စစ်မှုထမ်းခြင်းဆိုင်ရာအသိပညာများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည့်အချက်အလက် များကိုရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

Pages