၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၉-၃-၂၀၂၆ ရက်နေ့၊ အချိန်(၀၉:၀၀)နာရီတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့ အမှတ်(၃၁)အကြီးစားစက်ရုံ(ဘိလပ်မြေစက်ရုံ)တွင် ကျင်းပပြုလုပ်သည့် အမျိုးသမီး များအပါ် အကြမ်းဖက်မှုဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲတွင် သရက်ခရိုင်သစ်တော ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းမိုးက သစ်တောထိန်းသိမ်းရေး၊ တောမီး အန္တရယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

(၁၉-၃-၂၀၂၆)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည် မြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ကျရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ရွာဘဲရပ်ကွက်သူ၊ ရပ်ကွက်သားများအားဖိတ်ကြား၍ ခေတ္တရာ ပျိုးဥယျာဉ်တွင် ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူ (၄၀)ဦး တက်ရောက်ခဲ့ပါကြောင်း၊ မြို့နယ် သစ်တောဦးစီးဌာနမှူး ဦးယဉ်ဝင်းမှ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ကျရေး လုပ်ငန်းများ၊ တောအုပ်ကြီး ဦးခင်မောင်ဌေးမှ သစ်တောပြုစုထိန်းသိန်းရေးလုပ်ငန်းများအား အသိပညာပေးဟောပြောခဲ့ပြီး ဒေသခံများသိရှိလိုသည်များအား ဆွေးနွေးဖြေကြားခြင်းနှင့် ပျိုးဥယျာဉ်တွင် ပျိုးထောင်ခြင်းလုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်းပြောကြားခြင်းတို့ ဆောင်ရွက် ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည် ရေး ဧရိယာအတွင်းမှ (၉-၃-၂၀၂၆)ရက်နေ့မှ (၁၅-၃-၂၀၂၆) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင် ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၁.၆၉၁၂)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၁၉-၃-၂၀၂၆ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဉပုဒ်တော်ရပ်ကွက်ရှိ မန္တလေးလူငယ်သင်တန်းကျောင်းတွင် သစ်တောထိန်းသိမ်းရေး၊ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား (၀၉:၃၀) နာရီတွင် စတင်ကျင်းပခဲ့ရာ ဉီးကျော်ဇင်ထွန်း(ကျောင်းအုပ်ကြီး)မှ အဖွင့်အမှာစကား ပြောကြား ပါသည်။

(၁၇-၃-၂၀၂၆) ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ရေသိုးကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် “‌ရေချွေတာရေးအသိပညာပေးဟောပြော ပွဲ”ကို ဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၃)ဦး၊ ကျေးရွာရာအိမ်မှူး၊ ရေသိုးကျေးရွာမှ ဒေသခံ ပြည်သူ(၂၅)ဦး၊ စုစုပေါင်း(၂၉)ဦး တက်ရောက်ခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၈.၄၅၅၈)တန်၊ သစ်မာ (၈.၄၀၄၄)တန်၊ အခြား (၅၇.၅၀၄၃)တန်၊ စုစုပေါင်း (၈၄.၃၆၄၅)တန်၊ ယာဉ်/ယန္တရား (၁၂)စီး၊ တရားခံ (၁၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၀-၃-၂၀၂၆ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်နယ်၊ စဉ့်ကိုင်ဘိနယ်၊ ရွာသာယာ ကျေးရွာအတွင်းမှ တရားမဝင် ကျွန်း/ အင်ကြင်း/ သစ်ယာ/ ပျဉ်းကတိုး/ သပြေ/ အင် သစ်လုံး/ခွဲသား/လုံးပတ်(၃)ပေအောက်သစ် စုစုပေါင်း (၃၂၈)လုံး/ချောင်း (၄၀.၃၉၂၀) တန်၊ (၆)ဘီးယာဉ် (၆)စီး၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိပါသည်။

(၁၅-၃-၂၀၂၆) ရက်နေ့၊ (၀၈:၀၀) အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်း မြို့နယ်၊ သောင်ခုန်ကျေးရွာ၊ ဘုန်းကြီးကျောင်း၌ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ် ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ရာ ကျေးရွာအုပ် ချုပ်ရေးမှူး(၁)ဦး၊ ကျေးရွာတောင်သူကြီးများ ကျား(၁၉)ဦး၊ မ(၁၅)ဦး၊ စုစုပေါင်း(၃၅)ဦး၊ ‌ကွမ်းခြံ ကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးချမ်းမြေ့ ပါသစ်တောဝန်ထမ်း(၄)ဦး၊ စုစုပေါင်း (၃၉)ဦး တက်ရောက်ခဲ့ပါသည်။

၁၅-၃-၂၀၂၆ ရက်နေ့၊ နေ့လည်ခင်း ၁၃:၀၀နာရီတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်၊ နန့်တုံခူးကျေးရွာပြည်သူ(၂၅၀)ဦး၊ သစ်တောဝန်ထမ်း၊ ဝန်းကျင်သားငှက်(၈)ဦး
စုစုပေါင်း(၂၅၈)ဦးတို့ တက်ရောက်ပြီး ဟောပြောပွဲတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ Video Clip ပြသခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

Pages