Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၅-၄-၂၀၂၄ ရက်နေ့နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများမှ Ambassador and Permanent Representative of the Republic of the Philippines to the Association of Southeast Asian Nations (ASEAN) ဖြစ်သူ H. E. Amb. Hjayceelyn Mancenido Quintana၊ အာဆီယံဇီဝမျိုးစုံမျိုးကွဲ ဗဟိုဌာနမှ Ms. CORAZON A. DE JESUS JR. (Director၊ Sustainable Use and Access and Benefit-Sharing Division Programmes Department, ACB) နှင့် Ms. Jenny Choo (Chief Technical Adviser of Small Grants Programme for ASEAN Centre for Biodiversity, GITEC) တို့နှင့်တွေ့ဆုံ၍ သစ်တောဦးစီးဌာနနှင့် အာဆီယံဇီဝမျိုးစုံမျိုးကွဲ ဗဟိုဌာနတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အာဆီယံအမွေအနှစ်ဥယျာဉ် များအတွက် အသေးစားရန်ပုံငွေထောက်ပံ့မှုအစီအစဉ် (AHP-SGP)၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် အနာဂတ်ကာလပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများအား အကျယ်တဝင့် တွေ့ဆုံဆွေးနွေးမှုများပြု လုပ်ခဲ့ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော်ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ အတွင်းမှ (၂၅-၃-၂၀၂၄)ရက်နေ့မှ (၃၁-၃-၂၀၂၄) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၇.၆၀၈၆) တန်ဖမ်းဆီးရမိခဲ့ပါသည်။

(၃-၄-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောဦးစီးရုံးချုပ်မှ တာဝန်ရှိသူများ၊ နေပြည်တော် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးထားရှိသည့် အပင်များ၏ သစ်မျိုးအလိုက်ရှင်သန်မှု၊ အပင်အမြင့်တိုးတက်လာမှုအခြေအနေများအား သစ်တော ဦးစီးဌာနဝန်ထမ်းများမှ အကွက်ငယ်(၆)ကွက်ခွဲခြား၍ သတ်မှတ်အကွက်ငယ်များအလိုက် တိုင်းတာစစ်ဆေးဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်မှာ လမ်းညွှန်မှာကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၀.၀၆၃၆)တန်၊ သစ်မာ (၁၀.၉၁၅၈)တန်၊ အခြား (၅၁.၁၃၈၈)တန်၊ စုစုပေါင်း (၈၂.၁၁၈၂)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၅-၃-၂၀၂၄ ရက်နေ့၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ (၁၈)မိုင်ဘိနယ်၊ ကျိုင်းခမ်းကျေးရွာ အရှေ့ဘက် (၁၁)မိုင်ခန့်အကွာနေရာမှ တရားမဝင် အင်သစ်လုံး (၃၅)လုံး (၁၂.၀၃၂၀) တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၉)နှင့် တောအုပ်ကြီးလုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို (၂၉-၃-၂၀၂၄)ရက်နေ့တွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ(ရေဆင်း)၊ နေပြည်တော်၌ ကျင်းပ ပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)နှင့် ညွှန်ကြားရေးမှူးများ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြောင်းသတင်းရရှိပါသည်။

(၂၉-၃-၂၀၂၄)ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြုလုပ်သည့် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ ဒါဘာအခမ်းအနားကျင်းပဆောင်ရွက်ရာ ညွှန်ကြား ရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးနှင့် ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်း များတက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ဝန်ထမ်းများ၏ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ပေးပို့ တင်ပြခဲ့သည့်ဆန္ဒပြုလွှာ(၉)စောင်နှင့် သီးခြားဆန္ဒပြုတင်ပြချက်(၁)ခုအပေါ် ညွှန်ကြားရေးမှူးချုပ် နှင့်တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

(၂၈-၃-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း မြှင့်တင်ရေးစီမံကိန်း အောင်မြင်စွာပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို သစ်တောဦးစီးဌာနရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကိုယ်စားလှယ်များ၊ စီမံကိန်းဧရိယာမှ ဒေသခံများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော်ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ အတွင်းမှ (၁၈-၃-၂၀၂၄)ရက်နေ့မှ (၂၄-၃-၂၀၂၄) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၃၃.၁၅၃၀) တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages