Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန သည် နိုင်ငံတော်၏ သစ်တောသယံဇာတများကို ပြည်သူလူထုအကျိုးအတွက် စနစ်တကျ စီမံအုပ်ချုပ်လျက်ရှိနေသကဲ့သို့ ဝိသမလောဘသားများ၏ တရားမဝင် သစ်ခိုး ထုတ်ယူမှုနှင့် သယ်ဆောင်မှုများအား အခြားသောဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ သော်လည်းကောင်း မိမိအစီအစဉ်ဖြင့်လည်းကောင်း အရှိန်အဟုန်မြှင့် ဖမ်းဆီးဖော်ထုတ် အရေးယူဆောင်ရွက် လျက်ရှိပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် ကိုရီးယားသမ္မတနိုင်ငံ၊ Korea Development Institute-KDI မှ Professor Dr. Kim Jeongho ဦးဆောင်သောအဖွဲ့အား ယနေ့ ၃၁-၃-၂၀၁၅ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦစီးဌာန၊ သဘာဝ ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနသည် မြန်မာနိုင်ငံအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းကို စနစ်တကျ စီမံကိန်းများရေးဆွဲ၍ သော်လည်းကောင်း သဘာဝထိန်းသိမ်းရေးနယ် မြေများသက်မှတ်၍လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိနေသလို နိုင်ငံတကာမှ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ပြည်တွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လည်း လုပ်ဆောင်လျက်ရှိနေပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား သြစတြေးလျနိုင်ငံ၊ University of Queensland တက္ကသိုလ်မှ Principal Research Fellow ဖြစ်သူ Ms. Jennifer Bellamy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လည် ၁:၃၀ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးပါသည်။
ဒီရေတောများသည် ကုန်းတွင်းပိုင်းနှင့် အဏ္ဏဝါဂေဟစနစ်များ ဆက်စပ်၍ အပင်၊ တိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ရပ်တည်ပေါက်ဖွားရာ နေရာဒေသဖြစ်ပြီး၊ သဘာဝဘေးအန္တရာယ်ကို တံတိုင်း သဖွယ် ကြံ့ကြံ့ခံ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ဒီရေတောများကို ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးတွေ့ကြရသည်။ ရန်ကုန်တိုင်းဒေသ ကြီး၌လည်း ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းဒေသတွင် တွေ့ရှိရသည်။ ဒီရေတောများသည် ဒေသခံပြည်သူများ၏ အခြေခံစားဝတ်နေရေး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်သည့်အပြင် ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်အခါက ကမ်းရိုးတန်းနေ ဒေသခံ ပြည်သူများ၏ ဘဝရှင်သန်ရပ်တည်ရေးအတွက် အရေးပါကြောင်းပြသခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် ဒေသခံပြည်သူများက မိမိတို့ဒေသ၊ မိမိတို့ဝန်းကျင်ရှိ ဒီရေတော ရေရှည်တည်တံ့စေရေး ပြုစုထိန်းသိမ်းခြင်းနှင့် စနစ်တကျ အသုံးချခြင်းတို့ကို ဟန်ချက်ညီစွာ ဖော်ဆောင် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရှိသည်။
Myanmar- ICIMOD Day အခမ်းအနားကို နေပြည်တော်ရှိ Grand Amara Hotel ၌ ယနေ့ (၂၅.၃.၂၀၁၅) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းတက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အဆင့် မြင့်အရာရှိ ကြီးများ၊ ICIMOD ညွှန်ကြားရေးမှူးချုပ် Dr. David James Molden ၊ ICIMOD နှင့် အခြား NGOs ၊ INGO များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ခဲ့ကြပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သက်သက်ဇင် သည်သြစတြေးလျနိုင်ငံEumeralla Resources Limited မှ Director ဖြစ်သူ Mr. Attila Tamas ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားယနေ့(၂၄-၃-၂၀၁၅) ရက်နံနက် (၀၉:၃၀) နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
၂၀၁၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၊ နေပြည်တော်၌ ယနေ့ (၂၁-၃-၂၀၁၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက် အမှာစကားမြွက်ကြားပါသည်။






