၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ရန်ကုန်တိုင်းဒေသကြီး၊ ကြည်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ ဓမ္မာရုံတွင်(၂၁.၅.၂၀၂၆)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင်သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ အလုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ​တောအုပ်ကြီး ဦးမျိုးထွဋ်က သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တောများကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့ လျော့ချရေးအတွက် Fire Hotspots များ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ရန်ကုန်မြို့အတွင်း လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ခြင်းမှ မီးလောင်ကျွမ်းမှုမဖြစ်အောင် ဝါယာကြိုးသွယ်တန်းမှုကို စနစ်တကျသွယ်တန်းရန်၊ သစ်တောများထိန်းသိန်းရေးအကြောင်းနှင့် သစ်တောမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို တက်ရောက်လာကြသည့် ​ဒေသခံပြည်သူများကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်​ဝေ​ပေးခဲ့ပါကြောင်း တင်ပြအပ်ပါသည်။အဆိုပါ​​ဟော​ပြောပွဲသို့ ကြည်မြင်တိုင်မြို့နယ်၊မီးသတ်ဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊ သစ်တောဝန်ထမ်း(၃)ဦး၊ ​ဒေသခံပြည်သူ(၁၀၀)ဦးစုစုပေါင်း(၁၀၇)ဦး၊ ကျား(၁၀၅)ဦး၊ မ(၂)ဦးတို့ တက်ရောက်ခဲ့ပါ​ကြောင်း သတင်းရရှိသည်။

(၂၀.၅.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မော်လမြိုင်(တွဲဘက်)ချောင်းဆုံမြို့နယ်၊ သစ်တောဉီးစီးဌာနမှ စော်ကဲကျေးရွာ၊ ဘက်စုံသုံးခန်းမ၌သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် ရေချွေတာရေးဆိုင်ရာအသိပညာပေးခြင်း ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ စော်ကဲကျေးရွာအုပ်ချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား(၉)ဦး မ(၄၅) ဦးနှင့် သစ်တောဝန်ထမ်းကျား(၅)ဦး၊ စုစုပေါင်း(၅၉)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် မော်လမြိုင်(တွဲဘက်) ချောင်းဆုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးသက်နိုင်-၂ မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးတင့်နိုင်ဇော်မှ "ရေချွေတာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ (၁၁-၅-၂၀၂၆) ရက်နေ့မှ (၁၇-၅-၂၀၂၆) ရက်နေ့အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၃.၀၀၀၄ ) တန်၊ သစ်မာ (၈.၇၇၈၀) တန်၊ အခြား (၄၄.၄၇၇၄ )တန်၊ စုစုပေါင်း (၆၆.၂၅၅၈ )တန်၊ ယာဉ်/ယန္တရား (၁၄)စီး၊ တရားခံ (၆)ဦး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက်အများဆုံး ဖမ်းဆီးရမိမှုမှာ (၁၁-၅-၂၀၂၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲဘိနယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၂၉/၆)မိုင်၊ လမ်းအနောက်ဘက်(၂) ဖာလုံခန့်အကွာနေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ မဏိဩဇာ/ သစ်ကတိုး/သစ်ကဇော်/ သတီ/ လယ်ဇ/ တောင်ဖက်ဝန်း/ သင်္ဂဒူ သစ်လုံး/ ခွဲခြမ်း/ လုံးပတ်(၃)ပေအောက်သစ် စုစုပေါင်း (၃၃) လုံး/ခြမ်း (၁၁.၃၆၁၀ ) တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာနမြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် (၂၀.၅.၂၀၂၆) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ကဝါးခကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်၌ "Fire Hotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်‌ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး၊ ရေချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ" ကျင်းပဆောင်ရွက်ခဲ့ရာ တောအုပ်ကြီး ဦးစိုင်းစိုးသန်းဦး မှ ဦးဆောင်ဟောပြောခဲ့ရာ ဟောပြောပွဲသို့ ဒေသခံပြည်သူ ကျား (၂၁)ဦး၊ မ (၁၂)ဦး၊ စုစုပေါင်း အင်အား (၃၃)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာနမြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် (၂၀.၅.၂၀၂၆) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ကဝါးခကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်၌ "Fire Hotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်‌ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး၊ ရေချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ" ကျင်းပဆောင်ရွက်ခဲ့ရာ တောအုပ်ကြီး ဦးစိုင်းစိုးသန်းဦး မှ ဦးဆောင်ဟောပြောခဲ့ရာ ဟောပြောပွဲသို့ ဒေသခံပြည်သူ ကျား (၂၁)ဦး၊ မ (၁၂)ဦး၊ စုစုပေါင်း အင်အား (၃၃)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၂၀-၅-၂၀၂၆)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ၊ မူဆယ်မြို့နယ်၊နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတွင်"သစ်တောထိန်းသိမ်းရေး၊ ရေချွေတာသုံးစွဲရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး၊ ဦးစီးအရာရှိ ဦးဖြိုးဝေအောင်မှ"သစ်တောထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအကြောင်းအရာများ၊ ရေချိုသယံဇာတအရင်းအမြစ်များနှင့် ရေချွေတာရေး အကြောင်းသိကောင်းစရာများ"ကိုဟောပြောပို့ချခဲ့ပါ‌ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းအောင်မှ " EM ဖျော်ရည်ပြုလုပ်သုံးစွဲနည်း၊ မီးခိုး​​မြူငွေ့လျှော့ချနိုင်ရေးအတွက် ​စိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ဆောင်ရန်ရှောင်ရန်များ" အကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပါ‌ေကြာင်းနှင့်တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာန မြို့နယ်ဦးစီးဌာနမှူးမှ ပြန်လည်ဖြေကြားခဲ့ပြီး (၁၄:၃၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ သစ်တောဦးစီးဌာနမှ(၃)ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ(၂)ဦး၊ သင်တန်း ဆရာမများ၊ သင်တန်းသူများ၊ ဒေသခံပြည်သူများ၊ ကျား (၂၄) ဦး ၊ မ(၄၅)ဦး စုစုပေါင်း (၆၉) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်သစ်တောဦးစီးဌာန မှ(၂၀- ၅-၂၀၂၆) ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ် ၊ကံ​ဘေး​ကြီးကျေးရွာ၊နှစ်ကျိတ်ရှစ်ဆူ ဓမ္မာရုံ၌ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာဟောပြောပွဲကျင်းပရာ တောင်တွင်းကြီးမြိုနယ်မှ သစ်တောဝန်ထမ်း(၃)ဦး၊ ကံဘေးကြီးရွာ၊အုပ်ချုပ်ရေး(၁)ဦး၊ဒေသခံပြည်သူ ကျား(၃၄)ဦး၊မ(၃)ဦး၊ တက်ရောက်သူစုစုပေါင်း(၄၁)ဦး တက်ရောက်ခဲ့ပြီး၊တောင်တွင်း​ကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်​ကြီး၊ဦးတင်နိုင် မှသစ်တောပြုစုထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး နှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ တောအုပ်ဦးထွန်းထွန်းနိုင်မှ၂၀၂၆(မိုးရာသီ)ကာလတွင် ပျိုးပင်စိုက်ပျိုးမှုနည်းစနစ်များ၊ပျိုးပင်များ ကျေးရွာပြည်သူများအား လူထုဖြန့်ဝေခြင်း၊(၂)ပေအထက်အရိပ်ရပျိုးပင်များအားအခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း တက်ရောက်လာသူများကို အသိပညာပေးဆွေး​​နွေးခဲ့ပါသည်။တက်ရောက်လာသည့် ဒေသခံပြည်သူများသိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်၍တာဝန်ရှိသူများမှဖြေကြားခဲ့ပါကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ အောင်လံမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ကြီးမှူး၍ (၂၀-၅-၂၀၂၆)ရက်နေ့ (၀၉:၀၀)နာရီအချိန် အောင်လံမြို့နယ်၊တံဘိုးကျေးရွာဘုန်းကြီးကျောင်းတွင်သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အောင်လံမြို့နယ်၊မြို့နယ်ဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး-ဦး‌စည်သူအောင်မှ သစ်တောထိန်းသိမ်း‌ရေးနှင့်မီးခို့မြူ‌ ငွေ့လျော့ချရေးဆိုင်ရာသိကောင်းစရာများနှင့်သစ်‌ တောဥပဒေဆိုင်ရာ သိ‌ ကောင်းစရာ"များကိုလည်းကောင်း သရက်မြို့နယ်၊ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ထက်နန္ဒာထွန်းမှ ပတ်၀န်းကျင်ထိန်းသိမ်းရေး ပလပ်စတစ်သုံးစွဲမှုလျော့ချရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အောင်လံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး-ဦးဇေယျာသက်ခိုင်မှFire hotspot များလျော့နည်းစေရေးသိ‌ကောင်းစရာများကိုလည်းကောင်း ဟောပြော ဆွေးနွေးပြီးလက်ကမ်းစာ‌ဆောင်များဖြန့်ဝေခဲ့ပါသည်။ တက်ရောက်လာသူ ပြည်သူများက သိလိုသည်များကိုတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ရာ (၁၀:၃၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ အောင်လံမြို့နယ်၊မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှဝန်ထမ်း(၆)ဦး၊ သရက်မြို့နယ်ပတ်၀န်းကျင်ထိန်းသိမ်း‌ရေး ဌာနမှ(၃)ဦး၊ အောင်လံမြို့နယ်မီးသတ်ဦးစီးဌာနမှ(၂)ဦးနှင့်ဒေသခံ ကျား(၈) ဦး၊မ(၅၀)ဦး စုစုပေါင်း (၆၉) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

Pages