Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကမ္ဘာ့သီးနှံသစ်တောရောနှောစိုက်ပျိုးရေးဌာန (World Agroforestry Centre (ICRAF-EAC)၊ ကူမင်းရုက္ခဗေဒဌာနမှ ပါမောက္ခ Dr. Dietrich Schmidt-Vogt မှ ယနေ့ နေ့လည် ၁၄:၀၀ နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်အား PanAust Limited မှ Chief Representative Myanmar Mr. Shaun Massey နှင့် Myanmar Energy Resourses Group မှ Chief Executive Officer ဦးဖုန်းမြင့်သောင်း ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ၁၈-၃-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၂:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် ဖင်လန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Ms. Sirpa Paatero ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၁၈-၃-၂၀၁၅ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ ဆွေးနွေးသည်။

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်အခမ်းအနားအား ၂၁-၃-၂၀၁၅ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်း(နေပြည်တော်)တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် မဟာမဲခေါင်ဒေသခွဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပင်မ အစီအစဉ်၏ နှစ်ဝက်ကာလ စိစစ်သုံးသပ်ရေးမစ်ရှင်မှ Mr. Santh Ranawana ဦးဆောင်သည့်အဖွဲ့အား ယနေ့ ၁၂-၃-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၂:၀၀ နာရီတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံဆွေးနွေးသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် ပြည်သူလူထုဗဟိုပြု သစ်တောစီမံ အုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းများဖြင့် ဒေသခံပြည်သူလူထုတို့၏ လူမှုစီးပွားရေးဘဝကို သဘာဝပတ်ဝန်း ကျင်နှင့် ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အနာဂတ်ပတ်ဝန်းကျင် အမွေကောင်းများ လက်ဆင့်ကမ်း နိုင်ရန် ရည်ရွယ်လျက် ပြည်သူများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်သော ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ တည်ထောင်ပေးလျက်ရှိသည်။ ဒေသခံပြည်သူများက သစ်တောများ၏ လူမှုစီးပွား ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရ အရေးပါပုံကို သိရှိစေရန် တိုးချဲ့ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံပြည်သူများနှင့် စဉ်ဆက်မပြတ်ထိတွေ့ဆောင်ရွက်နေသည့် ဝန်ထမ်းများ ၏ စွမ်းဆောင်ရည်တိုးတက်စေရန် လေ့ကျင့်ပညာပေးရေးလုပ်ငန်းများလည်း စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိသည်။

သဘာဝနှင့် လူသားအပါအဝင် သက်ရှိတို့အကြား ညီညွတ်မျှတစွာ ယှဉ်တွဲနေထိုင်နိုင်မည့် အသက်မွေးဝမ်းကြောင်းမှုနည်းလမ်းအသစ်များ ဖော်ထုတ်ဆောင်ရွက်ရန်၊ ဒေသတစ်ခုအတွင်း ရှိ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်၊ ဒေသခံတို့၏ လူမှုစီးပွားရေးမြှင့်တင်ရန်နှင့် ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရန်အတွက် နိုင်ငံအသီးသီးတွင် ဇီဝအဝန်း နယ်မြေ (Man and Biosphere Reserve-MAB) များ ဖွဲ့စည်း သတ်မှတ်ဆောင်ရွက်လျက် ရှိသည်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် UNDP၊ UNESCO တို့နှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်၊ အင်းလေးဒေသ၌ ဇီဝအဝန်းနယ်မြေ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း အား Myanmar Korea Timber International Ltd. (MKTI), Sunchang Corporation မှ C.E.O ဖြစ်သူ Mr. Lee Yoon Young ၊ Executive Managing Director ဖြစ်သူ Mr. Choi Do-Hak တို့သည် ယနေ့ ၁၁-၃-၂၀၁၅ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။

Pages