Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

(၁၄.၁၁.၂၀၂၄) ရက်နေ့၊ နံနက်ပိုင်း၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြသိန်းတန်ကျောင်းတိုက်မှ သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သစ်တောဦးစီးရုံးချုပ်မှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် သစ်တောဦးစီးဌာနမှ ကြွရောက်တော်မူကြသည့် သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ ဆရာတော်ကြီးများထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းမှုပြုခဲ့ကြပြီး သစ်တောဦးစီးဌာနမှ ငွေကျပ် (၉,၄၀၇,၇၁၅) တန်ဖိုးရှိ နဝကမ္မအလှူငွေများနှင့်ကထိန်ပဒေသာပင်များအားလည်းကောင်း၊ဧည့်ပရိတ်သတ်များအား စတုဒီသာဧည့်ခံကျွေးမွေးခြင်းအနေဖြင့် ငွေကျပ် (၄,၀၀၀,၀၀၀)ကျပ်၊စုစုပေါင်း တန်ဖိုးငွေကျပ် (၁၃,၄၀၇,၇၁၅) ကျပ်အား ဆရာတော်ကြီးများထံ ရေစက်သွန်းချတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်းသတင်းရရှိပါသည်။

လပွတ္တာမြို့နယ်သစ်တောဦးစီးဌာနမှ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်သော မြန်မာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပွဲကို(၂.၇.၂၀၂၄)ရက်နေ့၊နံနက်(၈:၀၀)နာရီအချိန်တွင် ၃-မိုင်မြို့သစ်၊ ခရေလမ်း(ဆေရုံဝန်းအနီး)၊ လပွတ္တာမြို့တွင် ကျင်းပခဲ့ပါသည်။ စိုက်ပျိုးပွဲသို့ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးလွင်ကိုဦး ဦးဆောင်၍ ခရိုင်အမျိုးသမီးရေးရာ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဖြူဖြူဝင်၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ NGOsများ ပြည်သူများ စုစုပေါင်းအင်အား(၃၃၀)ဦး တက်ရောက်ပြီး ပိတောက်၊ ခရေ၊ မဟော်ဂနီ၊ ငု‌ရွှေဝါ၊ မန်ဂျန်ရှား စုစုပေါင်းအပင်(၅၀၀)ပင်အား ပျော်ပျော်ပါးပါး စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်တောဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ တို့ ပူးပေါင်း၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို (၂-၇-၂၀၂၄)ရက်နေ့၊ နံနက်(၈:၀၀နာရီအချိန်တွင် ဂုံမင်းကျေးရွာ တောရဘုန်းကြီးကျောင်းဝန်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့သည်။ သဘာဝ ပတ်ဝန်း ကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမင်းအေးချမ်းဇွန်၊ သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံ(တောအုပ်)ဦးသန့်ဇင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ဒေသခံပြည်သူများက မန်ဂျန်ရှား (၈၉)၊ မဟော်ဂနီ (၉၀)၊ ကျွန်း (၁)၊ ကံကော် (၁)၊ ခရေ (၁)၊ တပေပူတ (၁) စုစုပေါင်း (၁၈၃)ပင်အားပနက်အကွာအဝေး ၆ပေဖြင့် စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

(၁၉-၆-၂၀၂၄) ရက်နေ့ (၁၅:၂၀) နာရီအချိန်တွင် စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး ဦးဆောင်သောအဖွဲ့မှ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာအတွင်း ခန့်မှန်းမြေပုံညွှန်း NC-972679 နေရာ၌ ဝင်ရောက်ရှာဖွေရာ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးများနှင့်အတူ အာဖရိကခြင်္သေ့ (အထီး) (၁) ကောင်၊ ဘင်္ဂလား ကျား (အမ) (၁) ကောင်၊ ဟိမဝန္တာဝက်ဝံ (အထီး) (၁) ကောင်၊ (အမ) (၁) ကောင် စုစုပေါင်း (၄) ကောင်တို့အား ဖမ်းဆီးရမိသဖြင့် အဆိုပါဖမ်းဆီးရမိသော တိရစ္ဆာန်များအား တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)တွင် ပြသရန်အတွက် တိရစ္ဆာန်များ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းကို Htoo Zoos & Gardens Business Unit မှ အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးနှင့်အတူ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစောစီးလာ၊ မြန်မာ့သစ်လုပ်ငန်းမှ တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာကျော်ငြိမ်းတို့ ဦးဆောင်ပြီး ၂၅-၆-၂၀၂၄ ရက်နေ့မှ ၃၀-၆-၂၀၂၄ ရက်နေ့အတွင်း ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်းနှင့် အများပြည်သူကြည့်ရှုနိုင်ရန်အတွက် ဟိမဝန္တာဝက်ဝံ (အထီး) (၁) ကောင်နှင့် (အမ) (၁) ကောင်ကို တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)တွင်လည်းကောင်း၊ အာဖရိကခြင်္သေ့ (အထီး) (၁) ကောင်နှင့် ဘင်္ဂလားကျား (အမ) (၁) ကောင်ကို ဆာဖာရီဥယျာဉ် (နေပြည်တော်)တွင်လည်းကောင်း ပြသထားရှိပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၅.၃၀၉၄) တန်၊ သစ်မာ (၈.၄၄၃၀)တန်၊ အခြား (၁၁၃.၆၆၂၄)တန်၊ စုစုပေါင်း (၁၅၇.၄၁၄၈) တန်၊ ယာဉ်/ ယန္တရား (၆)စီး၊ တရားခံ (၁၃) ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၁၁-၂၀၂၄ ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်း၊ အိမ်အမှတ်(မ/၂၇) ဦးအောင်သန်းလင်း၏ ဂိုထောင်အမှတ်-၁၊၂နှင့် အစ-၁၄(၁၃၇၄၇)သစ်စက်ဝန်းအတွင်း အညာသားသစ်ခွဲသားအရောင်းဆိုင်၊ အစ-၁၄ (၁၉၃၆၉)အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း သစ်ခွဲစက် အေးသာယာအရောင်းဆိုင်အတွင်းမှ တရားမဝင် အခြားခွဲသား စုစုပေါင်း (၇၄၉)ချောင်း၊ (၉၁.၈၁၄၈)တန်၊ တရားခံ (၃)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၀.၁၉၂၈)တန်၊ သစ်မာ (၁၁.၈၈၄၈)တန်၊ အခြား (၆.၅၂၂၄)တန်၊ စုစုပေါင်း (၄၈.၆၀၀၀)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၁၆) ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၆-၁၀-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျောက်မဆင် (၁)ဘိနယ်၊ ရိုးမကြိုးပြင်ကာကွယ်တောအတွင်း၊ ကိုးပင်-သာဂရ ကားလမ်း၊ မိုင်တိုင်အမှတ် (၃၀/၀)အနီးမှ တရားမဝင် ကျွန်းသစ်လုံး/ခွဲခြမ်း စုစုပေါင်း (၂၅)လုံး/ခြမ်း (၆.၄၄၆၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ(၁၂-၁၁-၂၀၂၄) ရက်နေ့၊(၁၁:၀၀) နာရီတွင် မကွေးတိုင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ အ.ထ.က (၃)၌ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ တိုင်းအဆင့်အားပြုလုပ်ခဲ့ရာ ဦးထင်အောင်( တိုင်းလ/ထ ညွှန်မှူး )မှ မီးခိုးမြူငွေ့လျှေ့ာချရေးဆိုင်ရာအသိပညာပေးခြင်းကိုလည်းကောင်း၊ ဦးမျိုးအောင်-၁ (မကွေးခရိုင်မှူး) မှ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးအသိပညာပေးခြင်းကိုလည်းကောင်း၊ဦးမျိုးသိန်းထိုက်(ဦးစီးအရာရှိ)မှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေးအသိပညာပေးခြင်းကိုလည်းကောင်း ဟောပြောခဲ့ကြပြီး အခမ်းအနားသို့ ဆရာ/မများ၊ ကျောင်းသူ/သားများနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများစုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

(၁၂-၁၁-၂၀၂၄)ရက်နေ့၊(၁၀:၀၀) နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ ထန်းတပင် အ.ထ.က၌ မီးခိုး/မြူငွေ့ လျှော့ချရေး နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ခရိုင်အဆင့်အားပြုလုပ်ခဲ့ပါ သည်။ ဦးHLပုမ်ဇဂင့်( ဘားအံခရိုင်၊ လ/ထ ညွှန်မှူး )မှ မီးခိုးမြူငွေ့ လျှေ့ာချရေးဆိုင်ရာအသိပညာပေးခြင်း ကိုလည်းကောင်း၊ ဦးဆန်းဝင်း-၃(ဘားအံခရိုင်SO)မှ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေးအသိပညာပေးခြင်းကိုလည်းကောင်းဟောပြောခဲ့ကြပါသည်။တက်ရောက်သူ ဆရာ/ ဆရာမ (၄) ဦး၊ Grade - 10 ကျောင်းသား (၅၆) ဦး၊ ကျောင်းသူ (၅၉) ဦး၊ ကျောင်းသား/သူ မိဘအုပ် ထိန်းသူ(၂၈)ဦး စုစုပေါင်း (၁၄၇) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

Pages