Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် (၂၅-၅-၂၀၁၅) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ အင်းကြင်းခန်းမ၌ ကျင်းပသော “၂၀၁၆- ၂၀၁၇ ခုနှစ်မှ ၂၀၂၅-၂၆ ခုနှစ်အထိ ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများပြုစုရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်အား ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့ဝင်တစ်ခုဖြစ်သော International Finance Corporation (IFC) မှ အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ Mr. Vivek Pathek နှင့်အဖွဲ့သည် (၆-၅-၂၀၁၅)ရက်နေ့၊ မွန်းလွဲ(၁၅:၀၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင် အား ဆွီဒင်နိုင်ငံသံရုံး၊ Section Office, Yangon မှ သံမှူးကြီး Mr. Johan Hallenborg ဦးဆောင်သော Hennes and Mauritz (H&M) ဖက်ရှင် ကုမ္ပဏီ ဟောင်ကောင် ရုံးခွဲမှ Ms. Pernilla Halldin နှင့်အဖွဲ့သည် ယနေ့ (၆-၅-၂၀၁၅) ရက်နေ့၊ မွန်းလွဲ ၁၃:၀၀ နာရီ တွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား မစ္စတာမစ်ကီဘာ့ချ်မန်း (ဒုတိယဥက္ကဌ၊ The Richardson Center for Global Engagement) ဦးဆောင်သည့် အမေရိကန်ပြည်ထောင်စု Aspen Institute နှင့် The Richardson Center for Global Engagement တို့ ပူးတွဲ ဖွဲ့စည်းထားသော မိတ်ဖက်အခွင့်အလမ်းရှာဖွေရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ( ၃၀-၄-၂၀၁၅) ရက်နေ့၊ မွန်းလွဲ ၁၅:၃၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံ ဆွေးနွေးသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းသည် ယနေ့ (၃၀-၄-၂၀၁၅) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် နေပြည်တော် သစ်တောဦးစီး ဌာန၊ အင်ကြင်းခန်းမ၌ နော်ဝေနိုင်ငံစိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာသုတေသနဌာန (Bioforsk) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် ယနေ့ (၂၈-၄-၂၀၁၅) ရက်နေ့၊ နံနက်(၀၈:၃၀) နာရီတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ ၌ကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ(NEA)တို့ပူးပေါင်း၍ မြန်မာနိုင်ငံရှိ သဘာဝနယ်မြေများ တွင် Spatial Monitoring and Reporting Tool (SMART) အား အသုံးပြုခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း သည် ယနေ့ ၂၇-၄-၂၀၁၅ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် Grand Amara Hotel ၌ ကျင်းပသော အာရှ-ပစိဖိတ်သစ်တောကွန်ယက်၏ ပထမအကြိမ် အစည်းအဝေးဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အာရှ-ပစိဖိတ်ဒေသနိုင်ငံ(၁၆)နိုင်ငံမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးလုပ်ငန်းကို အလေးထားဆောင်ရွက် လျက်ရှိရာ သဘာဝထိန်းသိမ်းရေးနယ်မြေများတည်ထောင်ခြင်း၊ ဘေးမဲ့တောများ၊ အမျိုးသား ဥယျာဉ်များတည်ထောင်ခြင်း၊ သစ်တောဥပဒေ၊ နည်းဥပဒေ၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးမူဝါဒ၊ ဥပဒေများပြဋ္ဌာန်း ဆောင်ရွက် လျက်ရှိပါသည်။ ရှိပြီးသားအပင်နှင့်တိရစ္ဆာန်မျိုးစိတ်များကို စနစ်တကျထိန်းသိမ်း ထားရှိသကဲ့သို့ မျိုးစိတ်အသစ်များတွေ့ရှိလျှင်လည်း မျိုးစိတ်လေ့လာဖော်ထုတ်ကာ ကာကွယ်ထိန်းသိမ်းလျက် ရှိပါသည်။







