Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
(၁၆-၉-၂၀၂၄) ရက်၊ တနင်္လာနေ့ ၁၀း၀၀ နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများတက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံနှင့်ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဒေါက်တာသိန်းဆောင် (လက်ထောက်ညွှန်ကြားရေးမှူး၊စီမံကိန်းနှင့်စာရင်းအင်း ဌာန)မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။အခမ်းအနားအစီအစဉ်အရ ဒေါ်ခင်ငြိမ်းစံ(ဦးစီးအရာရှိ)မှ ဖိလစ်ပိုင်နိုင်ငံတွင်ပြုလုပ်သည့် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးကဏ္ဍများအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှု၊ ဒေါက်တာအေးမြတ်သူ (ဦးစီးအရာရှိ) မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်တက်ရောက်ခဲ့သည့် ဂေဟဗေဒနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ပါရဂူဘွဲ့သင်တန်းနှင့် ဒေါက်တာဇင်မျိုးထက် (ဦးစီးအရာရှိ)မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်တက်ရောက်ခဲ့သည့် သစ်တောစီမံအုပ်ချုပ်ခြင်းဆိုင်ရာ ပါရဂူဘွဲ့သင်တန်းတက်ရောက်ခဲ့သည့်အတွေ့အကြုံများအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေး ခရိုင်သစ်တောဦးစီးဌာနမှ လင်းခေးမြို့ ရှိ အ-ထ-က (လင်းခေး)၌ မီးခိုးမြူငွေ့လျော့ချရေး၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေး နှင့်သဘာဝဘေးအန္တရာယ်လျော့ချရေး ခရိုင်အဆင့်အသိပညာပေးဟောပြောပွဲအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။
ဟောပြောပွဲတွင် လင်းခေးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး။ ဦးဝင်းဇော် မှ မီးခိုးမြူငွေ့လျော့ချရေးခေါင်းစဉ် မီးခိုးမြူငွေ့ဖြစ်ပေါ်လာရခြင်းအေကြာင်းအရာများ၊မြန်မာနိုင်ငံမှ ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများ၊ လင်းခေးခရိုင်အတွင်းေဆာင်ရွက်လျှက်ရှိသည့် မီးခိုးမြူငွေ့လျော့ချရေးလုပ်ငန်းများအားရှင်းလင်း ပြောကြားခဲ့ပါကြောင်းနှင့် လင်းခေးမြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးနိုင်မှ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးအတွက် သစ်တောများ၏ အရေးပါပုံများအားအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ကြပါသည်။
အသိပညာပေးဟောပြောပွဲအား လင်းခေးမြို့ အ-ထ-က မှ ဆရာ/ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ၊ဌာနဆိုင်ရာ (၁၃၀) ဦး တက်ရောက်ခဲဲ့ပါကြောင်းသတင်းရရှိပါသည်။
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဒက္ခိဏခရိုင်သစ်တောဦးစီးဌာနသည်(၁၁-၁၁-၂၀၂၄)(တနလ်ာနေ့)(၀၉:၃၀)နာရီတွင် ပျဉ်းမနားမြို့နယ်၊အထက(၃)ကျောင်းစုဝေးခန်းမ၌ "မီးခိုးမြူငွေ့လျော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း" ကိုကျင်းပပြုလုပ်ရာ ဒက္ခိဏခရိုင်လ/ထညွှန်ကြားရေးမှူးဦးကျော်ဌေးမှ မီးခိုးမြူငွေ့လျော့ချရေးနှင့်သဘာဝ ဘေးအန္တရာယ် ခေါင်းစဉ်ဖြင့်ဆွေးနွေးဟောပြောခဲ့ပါသည်။တက်ရောက်သူကျောင်းသား/သူများမှသိရှိလိုသည့်မေးမြန်းချက်များကိုလည်းပြန်လည်ဖြေကြားခဲ့ပြီး လစဉ်ထုတ်သစ်တောဂျာနယ်(၅)အုပ်ကို ကျောင်းအုပ်ဆရာမကြီးဒေါ်ညိုညိုစန်းထံပေးအပ်ပါသည်။ဟောပြောပွဲသို့အထက(၃)ကျောင်းအုပ်ကြီးဆရာမဒေါ်ညိုညိုစန်းနှင့်ဆရာမ(၉)ဦး၊Grade10အဆင့်ကျောင်းသား/သူ(၆၀)ဦး၊စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
၁၁-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်၌ မြိတ်မြို့၊ အ.ထ.က ၄၊သာကေတရပ်ကွက်တွင်" မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်အသိပညာပေးခြင်း" ခေါင်းစဥ်ဖြင့် ခရိုင်အဆင့် ဟောပြောပွဲအား ပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါဟောပြောပွဲတွင် မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့် အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ Fire Hotspot များ၏ အကြောင်းအရင်းများအား လက်ထောက်ညွှန်ကြားရေးမှူး -ဦးဇော်လင်းမှ လည်းကောင်း၊ ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့်နည်းလမ်းများ၊ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်း ခြင်းဖြင့် ရာသီဥတုကောင်းမွန်လာစေခြင်း စသည့် အကြောင်းအရာများအား ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုမှ လည်းကောင်း ဟောပြောခဲ့ပြီး အ.ထ.က၄၊ကျောင်းအုပ်ကြီး၊ ဆရာ /ဆရာမ (၁၂)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦး၊စုစုပေါင်း (၁၆၂)ဦးတို့အား တက်ရောက်ခဲ့ပြီး သိရှိလိုသည် များ ပြန်လည်ဖြေကြားခြင်း ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
(၁၁-၁၁-၂၀၂၄) ရက်၊ တနင်္လာနေ့ (၁၀း၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဒေါက်တာသိန်းဆောင် (လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာန)မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ လက်ထောက်ညွှန်ကြားရေးမှုးဦးခိုင်ဇော်ဝင်းမှ အင်ဒိုနီးရှားနိုင်ငံတွင်ပြုလုပ်သည့် အာဆီယံဒေသတွင်း အပူပိုင်းဒေသသစ်တောသယံဇာတများရေရှည်တည်တံ့စေရေး အဆင့်မြှင့်တင်သည့်လုပ်ငန်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာကျော်စိန်ဝင်းမှ ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်သည့် အသေးစားရန်ပုံငွေထောက်ပံ့မှုအစီအစဥ်၏ မိတ်ဖက်အဖွဲ့အစည်းများပါဝင်သည့်အတွေအကြုံဖလှယ်ခြင်းဆိုင်ရာအစည်းအဝေးတက်ရောက်မှုအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် သည့် FD- KFS REDD+ စီမံကိန်းနှင့် သစ်တောဦးစီးဌာန၊ စစ်ဆေးရေးဌာနတို့ ပူးပေါင်း၍ "တရားမဝင်သစ်လျော့နည်းပပျောက်ရေးနှင့် CMRS အားကောင်းလာစေရေး စွမ်းဆောင်ရည် မြင့်တင်ခြင်း သင်တန်းအမှတ်စဉ်(၂)"ကို သာယာဝတီခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးတွင် ဖွင့်လှစ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးမှ virtual အနစ်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို သာယာဝတီခရိုင်နှင့် ပြည်ခရိုင်တို့မှ တောအုပ်ကြီး၊ တောအုပ် သင်တန်းသား (၂၀) ဦးဖြင့် (၂၉.၆.၂၀၂၄) ရက်နေမှ (၁.၇.၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိပါကြောင်း သိရှိရပါသည်။
ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် သည့် FD- KFS REDD+စီမံကိန်းနှင့် သစ်တောဉီးစီးဌာန၊ စစ်ဆေးရေးဌာနတို့ ပူးပေါင်း ၍ "တရားမဝင်သစ် လျော့နည်းပပျောက်ရေးနှင့် CMRS အားကောင်းလာစေရေး စွမ်းဆောင် ရည်မြင့်တင်ခြင်းသင်တန်းအမှတ်စဉ်(၁)"ကို ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တွင် ဖွင့်လှစ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို ပဲခူးခရိုင်နှင့် တောင်ငူခရိုင်မှ တောအုပ်ကြီး၊ တောအုပ်သင်တန်းသား (၂၀) ဦးဖြင့် (၂၂.၆.၂၀၂၄) ရက်နေမှ (၂၄.၆.၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပါကြောင်း သိရှိရပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ စ၍ တရားဝင် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက် နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ အတွင်းမှ (၂-၉-၂၀၂၄)ရက်နေ့မှ (၈-၉-၂၀၂၄) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၈.၆၇၃၀) တန်ဖမ်းဆီးရမိခဲ့ပါသည်။