Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် အပူပိုင်းဒေသရေမြေသဘာဝပတ်ဝန်း ကျင် တိုးတက်ကောင်းမွန်စေရန်၊ သဲကန္တာရဖြစ်ထွန်းမှုကိုတားဆီးကာကွယ်ရန်၊ ရာသီဥတုကောင်းမွန်ခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူပြုရန်၊ ဒေသခံပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကို ၁၉၉၇ ခုနှစ်မှစတင်၍ ဖွဲ့စည်းတည်ထောင် ခဲ့သည်။ ဌာန၏အဓိကလုပ်ငန်းကြီး (၄)ရပ်အပြင် ထင်းအစား အခြားလောင်စာသုံးစွဲသည့် စံပြကျေးရွာ ထူထောင်ခြင်း၊ တောင်တန်းများစိမ်းလန်းစိုပြည်ရေး၊ အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းစသည့် စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
The International Co-ordinating Council of UNESCO’s Man and the Biosphere Programme (MAB) has added 20 new sites to the World Network of Biosphere Reserves, bringing their total number to 651 sites, including 15 transboundary sites, in 120 countries. Myanmar had its first biosphere reserve inscribed this year. These additions were made by the Council during a meeting taking place in Paris from 8 to 12 June.
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘူလ်ဂေးရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာအက်ဖ်ဂဲနီ စတဲဖနော့ဖ် စတွိုင်းချက်ဗ် မှ ယနေ့ ၂၇-၅-၂၀၁၅ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်တို့ တက်ရောက်ခဲ့ကြသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်အား Panasonic Asia Pacific Pte.Ltd.(မြန်မာရုံးခွဲ)၏ Chief Representative ဖြစ်သူ Mr. Hisakazu Maeda ဦးဆောင်သည့် အဖွဲ့မှ (၂၆-၅-၂၀၁၅) ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်တို့ တက်ရောက်ခဲ့ကြသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၌ ၂၀၁၅ခုနှစ်၊ မေလ(၂၂) ရက်နေ့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးနှင့် သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့ စေရေးအတွက် ဆောင်ရွက်နေမှုများနှင့် အမျိုးသားဥယျာဉ်ထိန်းသိမ်းဆောင်ရွက်နေမှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသည့် အခြေအနေများ၊ တရားမဝင်သစ်ဖော်ထုတ် ကာကွယ်တားဆီးဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါလျှက် မြန်မာနိုင်ငံ၏ သဘာဝနယ်မြေများ စီမံအုပ်ချုပ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး အထောက်အကူပြုစေရန်အတွက် အီကွေဒေါနိုင်ငံ၊ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ဂါလာပါဂို့စ် (Galapagos) အမျိုးသားဥယျာဉ်သို့ ၂၀၁၅ ခုနှစ် မေလ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ လေ့လာ ရေးခရီးသွားရောက်ခဲ့ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်အား သြစတြေးလျနိုင်ငံအခြေစိုက် WOODSIDE ENERGY ကုမ္ပဏီမှ CEO နှင့် Managing Director ဖြစ်သူ Mr. Peter Coleman ဦးဆောင် သည့်အဖွဲ့မှ ယနေ့ ၁၃-၅-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၁၄:၀၀ နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဟန်ဆိုက်ဒယ်လ် ဖောင်ဒေးရှင်း နှင့် အာရှ-ဥရောပဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် "ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် ဒေသခွဲအတွင်း ပတ်ဝန်းကျင်ဆိုင်ရာအရာရှိကြီးများနှင့် ညှိနှိုင်းရေးမှူးများ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များအတွက် အာရှ-ဥရောပ ပတ်ဝန်းကျင်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ"ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort ဟိုတယ်၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။







