၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆၇.၉၇၅၀)တန်၊ သစ်မာ (၁.၀၂၇၈)တန်၊ အခြား (၄၉.၃၃၈၂)တန်၊ စုစုပေါင်း (၁၁၈.၃၄၁၀)တန်၊ ယာဉ်/ယန္တရား (5)စီး၊ တရားခံ (9)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၆-၅-၂၀၂၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အောင်ချမ်းသာဘိနယ်၊ တောင်နန်ချွန် ကျေးရွာရှိ ဦးရဲမင်းထွန်း၏ သစ်စက်ဝင်းအတွင်းမှ တရားမဝင် ကျွန်း သစ်လုံး/ ခွဲသား/ ယောင်ခြမ်း/ သစ်ပါးလွှာ စုစုပေါင်း(၁၀၈,၀၅၉)လုံး/ချောင်း/ခြမ်း (၃၂.၈၈၆၀)တန်၊ တရားခံ(၂)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

(၁၂.၅.၂၀၂၆)ရက်နေ့၊(၁၃:၀၀)နာရီအချိန်၊‌ပေါင်မြို့နယ်၊သပြေကုန်းကျေးရွာအုပ်စု၊ ကားတဲကျေးရွာဘုန်းတောကြီးကျောင်း၌"သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေး ဆိုင်ရာအသိပညာပေးခြင်းဟောပြောပွဲ´´ကျင်းပပြုလုပ်ရာဟောပြောပွဲသို့ သပြေကုန်းကျေးရွာအုပ်စု၊ ကားတဲကျေးရွာသူ/သားများ ကျား(၃၀)ဦး မ(၄၂)ဦးနှင့် ပေါင်မြို့နယ်မှ သစ်တောဝန်ထမ်း(၄)ဦး၊ စုစုပေါင်း ကျား(၃၄)ဦး၊ မ(၄၂)ဦး၊(၇၆)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေးခေါင်းစဥ်ဖြင့် ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ရွာသူ/သားများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

မော်လမြိုင်ခရိုင်သံဖြူဇရပ်မြို့နယ်သစ်တောဦးစီးဌာနမှ(၁၂.၅.၂၀၂၆)ရက်နေ့ သံဖြူဇရပ်မြို့နယ်မြမာလာကျေးရွာဗုဒ္ဓရပ်ဓမ္မာရုံတွင်သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ မြမာလာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသား/သူကျား(၂၃)ဦး မ(၃၀)ဦးနှင့် သစ်တောဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၅၆)ဦး တက်ရောက်ခဲ့ကြပြီး သံဖြူဇရပ်မြို့နယ် သစ်တောဦးစီးဌာန မှူးဦးဝင်းဗိုလ်ဦး မှသစ်တောထိန်းသိမ်းကာကွယ်ရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးခေါင်းစဥ်ဖြင့်ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် ရေချွေတာရေး၊ မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာမြို့နယ်အဆင့်အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၂-၅-၂၀၂၆)ရက်နေ့၊ နေ့လည် (၁၄:၀၀)နာ ရီ၌ ဘုတ်ပြင်းမြို့နယ်၊ ထောင်ကမက်ကျေးရွာအုပ်စု၊ အောက်လိပ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းခန်းမတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်းမြို့နယ်၊ ထောင်ကမက်ကျေးရွာအုပ်စု၊ ရပ်မိရပ်ဖ ဦးဟန်သန်းနှင့်၊ ဒေသခံများ၊ အမျိုးသား(၂၉) ဦး/အမျိုးသမီး(၄၆)ဦး၊ စုစုပေါင်း(၇၅)ဦး သစ်တော ဦးစီးဌာနမှ ဝန်ထမ်းများ(၄)ဦး၊စုစုပေါင်း(၇၉)ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ်၊ ထောင်ကမက် ကျေးရွာအုပ်ချုပ်ရေးမှူး ဉီးမျိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘုတ်ပြင်း မြို့နယ်၊သစ်တောဦးစီးဌာန၊ဉီးစီးအရာရှိ၊ ဦးစောလူးသယ်ရွှေမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာ ကွယ်ရေးနှင့် ေရချွေတာ ရေး၊မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများ သို့သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးဆွေးနွေးဟောပြော ခြင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သစ်တောထိန်းသိမ်းရေး၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးဒဏ်များမှ ကာကွယ်ပေးခြင်းဆိုင်ရာ Video Clipပြသခြင်း၊သိရှိလိုသည်များအပေါ် ပြန်လည် ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ် ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၁၂-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ၌ ထားဝယ်မြို့နယ်၊ အိုးလုပ်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထားဝယ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျင်းပဆောင်ရွက်ခဲ့ရာ အိုးလုပ်ရပ်ကွက်မှ ရပ်ကွက်နေပြည်သူ(၃၀)ဦး၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း(၆)ဦး၊ကျား(၆)ဦး၊မ(၃၀)ဦး၊ စုစုပေါင်း(၃၆)ဦးတက်ရောက်ခဲ့ကြပါသည်။ ထားဝယ်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးလွင်ကိုဦးမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ ချရေးခေါင်းစဉ်ဖြင့် အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ပါသည်။ ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများမှ သိရှိလိုသည်များကို လက်ထောက်ညွှန်ကြားရေးမှူး ဦးလွင်ကိုဦးမှ ပြန်လည်ဖြေကြားခဲ့ပါကြောင်းနှင့် တက်ရောက်သူများ အားအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာန မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်(၁၁.၅.၂၀၂၆)ရက်နေ့ (၁၁:၃၀) နာရီ အချိန်တွင် ပလန(၂) ကံ့ကော်မြိုင် ကျေးရွာတွင်သစ်တော မြေပြင်ပတွင် စိုက်ပျိုးထားသော ကျွန်းနှင့် သစ်မာပင်များအား မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးနှင့် သစ်တောဥပဒေဆိုင်ရာ အကြောင်းအရာများ အသိပညာပေးဟောပြောပွဲ"အား ဦးစီးအရာရှိ ဦးသက်ထွန်းဦးမှ ဦးဆောင်ဟောပြောခဲ့ပြီး ဆက်လက်၍ "FireHotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု တားဆီးရေး အသိပညာပေးဟောပြောပွဲ"အား တောအုပ်ကြီး ဦးအုန်းကိုကိုဝင်းမှ ဦးဆောင်ဟော ပြောခဲ့ပါသည်။ ပလန(၂) ကံ့ကော်မြိုင် ကျေးရွာမှ ဒေသခံပြည်သူ ကျား (၁၁)ဦး၊ မ (၅၂)ဦး၊ ပေါင်း (၆၃)ဦး တက်ရောက်ခဲ့ ပါကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမျိုးထက်ကျော်သည် (၁၁-၅-၂၀၂၆)ရက်နေ့ (၀၉၀၀)အချိန် မြစ်ကြီးနားမြို့ နန်း‌ကွ့နယ်‌မြေ-၆ မနောမြေပညာ‌ရေးစင်တာတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ပြီး FireHotspot ဖြစ်ပေါ်မှူ တားဆီးရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှူ ထိန်းချုပ်ရေး၊ ရေချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဉ်များ ဟောပြောခဲ့ပါကြောင်း၊ ဟော‌ပြောပွဲသို့ မနောမြေ ပညာစင်တာ ဆရာတော်နှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားကျောင်းသူများ၊ ကျား(၃၁)ဦး မ(၂၁)ဦး၊ စုစုပေါင်း အင်အား (၅၂)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၁၁-၅-၂၀၂၆)ရက်နေ့(၀၉:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ မြန်အောင်မြို့နယ်မှ စမ်းကျေးရွာအုပ်စု၊ စမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနေအိမ်၌ “သစ်တောသစ်ပင် နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြော ပွဲ”ကျင်းပခဲ့ရာ စမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပါ ဒေသခံပြည်သူ(၆၂)ဦး၊ သစ်တော ဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၆၅)ဦး၊ ကျား၃၈ ဦး၊ မ-၂၇ ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါအသိပညာပေး ဟောပြောပွဲတွင် တောအုပ်ကြီး ဦးကျော်ဇင်ထိုက်က သစ်တောသစ်ပင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များ၏အရေးပါမှုအကြောင်းအရင်းများနှင့် ပျက်စီးပြုန်းတီးရခြင်းအကြောင်းအရင်းများ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရမှုအခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှု ၏ဆိုးကျိုးများ၊ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများအားလည်းကောင်း၊ တောအုပ် ဦးကျော်ကျော်နိုင် သစ်ပင်စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းနည်းစနစ်များ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်း များ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများ၊ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေးနှင့် တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေးအားလည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်းသတင်းရရှိသည်။

Pages