၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀) အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ"သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို ( ၂၃.၅.၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၀:၀၀)နာရီအချိန်တွင် ရေတာရှည်မြို့နယ်၊အမှတ်(၆)ရပ်ကွက်၊ ရွှေဝက်တိုးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ကျင်းပဆောင်ရွက်ခဲ့ရာ အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ ကျား(၁၆)ဦး၊ မ(၂၈)ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊ စုစုပေါင်း (၄၈)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တောအုပ်ကြီး ဦးဇော်လင်းနိုင်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိန်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲအား (၂၂.၅.၂၀၂၆) ရက်နေ့၊ နံနက်(၀၈း၄၅)အချိန် မင်းလှမြို့နယ်၊ထောက်ကြံ့ကွင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံကျေးရွာမှ ‌ကျား(၂၉)ဦး၊ မ (၃၃)ဦး၊ သစ်​တောဦးစီးဌာနမှ ၀န်ထမ်း(၃)ဦး၊ မီးသတ်ဦးစီးဌာနမှမီးသတ်ဝန်ထမ်း(၃)ဦးစုစုပေါင်း (၆၈)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ​တောအုပ်ကြီး ဦး‌စိုးသန်းမြင့်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်းနှင့်​မီးသတ်ဦးစီးဌာနမှူးဦးဝင်းနိုင်ဦးမှမီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်း၊တောအုပ် ဦး​နေလင်းအောင်မှတရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာများ ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် သစ်တောဦးစီးဌာန မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ် (၂၁.၅.၂၀၂၆)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ပလန(၄)သဇင်မြိုင်ကျေးရွာ စာကြည့်တိုက်ခန်းမ၌ သစ်တောမြေပြင်ပတွင်စိုက်ပျိုးထားသောကျွန်းနှင့်သစ်မာပင်များမှတ်ပုံတင်ပြုလုပ်နိုင်ရေး /သစ်တောထိမ်းသိမ်းရေး/ တောမီးကာကွယ်ရေး/ရေချွေတာသုံးစွဲရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအား တောအုပ်ကြီးဦးအုန်းကိုကိုဝင်းမှ ဦးဆောင်ဟောပြောခဲ့ရာ ဒေသခံပြည်သူ ကျား(၂၅)ဦး မ(၂၈)ဦး စုစုပေါင်းအင်အား(၅၃)ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

‌ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊တောင်ငူမြို့နယ်၊သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ "မီးခိုး/မြူငွေ့လျှော့ချရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး၊တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိ‌ပညာပေးဟောပြောပွဲ"အခမ်းအနားအား(၂၁.၅.၂၀၂၆)ရက်နေ့(၁၂:၀၀)နာရီအချိန်၌ ကေတုမတီမြို့သစ်၊ဓမ္မာရုံတွင်ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၂)ဦး၊ရပ်ကွက်အုပ်ချုပ်ရေးမှူး/ရာအိမ်မှူ:(၂)ဦး၊‌ဒေသခံပြည်သူကျား(၁၄)ဦး၊မ(၅၂)ဦး စုစုပေါင်း(၇၀)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင်တောင်ငူမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှတောအုပ်ကြီးဦးလှဝင်းအောင်မှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးအကြောင်းအရာများကိုဟောပြောပို့ချခဲ့ပြီး တက်ရောက်လာသူများမှသိရှိလိုသည်များကို ရှင်း‌လင်းပြောကြားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ"မီးခိုးမြူငွေလျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ""အခမ်းအနားကို ( ၁၉.၅.၂၀၂၆ )ရက်နေ့ ၊နံနက်( ၉:၀၀)နာရီအချိန်တွင် တောင်ငူမြို့နယ်၊ ကင်းဆိပ်ကျေးရွာအုပ်စု၊ ကင်းဆိပ်ကျေးရွာ၊ရွာလည်ဆွမ်းလောင်းရုံတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ ကျား(၂၆)ဦး၊ မ(၃ )ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၃၂)ဦးတက်ရောက်ခဲ့ကြပါသည်။အဆိုပါအခမ်းအနားတွင် တောအုပ်ကြီးဦးစိုးမိုးနိုင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏အရေးပါမှုနှင့်သစ်တောထိန်းသိမ်းရေးနည်းလမ်းများ၊ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ တောမီးကာကွယ်ရေးနည်းလမ်းများနှင့် တောမီးကြောင့် ဖြစ်ပေါ်လာရသည့် မီးခိုးမြူငွေ့ ၏ ဆိုးကျိုးများနှင့် လျှော့ချရေးနည်းလမ်းများ ကိုအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့‌ေကြာင်း သတင်းရရှိသည်။

တနင်္သာရီမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊ ရေချွေတာရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၂၁-၅-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၃၀)နာရီအချိန်၌ တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာန၊မြို့နယ်ဦးစီးဌာနမှူးရုံးခန်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးပါ ဝန်ထမ်း(၂)ဦး၊ချောင်းကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်‌ရပ်မိရပ်ဖများ၊ ‌ရပ်ကွက်သူ/ရပ်ကွက်သား(၃၄)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၆)ဦး၊ပေါင်း ကျား(၃၁)ဦး၊မ(၁၁)ဦး၊ စုစုပေါင်း(၄၂)ဦးတက်ရောက်ခဲ့ကြပါသည်။ ဟောပြောပွဲတွင် တနင်္သာရီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖိလစ်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးသစ်တောဦးစီးဌာန၊ တောအုပ် ဦးဇေယျာမိုးမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးခေါင်းစဉ်အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တောအုပ် ဦးမောင်မောင်ကျော်မှ ရေချွေတာရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းခြင်းအပေါ် ပြန်လည်ဖြေကြားခဲ့ပါသည်။ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများအား သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ နှင့် ၂၀၂၆ခုနှစ်(မိုးရာသီ)လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိသည်။

(၂၁-၅-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီအချိန််၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာ ဓမ္မာရုံ၌ သစ်တောထိန်းသိမ်းရေး၊မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပ ညာပေးခြင်း ဟောပြောပွဲ´´ ကျင်းပပြုလုပ်ရာဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါ ကျေးရွာသူ (၇၅)ဦး၊ ကျေးရွာသား(၅၃)ဦး စုစုပေါင်း (၁၂၈)ဦး တက်ရောက်ခဲ့ကြပြီး လွိုင်ကော်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လွင်မှသစ်တောထိန်းသိမ်းရေးနှင့်မီးခိုး မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့်ဟောပြော ဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ကျေးရွာသူ/သားများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၂၁.၅.၂၀၂၆)ရက်နေ့၊ (၀၉:၀၀)နာ ရီအချိန်၊‌လွိုင်ကော်မြို့နယ်၊လွယ်ထွဲကျေးရွာ ၊ ဘုန်းကြီးကျောင်းတွင်"သစ်တောထိန်းသိမ်းရေး၊မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်းဟောပြောပွဲ´´ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါ ကျေးရွာသူ/သားများ နှင့် လွိုင်ကော်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါ သစ်တောဝန်ထမ်း (၄)ဦး၊မြို့နယ်အထွေိထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်း(၁)ဦး၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး ၊ကျေးရွာသူ (၆၅)ဦး၊ ကျေးရွာသား(၄၆)ဦး ၊စုစုပေါင်း(၁၁၁) ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် လွိုင်ကော်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လွင်မှသစ်တောထိန်းသိမ်းရေးနှင့်မီးခိုး မြူငွေ့လျော့ချရေး ခေါင်းစဉ်ဖြင့်ဟောပြောဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ကျေးရွာသူ/သားများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည််။

Pages