၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀.၃၇၀၆)တန်၊ သစ်မာ (၂၃.၁၄၁၈)တန်၊ အခြား (၃၇.၆၉၇၆)တန်၊ စုစုပေါင်း (၇၁.၂၁၀၀)တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၉-၅-၂၀၂၅ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြို့မ(ဆိပ်ကမ်း)ဘိနယ်၊ ကလွင်ကျေးရွာ အုပ်စု၊ ရှမ်းချောင်းမကြီး၏ ချောင်းလက်တက်ကမ်းဘေးမှ တရားမဝင် ကဒွတ်သစ်လုံး (၁၀)လုံး (၁၀.၀၀၈၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းတွင် စီမံကိန်းကာလအတွင်း လစ်လပ်လျှက်ရှိသော ပျိုးဉယျာဉ်လုပ်သားနေရာအတွက် သတ်မှတ်အရည် အချင်းများနှင့် ကိုက်ညီသောသူများ လျှောက်ထားနိုင်ပါသည်။

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းတွင် စီမံကိန်းကာလအတွင်း လစ်လပ်လျှက်ရှိသော လုံခြုံရေးဝန်ထမ်းနေရာအတွက် သတ်မှတ်အရည် အချင်းများနှင့် ကိုက်ညီသောသူများ လျှောက်ထားနိုင်ပါသည်။

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းတွင် စီမံကိန်းကာလအတွင်း လစ်လပ်လျှက်ရှိသော ရုံးလက်ထောက်ဝန်ထမ်းနေရာအတွက် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသောသူများ လျှောက်ထားနိုင်ပါသည်

(၂၄-၅-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်မြို့၊ မြိုင်သာယာ (အမြဲတမ်း) ပျိုးဥယျာဉ်အား ကြည့်ရှူ့စစ်ဆေးရာ ပျိုးဥယျာဉ်တွင် မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၂၀၂၄ ခုနှစ် မိုးရာသီ)တွင် ဆောင် ရွက်ခဲ့သည့် စိမ်းလန်းစိုပြည်ရေးလုပ်များ၏ရှင်သန် အောင်မြင်မှု အခြေအနေ နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (၂၀၂၅ ခုနှစ်၊ မိုးရာသီ) တွင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်မြို့၊ မြိုင်သာယာ (အမြဲတမ်း) ပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင်များ၊ အထူးပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

(၂၆-၅-၂၀၂၅)ရက်၊ တနင်္လာနေ့၊ (၀၉:၀၀)နာရီအချိန်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် MLC-Medicinal Plants စီမံကိန်း၏ ဆေးဖက်ဝင် ဝဥပင်စိုက်ပျိုးခြင်းနှင့် စားသောက်ကုန်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာဆွေးနွေးပွဲကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ သုတေသနအရာရှိများ၊ ဝဥစိုက်ပျိုးထုတ်လုပ်သူ ပညာရှင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။ ဆွေးနွေးပွဲတွင် ဝဥစိုက်ပျိုးသူ ဦးလှသိန်းမှ ဝဥစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ဈေးကွက် အလားအလာများအား ရှင်းလင်းတင်ပြပြီး ဝဥမှ စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်ခြင်းနှင့်စားသောက်ကုန်အရည်အသွေးဆိုင်ရာ စမ်းသပ်သည့်နည်းစနစ်များအား လက်တွေ့သရုပ်ပြခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်သူများမှ ဝဥစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ အထွေထွေ ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲအား နေ့လယ်(၁၄:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

(၂၄-၅-၂၀၂၅)ရက်နေ့ တွင်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ်သည် ရှမ်းပြည်နယ် ရတနာသစ်ခန်းမတွင် တောင်ကြီးခရိုင် သစ်တောဝန်ထမ်းများ၊ ရေဝေရေလဲဌာနမှဝန်ထမ်းများ၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်း သိမ်းရေးဌာနမှဝန်ထမ်းများ တွေ့ဆုံပြီး သစ်တောဦးစီးဌာန လျာထားချက်များ သတ်မှတ်ချိန် အောင်မြင်စွာပြီးစီးရေး မှာကြားခြင်း၊ ဝန်ထမ်းမိသားစုများ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း အားပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ပြီး ရှမ်းပြည်နယ် သယံဇာတဝန်ကြီးနှင့်အတူ ညွှန်ကြားရေးမှူးချုပ်သည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် ဆောင်ရွက်ထားသော သစ်တောလုပ်ငန်းများဖြစ်သည့် တောင်ကြီးမြို့စိမ်းလန်း စိုပြည်ရေးစိုက်ခင်း (5)Ac၊ တောင်ကြီးဌက်ဘေးမဲ့တော အတွင်း တင်မြင့်ရီကုမ္မဏီမှကျောက်တောင်တွင် ကွန်တိုလိုင်းတူးဖော်ပြီး မိုက်ခရိုရိုက်ဇာ မြေဆွေးထည့်ခြင်းဆောင်ရွက်ထားရှိမှု၊ တောင်ကြီးရေဝေရေလဲ ရုံးပြင်ဆင်ထားရှိမှု၊ တောင်ကြီး-အေးသာယာအတက်လမ်း (4.5)Acသစ်ပင်စိုက်ပျိုးထားရှိမှု၊ ရွှေညောင် ဘိနယ်စခန်းပြင်ဆင်ထားရှိမှု၊ ဘိနယ်ရုံးပြင်ဆင်ထားရှိမှု၊ တောင်လေးလုံး သုတေသနပျိုးစင် ပျိုးဥယျာဉ် စစ်ဆေးမှုတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

၂၃-၅.-၀၂၅ရက်၊ ​သောကြာ​နေ့တွင် သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့်အဖွဲ့သည် ရှမ်းပြည်နယ်၊ကလောမြို့နယ်(အောင်ပန်းမြို့)နှင့်အင်းလေးကန်ကြားရေဝေရေလဲတောင်ကုန်းတောင်တန်းများတွင် စိမ်းလန်းစိုပြည်ရေးအတွက် ကလောမြို့နယ် (အောင်ပန်းမြို့)ငုံးသုံကျေးရွာဓမ္မာရုံ၌လည်းကောင်း၊ ညောင်ကုန်းကျေးရွာဓမ္မာရုံ၌လည်းကောင်း ဒေသခံကျေးရွာသူ/သားများအားရှိပြီးသစ်ပင်သစ်တောများထိန်းသိမ်းရန်နှင့်သစ်ပင်စိုက်ပျိုးရန်ဆွေးနွေးပြောကြားခဲ့ပါသည်။အလားတူညနေပိုင်းတွင်ညောင်ရွှေမြို့နယ်ရေပယ်ကျေးရွာ အ.မ.က ၌လည်းအင်းလေးအနောက်ကြိုးပြင်ကာကွယ်တောအတွင်းရှိ CFအဖွဲ့များအားဆွေးနွေးပြောကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။

Pages