၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၂၂.၄.၂၀၂၆)ရက်နေ့၊(၉း၀၀)နာ ရီအချိန်၊‌ပေါင်မြို့နယ်၊သဲဖြူကုန်းကျေးရွာအုပ်စု၊ကန်ဖြူကျေးရွာအ-မ-က (ကန်ဖြူ )၌"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးခြင်း ဟောပြောပွဲကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ သဲဖြူကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်ဇော်ပါကျေးရွာသူ/သားများ ကျား (၅၁)ဦး မ (၄၀) ဦးနှင့် သထုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါ ပေါင်မြို့နယ်မှသစ်တော ဝန်ထမ်း (၁၄)ဦး၊ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဒုတိယဦးစီးမှူးဦးသံစဥ်မှူး၊စုစုပေါင်း ကျား (၆၆)ဦး၊မ( ၄၀)ဦး၊(၁၀၆)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် သထုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းမှသစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဦးသံစဥ်မှူး မှ Fire Hotspot ဖြစ်ပွားမှုလျော့ချရေးနှင့်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခြင်း၊ပညာပေး video clip ပြသခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ရွာသူ/သားများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၂၁-၄-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ၌ ထားဝယ်မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး၌ ကျင်းပဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့၊ သစ်/ပရိဘောဂ/အသေးအဖွဲအရောင်းဆိုင်များမှ
ကျား(၉)ဦး၊မ(၁၆)ဦး၊ စုစုပေါင်း (၂၅)ဦးတက်ရောက်ခဲ့ကြပါသည်။ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးရဲဝင်းအောင် မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး ခေါင်းစဉ်ဖြင့် အကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများမှ သိရှိလိုသည်များကို ဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ ပြန်လည်ဖြေကြားခဲ့ပါကြောင်း သတင်းရရှိသည်။

မြိတ်မြို့နယ်၊သစ်တောဦးစီးဌာနမှတောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို(၂၁-၄-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ၌ မြိတ်မြို့နယ်၊ပသောင်းကျေးရွာအုပ်စု၊တောင်ပုလဲကျေးရွာ ဓမ္မာရုံတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ၊ ရွာသူ၊ရွာသားများ ကျား(၅၇)ဦး၊မ(၁၆)ဦး၊ပေါင်း(၇၃)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၉)ဦး၊ စုစုပေါင်း (၈၂)ဦးတက်ရောက်ခဲ့ကြပါသည်။မြိတ်မြို့နယ်၊သစ်တောဦးစီးဌာန၊ဦးစီးအရာရှိ-ဦးဝေယံမြင့်ချိုမှ တောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ ခေါင်းစဉ်အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ဆက်လက်၍ဟောပြော ပွဲတွင်တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိသည်။

ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ ရေချွေတာသုံးစွဲရေး၊တောင်ယာခုတ်ထွင်မီးရှို့မှုမရှိစေရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို(၂၁-၄-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီ၌ ထားဝယ်ခရိုင်၊ သစ်တောဦးစီးဌာနမှူးရုံး၌ ကျင်းပဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့၊ သစ်/ပရိဘောဂ/အသေးအဖွဲအရောင်းဆိုင်များမှ ကျား(၉)ဦး၊မ(၁၆)ဦး၊ စုစုပေါင်း (၂၅)ဦးတက်ရောက်ခဲ့ကြပါသည်။ ထားဝယ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဦးလွင်ကိုဦးမှ ရေချွေတာသုံးစွဲရေး၊ ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပြီး ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးရဲဝင်းအောင်မှ တောင်ယာခုတ်ထွင်မီးရှို့မှုမရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် အကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများမှ သိရှိလိုသည်များကို ဟောပြောသူများမှ ပြန်လည်ဖြေကြားခဲ့ပါကြောင်းသတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အုပ်ချုပ်မှုအောက်ရှိ သုံးခွမြို့နယ်၊ မင်းရွာအသင်းကျေးရွာ၊ အ.ထ.က (ခွဲ)စာသင်ကျောင်း၌ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူ ငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကို (၂၀.၄.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ရာ အ.ထ.က (ခွဲ) မှ ဆရာမ (၇) ဦး၊ မင်းရွာအသင်းကျေးရွာ မှ ဒေသခံပြည်သူ ကျား ၂၈ ဦး၊ မ ၂၂ ဦး၊ စုစုပေါင်း ၅၀ ဦး၊ သန်လျင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ် ဦးရဲဝင့်ဖြိုး ပါ ကျား(၂၉)ဦး၊ မ(၂၉)ဦး၊ စုစုပေါင်း (၅၈) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးဟောပြောပွဲတွင် သန်လျင်မြို့နယ်၊ မြို့နယ် ဦးစီးဌာနမှူးရုံးမှ သုံးခွဘိနယ် တာဝန်ခံ တောအုပ် ဦးရဲဝင့်ဖြိုး မှ မြန်မာနိုင်ငံရှိ တောအမျိုးအစားများ၊ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံ/ မျိုးကွဲများ၏ အခြေအနေများ၊ သစ်တောနှင့် ဂေဟစနစ်များပျက်စီးရခြင်း အကြောင်းအရင်းများ၊ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများ၊ Fire Hotspot ဖြစ်ထွန်းမှု အခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု၏ဆိုးကျိုးများ၊ သုံးခွမြို့နယ်အတွင်းရှိ ဒီရေတောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများ နှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တော ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင် ၊ လင်းခေးမြို့နယ်၊သစ်တောဦးစီးဌာနမှကြီးမှူး၍ (၂၀-၄-၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်လင်းခေး မြို့နယ်၊ နမ့်တုတ်ကျေးရွာ ဘုန်းတော် ကြီးကျောင်းတွင်"သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ လင်းခေးမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးမှ မြို့နယ်အတွင်းဆောင်ရွက်လျှက်ရှိသည့် မီးခိုးမြူငွေ့လျော့ချရေးလုပ်ငန်းများအားလည်းကောင်း၊မြို့နယ်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိဦးကျော်မျိုးနိုင်မှ" မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ" သိကောင်းစရာများကိုဟောပြောပို့ချခဲ့ပါကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီးဦးဇော်ဝင်းမှ "သစ်တောထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုတွင်သစ်တောသစ်ပင်များ၏အရေးပါပုံ"များအား ရှင်းလင်းဟောပြောခဲ့ပါေကြာင်းနှင့်တက်ရောက်လာသူ ဒေသခံပြည်သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်ဦးစီးဌာနမှူးမှ ပြန်လည်ဖြေကြားခဲ့ပြီး (၁၁:၃၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ ဌာနဆိုင်ရာ (၃)ဦး၊သစ်တောဦးစီးဌာနမှ (၃)ဦး၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံပြည်သူ(၁၀၀)ဦး စုစုပေါင်း (၁၀၆) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံ ပျိုးဥယျာဉ်သို့ သွားရောက်စစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၂၆ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပနိုင်ရေး၊ ဒေသတွင်းစိမ်းလန်းစိုပြည် စေရန်အတွက် လူထုဖြန့် ပျိုးပင်များ ဖြန့်ဝေပေးနိုင်ရေးနှင့် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲကျင်းပနိုင်ရေးအတွက် မြေနေရာ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် အမြင့်(၃)ပေနှင့် အထက်ပျိုးပင်များကို စုဆောင်းထားရှိရန်၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ ရာသီဥတု ပြောင်းလဲမှုများလျော့ချရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းဖြစ်သော သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရန် မှာကြားပြီး ပျိုးဥယျာဥ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

(၂၀-၄-၂၀၂၆) ရက်၊ တနင်္လာနေ့ (၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ ပြည်ပနိုင်ငံများမှ သင်တန်း/ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည် မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူး ချုပ်ရုံးမှ တောအုပ်ကြီးမှဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်းများ တက်ရောက်ပြီး ပြည်နယ်/ တိုင်းဒေသကြီးများမှ တောအုပ်ကြီး၊ ဦးစီးအရာရှိ (၂၀) ဦးစီက online စနစ်ဖြင့် တက်ရောက်ခဲ့သည်။အစီအစဉ်အရ ဒေါ်ဖြူဖြူခိုင် (ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ခင်းလုပ်ငန်းဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဦးစီးအရာရှိ ဒေါ်သင်းသင်းယုမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တက်ရောက်ခဲ့သည့် ရေဝပ်ဒေသအုပ်ချုပ် မှုနှင့် ရွေ့ပြောင်းရေပျော်ငှက်များ ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား Online စနစ် ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးမင်းခန့်ကျော်မှ ထိုင်းနိုင်ငံတွင် တက်ရောက်ခဲ့သည့် စတုတ္ထ အကြိမ်မြောက် တောမီးငြိမ်းသတ်ခြင်းဆိုင်ရာ သင်တန်းဆရာများအတွက် သင်တန်းအားလည်းကောင်း၊ အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်း မှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

Pages