၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၀၂၅ ခုနှစ်၊ မတ်လ(၂၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ သီရိဟံသာခန်းမတွင် နံနက် (၀၈:၀၀)နာရီ ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးကြီးကြပ်ရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၁၇၉)ဦး တက်ရောက်ခဲ့ကြပါသည်။
- အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းအား ပြသခြင်း၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ပိုစတာများ ခင်းကျင်းပြသခြင်းနှင့် တက်ရောက်လာသူများမှ လေ့လာကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

အပြည်ပြည်ဆိုင်သစ်တောများနေ့အထိမ်းအမှတ် အခမ်းအနားကို မတ်လ (၂၁)ရက်နေ့၊ (၀၈:၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်း၊ သစ်တောဝန်း အတွင်းရှိ ကျွန်းရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ သယံဇာတရေးရာဝန်ကြီး၊တိုင်းဒေသကြီးအဆင့် ဆက်စပ်ဌာန ဆိုင်ရာများ၊ သစ်အခြေခံစက်မှုလက်မှုလုပ်ငန်းရှင်များ၊ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များ၊ သစ်တောဝန်ထမ်းများ စုစုပေါင်းအင်အား (၁၉၅)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အပြည်ပြည် ဆိုင်သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ရခြင်းနှင်ပတ်သက်၍ရှင်းလင်းပြောကြားပြီး အပြည်အပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အဖြစ် မှတ်တမ်းဗီဒီယိုပြသရာ တာဝန်ရှိသူ များကကြည့်ရှုခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ သစ်အခြေခံစက်မှုလက်မှု လုပ်ငန်းရှင်များ၊ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များကအပြည်အပြည် ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ်အဖြစ် ပြသထားသောပိုစတာများကို လှည့်လည်ကြည့်ရှု‌လေ့လာကြရာ သစ်တောဦးစီးဌာန၊ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်းသိရှိရပါသည်။

ချင်းပြည်နယ် ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားကို ၂၁-၃-၂၀၂၅ ရက်နေ့ ၀၉:၀၀ အချိန်တွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့ဝင်များ စုစုပေါင်း (၇၂)ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်နယ်အစိုးရဝန်ကြီးချုပ်က အဖွင့် အမှာစကား ပြောကြားပါသည်၊ ဆက်လက်၍ ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် video clip ကို ပြသခဲ့ပြီးနောက်အခမ်းအနားပြီးစီးခဲ့ပါကြောင်းသိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားအား နေပြည်တော်ကောင်စီ ဇဗ္မူသီရိခန်းမ၊ နေပြည်တော်တွင် ၂၁.၃.၂၀၂၅ ရက်နေ့ (၀၂:၀၀)အချိန်တွင် ကျင်းပခဲ့ရာနေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး နှင့် နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့် နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုစုပေါင်းအင်အား (၂၀၅)ဦးဖြင့်ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဌမှ မိန့်ခွန်းပြောကြားခြင်း၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ video clip ပြသခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌနှင့်တကွ တက်ရောက်လာ သည့် ဧည့်သည်တော်ကြီးများမှ ခင်းကျင်းပြသထားသည့် ပိုစတာများအား လှည့်လှည်ကြည့်ရှုရာ နေပြည်တော်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးမှ မေးမြန်းသည်များကို ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနကကြီးမှူး၍ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားကို (၂၁.၃.၂၀၂၅) ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် စစ်ကို်င်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးက အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အကြောင်း ရှင်းလင်းတင်ပြခြင်း၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် Video Clip ပြသခြင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့သော မုံရွာစီးပွားရေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ မုံရွာဂေါက်ကလပ် တာဝန်ခံတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းတို့ဆောင်ရွက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ခင်းကျင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ပိုစတာများကို လှည့်လည်ကြည့်ရှုပါသည်။ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကိုနေ့လည်(၁၄:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကို (၂၁.၃.၂၀၂၅) ရက်နေ့၊ (နံနက် ၉:၃၀) နာရီတွင်မကွေးမြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ Video Clip ပြသခြင်းဆောင်ရွက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကခင်းကျင်းပြသထားသည် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ ပိုစတာများကို လှည့်လည်ကြည့်ရှုပါသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ မကွေးတိုင်း ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၂၈၀)ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားအား ကယားပြည်နယ်ခန်းမ၊ လွိုင်ကော်မြို့တွင် ၂၁.၃.၂၀၂၅ ရက် (၁၀:၃၀)အချိန်တွင် ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒ.က.စမှူး၊ တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များပါဝင်သည့် စုပေါင်းအင်အား (၁၅၉)ဦးဖြင့်ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် ကယားပြည်နယ်ဝန်ကြီးချုပ်မှ မိန့်ခွန်းပြောကြားခြင်း၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ video clip ပြသခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်တကွတက်ရောက်လာသည့် ဧည့်သည်တော်ကြီးများမှ ခင်းကျင်းပြသထားသည့် ပိုစတာများအား လှည့်လှည်ကြည့်ရှုရာ ကယားပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးမှ မေးမြန်းသည်များကို ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင်ကျရောက်သည့်အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် မနက် (၀၉:၀၀)နာရီမှ (၀၉:၄၅)နာရီအချိန်အထိကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်များမှ သစ်တောဝန်ထမ်းများ စုစုပေါင်း ၁၅၀ ဦးခန့်မှတက်ရောက်ခဲ့ပါကြောင်း၊ အခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ဂုဏ်ပြုအမှာစကားမြွက်ကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန့်ဇော်ဦးမှ သစ်တောသစ်ပင်များနှင့် လူသားတို့၏ ကျန်းမာရေးခေါင်းစဉ်ဖြင့်တင်ပြဆွေးနွေးခြင်း၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ဗွီဒီယိုပြသခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

Pages