၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၂၃,၃၇၀)ဧကရှိသော နယ်မြေကို “ခိုကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၇၁/၂၀၂၅) အရ ၁၃၈၇ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁၃) ရက်၊ (၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/လေမုန်တိုင်းဒဏ် ခံစားရမှု များအား သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ကဏန်း၊ ပုစွန်စသောရေသယံဇာတများစဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန်နှင့်ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှုပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။ ခိုကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် ဒီရေတောအဓိက သစ်မျိုး များဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ လမု၊ လဘ၊ ကနစို၊ သမဲ့၊ ကျန၊ မဓမ၊ ပင်လယ်အုန်းစသည့်သစ်မျိုးများနှင့် သရော၊ နှံဗြူး(ငှက်)နှင့် ဓနိပင်စသည့် ဒေသမျိုးရင်း ဒီရေတော သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဗျိုင်း၊ ဗျိုင်းအောက်၊ စွန်၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ခရုစုပ်ငှက်၊ ရေညှောင့်နှုတ်ဝိုင်းငှက်၊ တင်ကြီးငှက်၊ ငှက်တုံးငှက် စသည့်ငှက်မျိုးများ၏ နေရင်း ဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သား၊ ငါး၊ ကဏန်း၊ ပုစွန်များရှင်သန်ပေါက်ဖွားရာ ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါ သည့်ဂေဟစနစ်တစ်ခုဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို (၂၅-၇-၂၀၂၅)ရက်နေ့၊နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ဒီရေတောများ ရေရှည်တည်တံ့ဖွံ့ဖြိုးစေရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO က ၂၀၁၅ ခုနှစ်မှစ၍ ဇူလိုင်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်များ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီရေတောများသည် ကုန်းမြေနှင့် ပင်လယ်အကြား ဆက်စပ်ပေးလျက်ရှိသည့် သစ်တောဂေဟစနစ်များဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံတွင် ဒီရေတောများ ပေါက်ရောက်လျက်ရှိရာ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောဧရိယာ အများဆုံး ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်ပြီး ဒီရေတော ဧရိယာ ဧက ၁.၂၆ သန်းရှိကြောင်း၊ မြန်မာနိုင်ငံ၏ ဒီရေတောဂေဟစနစ်တွင် မြစ်ဝကျွန်းပေါ်ရှိ ဒီရေတောများနှင့် ကမ်းရိုးတန်းဒေသရှိ ဒီရေတောများဟူ၍ အမျိုးအစားနှစ်မျိုးရှိပြီး နိုင်ငံ့စားရေရိက္ခာ ဖူလုံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်များစွာ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နိုင်ငံ အတွင်းတည်ရှိသော ဒီရေတောများ ရေရှည်တည်တံ့စေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အဏ္ဏဝါအမျိုးသားဥယျာဉ်များနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့တည် ထောင်ခြင်း၊ ကြိုးဝိုင်း ကြိုးပြင်ကာကွယ်တောများ သတ်မှတ်ဖွဲ့စည်းခြင်း၊ ဒီရေတော စိုက်ခင်းများ တည်ထောင်ခြင်း၊ ဒီရေတော‌ဂေဟစနစ် ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ အလားတူ ဆက်စပ်ဌာနနှင့် အဖွဲ့အစည်းများ၊ ပြည်သူများအနေဖြင့်လည်း ဒီရေတောများ၏ အရေးပါပုံကို သိရှိနားလည်ပြီး သဘာဝ ဒီရေတောများနှင့် ဒီရေတော‌ ဂေဟစနစ် များ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် အတူပူးပေါင်းဆောင်ရွက်သွားရန်တိုက်တွန်းပါကြောင်းဖြင့်ပြောကြားသည်။

သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင်အတူ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)၊ ညွှန်ကြားရေးမှူးများလိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ သု​တေသနစခန်း အမှတ်(၅) ၊ မိုးစွေသို့ရောက်ရှိကာ အမြဲတမ်းပျိုးဉယျာဉ်အတွင်းပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေများကြည့်ရှုစစ်ဆေးခြင်း၊ ကျွန်းအနက်စင်း စမ်းသက်ကွက်(၆)ဧက ၊ပိတောက်ကိုင်းချိုင်ခြင်းစမ်းသပ်ကွက်( ၁၀) ဧကနှင့် ဝါးမျိုးစုံစမ်းသပ်စိုက်ကွက် (၁၅) ဧကသို့ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ဆက်လက်၍ မြေပြုပြင်ခြင်းဖြင့် ကျွန်းပင်များ၏ ကြီးထွားမှုအား လေ့လာခြင်း သုတေသစိုက်ခင်း (၁၀)ဧကတွင် ကျွန်းပင်များ ရှင်သန် အောင်မြင်မှုအခြေအနေနှင့် ကျွန်းမျိုးသန့်ဥယျာဉ်(၁၀)ဧကတို့အား လိုက်လံကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

၂၆-၇-၂၀၂၅ ရက် စေနနေ့ နံနက်(၀၈း၀၀)နာရီအချိန်ရှမ်းပြည်နယ်၊ ၂၀၂၅ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်အား တောင်ကြီး(ထင်း)ကြိုးဝိုင်းအတွင်း ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာသစ်မျိုးများဖြင့်မျိုးဖြင့် စုစုပေါင်း (၁၅၃၀)ပင်အား ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကြီးတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း၊ ပညာရေးဒီဂရီကော်လိပ်၊ NGO အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၈၇၀)ဦး တက်ရောက်စိုက်ပျိုးခဲ့ပါကြောင်း သတင်းရရှိသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၂၅.၇.၂၀၂၅) ရက်နေ့၊ နံနက်(၀၈:၃၀)ချိန်တွင် ပဲခူးမြို့နယ်(တွဲဖက်က၀မြို့နယ်)၊ဘန်ဒါ‌ကျေးရွာအနီး၌ အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ (International Day for the Conservation of Mangrove Ecosystem)အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ သက္ကလမြို့အုပ်ချုပ်ရေးမှူးနှင့် က၀မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့၀င်များ၊ က၀မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများစုစုပေါင်း(၁၀၀) ဦး တက်ရောက်ကြပြီး ဗြူးခြေထောက်(၁၈၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ထို့နောက် ဘန်ဒါကျေးရွာ၏ နုန်းထိန်းရေကာတာဘောင်အနီးတွင် သစ်တောဦးစီးဌာန ၀န်ထမ်းများစုပေါင်း၍ အုန်းပင် (၃၀) ပင်အား လေကာတန်းအသွင်ဖြင့် ဆက်လက်စိုက်ပျိုးခဲ့ကြကြောင်းသတင်းရရှိသည်။ဆက်လက်၍ က၀မြို့နယ်၊ဘန်ဒါကျေးရွာ၊ ဒီရေတောစိုက်ခင်းစခန်းတွင် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ (International Day for the Conservation of Mangrove Ecosystem) အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာဟောပြောပွဲတွင် ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးချမ်းမြေ့အောင်မှ ဒီရေတောထိန်းသိမ်းရေးနှင့်သဘာ၀ ဘေးဒဏ်အကြောင်းသိကောင်းသိကောင်းစရာများခေါင်းစဉ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးပြည့်ဖြိုးပိုင်မှ ဒီရေတောဂေဟစနစ်နှင့် ဒီရေတောစိုက်ပျိုးပြုစုခြင်းဆိုင်ရာ အချက်အလက်များအားလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဟောပြောပွဲသို့ တက်ရောက်လာသူများအား ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးအမှတ်တရလွယ်အိတ်(Recycle Bag) များပေးအပ်ခြင်းနှင့် ဒီရေတောထိန်းသိမ်းရေးလက်ကမ်းစာစောင်များဖြန့်‌ဝေခြင်းများ‌ဆောင်ရွက်ခဲ့ကြသည်။ထို့နောက်အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဗွီဒီယို Clip ပြသ၍ အခမ်းအနားပြီးဆုံးခဲ့ကြောင်းသတင်းရရှိသည်။

မွန်ပြည်နယ်၊၂၀၂၅-ခုနှစ်၊အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မွန်ပြည်နယ် ၊မြို့နယ်အဆင့်ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို (၂၅-၇-၂၀၂၅)ရက်နေ့နံနက် (၀၈:၃၀) နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊သစ်တောဦးစီးဌာန၊ ကျိုက်ပိရွှေသောင်ကွင်း ဒီရေတောကြိုးပြင်ကာကွယ်တောအတွင်းကျင်းပပြုလုပ်ခဲ့ရာ သစ် တောဦးစီးဌာနဝန်ထမ်းများ၊ WIF အဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၃၄) ဦးတက်ရောက်ကြပြီးဒီရေတော သစ်မျိုးဖြစ်သည့် သမဲ့ (၃၀၀)ပင်ကိုစုပေါင်း‌၍စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

မွန်ပြည်နယ် ၂၀၂၅-ခုနှစ်၊အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပညာပေးဟော ပြောပွဲကို(၂၅-၇-၂၀၂၅)ရက်နေ့ (၁၃:၀၀)နာရီတွင်ပေါင်မြို့နယ်၊အလှပ်ကျေးရွာအုပ်စု၊ဆယ်အိမ်စုရပ်ရှိဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်ကျင်းပပြုလုပ်ခဲ့ရာအလှပ်ကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူးအပါအဝင်ဒေသခံပြည်သူများနှင့်အခြေခံပညာကျောင်း များမှဆရာ/ဆရာမနှင့်ကျောင်းသားကျောင်းသူများစုစုပေါင်း(၁၈၇)ဦးတက်ရောက်ခဲ့ပြီးသစ်တောဦးစီး ဌာနသထုံတွဲဘက်ပေါင်မြို့နယ် ဦးစီးအရာရှိ ဦးတင်ထွန်းမှ"အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့"နှင့်ပတ်သက်သည့်အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ပြီး၂၀၂၅ခုနှစ်၊အပြည်ပြည်ဆိုင်ရာဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်း အမှတ်ပညာပေးVideo Clipအားပြသခဲ့ပါကြောင်းသတင်းရရှိသည်။

၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပြည်နယ်အဆင့်ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို (၂၅-၇-၂၀၂၅)ရက်နေ့နံနက်(၀၈:၀၀)နာရီအချိန်တွင်ပေါင်မြို့ နယ်၊အလှပ်ကျေးရွာအုပ်စု၊ဆယ်အိမ်စုရပ်၊ပင်လယ်ကမ်းခြေတွင်ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချူပ်ဦးဆောင်သည့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်/ခရိုင်/မြို့ နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊အခြေခံပညာကျောင်းများမှဆရာ/ဆရာမနှင့်ကျောင်းသား/ကျောင်း သူများ၊အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်ဒေသခံပြည်သူ လူထုများစုစုပေါင်းအင်အား(၄၂၉) ဦးတက်ရောက်ကြပြီးဒီရေတော သစ်မျိုးများဖြစ်သည့်ဗြူးရွှေဝါ၊ဗြူးခြေထောက်၊ သမဲ့၊မဓမနှင့်အိပ်မသွယ်သစ်မျိုးအပင်ပေါင်း (၁၃၁၆)ပင်ကိုစုပေါင်း‌၍စိုက်ပျိုးခဲ့ကြပါသည်။အခမ်းအနားတွင်ပြည်နယ်ဝန်ကြီးချုပ်မှအပြည်ပြ်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်ရေးနေ့ဂုဏ်ပြုအမှာစကားမြွက်ကြားပြီးပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူးမှဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးဆိုင်ရာ Presentation ရှင်လင်းတင်ပြခဲ့ပြီး ပြည်နယ်ညွှန်ကြာရေးမှူးမှ ၂၀၂၀ ခုနှစ်တွင်စိုက်ပျိုးခဲ့သောဒီရေတောစိုက်ခင်းဆိုင်ရာအချက်အလက်များနှင့်အောင်မြင်ရှင်သန်မှုအခြေအနေအားရှင်းလင်းတင်ပြခဲ့ပါကြောင်းနှင့် ICM အစီအစဉ်အရ ၂၀၂၂၊၂၀၂၃၊၂၀၂၄၊၂၀၂၅ ခုနှစ်တို့တွင်စိုက်ပျိုးခဲ့သည့် အုန်းပင် ၅၇၀ ပင် ရှင်သန်ဖြစ်ထွန်းနေမှုတို့အားကြည့်ရှုစစ်ဆေးခဲ့ပါကြောင်းသတင်းရရှိသည်။

Pages