၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာ၊ ကိုဆူဘုရားကြီး၌ (၂၉.၄.၂၀၂၆) ရက်နေ့၊နံနက်(၀၉:၀၀)အချိန်တွင်“သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး (၁)ဦး၊ ကျေးရွာတောင်သူကြီးများကျား(၄၉)ဦး၊မ(၃၀)ဦး စုစုပေါင်း(၈၀)ဦး၊ ကွမ်းခြံကုန်း မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးချမ်းမြေ့ကျော်ပါ သစ်တောဝန်ထမ်း(၄)ဦး၊စုစုပေါင်း(၈၄)ဦး တက် ရောက်ခဲ့ပါသည်။ ဆွေးနွေး‌ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ်သစ်တောဦးစီးဌာန တောအုပ် ဦးချမ်မြေ့ကျော်က သစ်တောများကပေးစွမ်းနိုင်သောအကျိုးကျေးဇူးများ ၊ သစ်တောဖုံးလွှမ်းမှုပြောင်းလဲ လာခြင်းနှင့်ပြောင်းလဲမှု၏ အကြောင်းရင်းများ၊ သစ်တောများပြန်လည် တည်ထောင်ရေးစီမံကိန်းလုပ်ငန်း များ အကြောင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်စေသည့် တောမီး‌လောင်ကျွမ်းမှုဆိုင်ရာအကြောင်းများ၊ ရိုးပြတ်များ ၊အမှိုက်များ မီးရှို့၍ ဖြစ်ပေါ်လာသည့်လေထုညစ်ညမ်းမှုများကြောင့် အပင်များရှင်သန်မှုလျော့ နည်းလာခြင်း၊ စပါးအထွက်နှုန်းကျဆင်းလာခြင်းအကြောင်းများ၊ Fire Hotspots များအကြောင်း၊ ရိုးပြတ်များ၊ အမှိုက်များ မီးမရှို့ဘဲ သဘာဝမြေဩဇာပြုလုပ်ခြင်း၊ ရိုးပြတ်များ ထိမ်းချုပ်စနစ်ဖြင့် မီးရှို့ခြင်း၊ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တောထိန်းသိမ်းရေး၊ သီးနှံ သစ်တောရောနှောစိုက်ပျိုးရေး ၊မီးဘေး လုံခြုံရေးဆိုင်ရာများ ဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အိုးဘိုရပ်ကွက်၊ ဦးထားဓမ္မာရုံတွင်(၂၉.၄.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်“သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ ဒေသခံပြည်သူ(၆၇)ဦး၊ မြို့နယ် သစ်တောဝန်ထမ်း(၁၁)ဦး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဝန်ထမ်း(၃)ဦး၊ စုစုပေါင်း (၈၁) ဦးတက်ရောက်ခဲ့ပါသည်။ဆွေးနွေး‌ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးရဲထက်အောင်-၁ မှ သစ်တောသစ်ပင်များ၏ အရေးပါမှု အကြောင်းအရင်းများနှင့်အကျိုးကျေးဇူးများ၊ သစ်တောဖုံးလွှမ်းမှုအခြေအနေ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသော သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သောနိုင်သော သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ၊ တောမီးလောင်ကျွမ်းမှုအခြေခံ အကြောင်းအရင်းများနှင့် ကာကွယ်ထိန်းသိမ်းရေး နည်းလမ်းများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်သူဇာဦးမှ မီးခိုးမြူငွေ့ဖြစ်ပေါ်ရမှု အခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့ များကြောင့်လေထုညစ်ညမ်းမှု၏ဆိုးကျိုးများကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါကြောင်းနှင့် ဒေသခံပြည်သူများမှ မေးမြန်းသောမေးခွန်းများဖြေကြားခြင်း၊ လက်ကမ်းစာဆောင် များဖြန့်ဝေခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၂၉.၄.၂၀၂၆)ရက်နေ့(၁၀းဝဝ)နာရီအချိန်တွင်သစ်တောထိန်းသိမ်းရေး၊ တောမီကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအားသထုံမြို့နယ်၊ထောင်မှူးကျေးရွာရှိဝါးပါးသစ်‌တောပျိုးဥယျာဥ်ရှင်းလင်း‌ဆောင်၌ကျင်းပပြုလုပ်ရာဟောပြောပွဲသို့ထောင်မှူးကျေးရွာမှကျေးရွာသား(၂၀)ဦး၊ ကျေးရွာသူ(၃၀)ဦး၊ သစ်တောဝန်ထမ်း(၅)ဦးစုစု‌ပေါင်း(၅၅)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင်သထုံမြို့နယ်သစ်တောဦးစီးဌာန၊တောအုပ်ကြီး ဦးကျော်စိုးဟန်မှ"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးအကြောင်းများဟော ပြောခဲ့ပြီးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

၂၈.၄.၂၀၂၆ ရက်နေ့၊ ၁၅း၀၀နာရီအချိန်၊ သံဖြူဇရပ်မြို့နယ်၊ သစ်တောဦးစီးဌာနမှသံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ကျုံကဒတ်ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့်ကျေးရွာသား/သူ ကျား ၂၈ ဦး၊ မ၂၀ ဦး၊ သံဖြူဇရပ်မြို့နယ် သစ်တောဝန်ထမ်း ၄ဦး၊ စုစုပေါင်း ၅၂ ဦး တက်ရောက်ခဲ့ကြပြီး သံဖြူဇရပ်မြို့နယ်၊ သစ်တောဦးစီးဌာနမှူး ဦးဝင်းဗိုလ်ဦးမှ သစ်တောထိန်းသိမ်းကာကွယ်ရေး တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေး ခေါင်းစဥ်ဖြင့် ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ သည်။

တောင်ငူမြို့နယ်၊သစ်တောဦးစီးဌာနမှ မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိ‌ပညာပေးဟောပြောပွဲ အား(၂၈.၄.၂၀၂၆)ရက်နေ့(၀၈:၀၀)နာရီအချိန်၌ ကင်းဆိပ်ကျေးရွာတွင်ကျင်းပဆောင်ရွက်ခဲ့ပြီး ကင်းဆိပ်ကျေးရွာမှ‌ကျေးရွာနေ ပြည်သူ(၃၂)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင်တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှတောအုပ်ကြီးဦးစိုးမိုးနိုင်မှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေး အကြောင်းအရာများကိုဟောပြောပို့ချခဲ့ပြီး တက်ရောက်လာသူများမှသိရှိလိုသည်များကို ရှင်း‌လင်းပြောကြားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်သစ်တောဦးစီးဌာနမှ(၂၈-၄-၂၀၂၆)ရက် နေ့ (၀၉:၃၀)နာရီအချိန်တွင်ညောင်ဦးမြို့၊‌ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အနော်ရထာခန်းမ၌ သစ်တောပြုစု ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကျင်းပရာ ဌာနဆိုင်ရာမှဝန်ထမ်းများ၊ ကုန်းတန်းကြီးကျေးရွာ၊ကျောက်စစ်ကန်ကျေးရွာ၊မြေနဲလေးကျေးရွာမှ ပြည်သူများ၊ သစ်တောဝန်ထမ်းများ စုစုပေါင်း(၇၀)ဦးတက်ရောက်ပါသည်။ အခမ်းအနားတွင် ညောင်ဦးမြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး၊ ဦးစီးအရာရှိ ဦးသန့်ဇင်_၆ မှ သစ်တောသစ်ပင်များမှ ရရှိသည့်အကျိုးကျေးဇူးများ၊ သစ်တောပြုန်းတီး ခြင်း အကြောင်းအရင်းများ၊ သစ်တောပြုန်းတီးခြင်းကြောင့် ခံစားရမည့်ဆိုးကျိုးများ၊ သစ်တောသစ်ပင် ထိန်းသိမ်းရေးနှင့် သစ်တောများမီးလောင်မှုမရှိစေရန် ဆောင်ရွက်ရမည့်အချက်များ၊ မီးခိုးမြူငွေ့ လျော့ချ ရေးဆိုင်ရာဗဟုသုတများနှင့် သစ်ပင်စိုက်ပျိုး ရေး၊သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး ဟောပြောခဲ့ပါသည်။

(၂၈.၄.၂၀၂၆)ရက်နေ့၊နံနက်(၀၉:ဝ၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြင်းလှည်းကုန်း(အ.မ.က)ကျောင်းဝန်းတွင် ရေကြည်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးလေးအောင်မှသစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကိုကျင်းပဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း(၃)ဦး၊ အမှတ်(၁)ရပ်ကွက် ကျေးရွာသား (၃၁)ဦး၊ကျေးရွာသူ(၁၇)ဦး၊စုစုပေါင်း (၅၁)ဦးတက်ရောက်ခဲ့ပါသည်။(ကျား - ၃၄ဦး၊မ - ၁၇ဦး)အဆိုပါ အခမ်းအနားတွင် တောအုပ်ဦးလေးအောင်မှ မီးခိုးမြူငွေ့ အန္တရာယ်နှင့်မီးခိုးမြူငွေ့ လျှော့ချရေးလုပ်ငန်းများ၊ တောမီးထိန်းသိမ်းကာကွယ်ရေးနှင့် Fire Hotsopt ဖြစ်ပေါ်မှု အခြေအနေများ၊ရေကြည်မြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် သစ်တောလုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၂၈-၄-၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီ၌ ထားဝယ်မြို့နယ်၊ပုလုကုန်းကျေးရွာရှိ ရာဘာသစ်ပါးလွှာစက်ရုံ၌ ကျင်းပဆောင်ရွက်ခဲ့ရာ စက်ရုံဝန်ထမ်းများ ကျား(၆)ဦး၊မ(၃၀)ဦး၊ စုစုပေါင်း (၃၆)ဦးတက်ရောက်ခဲ့ကြပါသည်။ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးရဲဝင်းအောင်မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး ခေါင်းစဉ်ဖြင့် အကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများမှ သိရှိလိုသည်များကိုဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ ပြန်လည်ဖြေကြားခဲ့ပါကြောင်းနှင့် တက်ရောက်သူများအားအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိသည်။

Pages