၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ချောက်မြို့နယ်သစ်တောဦးစီးဌာနမှ(၅.-၂.၂၀၂၅)ရက်နေ့(၁၀:၃၀)နာရီအချိန်တွင် ချောက်မြို့နယ် ဂွေးချိုကျေးရွာ (အ•ထ•က)ကျောင်းခန်းမတွင်သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ မြို့နယ်အဆင့်ပြုလုပ်ခဲ့ပါသည်၊ အဆိုပါဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးကြည်လင် မှ သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး ချောက်မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူသူအောင် မှမီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာများ အသိပညာပေးဟောပြောခြင်းအား Projector ဖြင့်ပြသရှင်းလင်းဟောပြောခဲ့ပါသည်၊ ဟောပြောပွဲတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်း(၄) ဦး မြို့နယ်ပညာရေးမှူးရုံးမှ ဒု-ပညာရေးမှူးဦးသန်းလွင်ဦး (အ•ထ•က)ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုး နှင့်ဆရာဆရာမ (၁၀) ဦး ကျောင်းသား/သူ(၂၆၇) ဦး စုစုပေါင်း(၂၈၅) ဦးတက်ရောက်ပါကြောင်းနှင့် ကျောင်းစာကြည့်တိုက်အတွက်သစ်တောကြေးမုံစာအုပ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဆရာကိုင်လက်စွဲစာအုပ်များအား ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

(၅.၂.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃:00)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ်(အ.ထ.က)မကျီးကွင်းကျောင်း၌"သစ်တောထိန်းသိမ်းရေး ၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အစီအစဉ်အားကျင်းပပြုလုပ်ခဲ့ပါသည်။ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းထိုက်မှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ တောအုပ်ကြီး ဦးမြတ်သူရဇော်မှ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေး ဟောပြောခဲ့ရာ ဆရာ/ဆရာမ(၈)ဦး Grade(8/9/10)ကျောင်းသူ/သား (၁၀၀)ဦး၊ သစ်တောဝန်ထမ်း(၇)ဦး၊ မကျီးကွင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဦး၊ စုစုပေါင်း(၁၁၆)ဦး၊ တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

(၅-၂-၂၀၂၅)ရက်နေ့ (၁၀:၃၀)နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ၊ ဒီဒူးပင်ကျေးရွာ ၊ ဓမ္မာရုံ၌ “သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး ၊မီးခိုးမြူငွေ့ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ” အသိပညာပေးအစီအစဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ-ဦးကျော်မိုးမှ"ရာသီဥတု ပြောင်းလဲမှု လျော့ချရေး နှင့်သဘာဝအန္တရာယ်များ ၊ သစ်တောထိန်းသိမ်းရေး ၊ တရားမဝင်သစ်လျော့နည်းပပျောက်ရေး၊ ရေ သယံဇာတထိန်းသိမ်း နှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ “ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး- ဦးစောမောင်ထွန်း မှ “တောမီးလောင်ခြင်းနှင့်မီးခိုးမြူငွေ့ ညစ်ညမ်းမှု “ ခေါင်းစဉ်ဖြင့်လည်းကောင်းအသိ ပညာပေးဟောပြောခဲ့ရာ ဒီဒူးပင်ကျေးရွာမှ ကျေးရွာသူ/သား (၃၅)ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၇)ဦး ၊စုစုပေါင်း (၄၂)ဦးတို့ တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ၅-၂-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၌ ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်၊ အ.ထ.က (၄)တွင် " သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အား မြို့နယ်အဆင့် ကျင်းပပြုလုပ် ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲတွင် ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များ နှင့် ရေသယံဇာတများ ထိန်းသိမ်းရေး၊ ရေဝေရေလဲဒေသများမှ ရေချိုများ ရရှိနေမှု၊ ရေဝေရေလဲဒေသများ၏ အရေးပါမှု၊ ရေချိုများ ချွေတာသုံးစွဲရေး ၊ ရေအရင်း အမြစ်များဝိုင်းဝန်းထိန်းသိမ်း ခြင်း ဆိုင်ရာများအား လည်းကောင်း ဟောပြောပို့ချခဲ့ပါသည်။ဆက်လက်၍ ထားဝယ်မြို့နယ် ၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးခင်မောင်ဆန်းမှ သစ်တော များမှ ပေးသော အကျိုးကျေးဇူးများ၊သစ်တောများ ထိန်းသိမ်းခြင်းဖြင့် သဘာဝးအန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုး၊ပြုစုခြင်း နည်းစနစ်များအား ဟောပြောခဲ့၍ သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊အ.ထ.က (၄) မှ ဆရာ /ဆရာမ (၅)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၄၂ )ဦး၊စုစုပေါင်း (၁၅၁)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအားပြန်လည်ဖြေကြားခြင်း ၊ဟောပြောပွဲတွင်တက်ရောက်လာသူများအားသစ်ပင်စိုက်ပျိုးမှုလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၅-၂-၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ ကလိန်အောင်မြို့၊ အ.ထ.က တွင် " သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲ"အား မြို့နယ်အဆင့် ကျင်းပပြုလုပ် ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲတွင် ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ် ဦးထက်လင်းဦးမှ မီးခိုး/မြူငွေ့ ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များနှင့် ရေသယံဇာတများ ထိန်းသိမ်းရေး၊ ရေဝေရေလဲဒေသများမှ ရေချိုများ ရရှိနေမှု၊ ရေဝေရေလဲဒေသများ၏ အရေးပါမှု၊ ရေချိုများ ချွေတာသုံးစွဲရေး ၊ ရေအရင်း အမြစ်များဝိုင်းဝန်းထိန်းသိမ်း ခြင်း ဆိုင်ရာများ၊ သစ်တောများမှ ပေးသော အကျိုးကျေးဇူးများ၊ သစ်တောများ ထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုး၊ပြုစုခြင်း နည်းစနစ်များအား ဟောပြောခဲ့၍ ကလိန်အောင် မြို့ရဲစခန်းမှ စခန်းမှူး ဝင်းဗိုလ်ပါ (၂) ဦး၊ စရတ(ကရခ)တကကဇင်အောင်နိုင်၊ မီးသတ်ဦးစီးဌာနမှ ဒုဦးစီး မျိုးဆွေဦးပါ(၅)ဦး၊ ဇင်ဘာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော် ၊အ.ထ.က မှ ဆရာ /ဆရာမ (၁၀)ဦး၊ ကျောင်းသား/ကျောင်းသူ (၉၁)ဦး၊စုစုပေါင်း (၁၁၀)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအားပြန်လည်ဖြေကြားခြင်း၊ ဟောပြောပွဲတွင်တက်ရောက်လာသူများအားသစ်ပင်စိုက်ပျိုးမှုလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

(၅-၂-၂၀၂၅)ရက်နေ့ (၀၉:၀၀)နာရီ အချိန်တွင် ပြည်ခရိုင်၊ပေါင်းတည် မြို့နယ်၊မင်းကွက် အ.ထ.ကကျောင်း၌ "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ" အသိပညာပေးအစီအစဉ် ကျင်းပပြုလုပ်ခဲ့ပါသည်။ သစ်တောထိန်းသိမ်းရေး ၊ ရေ သယံဇာတထိန်းသိမ်းရေး၊မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် တောအုပ်ကြီး- ဦးသိန်းတိုးအောင်မှ အသိပညာပေးဟောပြောခဲ့ရာ ဆရာ/ဆရာမ(၅)ဦး၊ကျောင်းသား /သူ (၁၁၁)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၅)ဦး ၊စုစုပေါင်း (၁၂၁)ဦးတို့ တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးလောင်ကျွမ်းမှုထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် (၅.၂.၂၀၂၅) ရက်နေ့ (၉:၃၀ နာရီ မှ ၁၀:၃၀ နာရီ အထိ ) ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၈၅)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အလုံမြိုန့ယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးကောင်းမြတ်သူ က မီးခိုးမြူငွေ့လျော့ချရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် ရေသယံဇာတထိန်းသိမ်းရေး ဆိုင်ရာများ ဆွေးနွေးပြောကြားပြီး သစ်တောသစ်ပင်များကို ကာကွယ်ထိန်းသိမ်းရန်၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းသိမ်းရန်နှင့် Fire Hosposts များ လျော့နည်း ကျဆင်းအောင် တောမီးရှို့ခြင်းနှင့် တောင်ယာမီးရှို့ခြင်းများ မပြုလုပ်ရန် ဟောပြောဆွေးနွေးကာ တက်ရောက်လာသူများမှ မေးမြန်းမှုကို ပြန်လည်ဖြေကြားဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများအား မီးခိုးမြူငွေ့နှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များနှင့် ကျောင်းစာကြည့်တိုက်အတွက် သစ်တောကြေးမုံစာအုပ်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုချုပ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်ရှိ သစ်တောသုတေသနစခန်း အမှတ် ၅၊ မိုးစွေသို့ သွားရောက်၍ တောတွင်းလက်တွေ့လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေသော သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ တတိယနှစ် ကျောင်းသား၊ကျောင်းသူများနှင့်တွေ့ဆုံသည်။

Pages