Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

မဲခေါင်-လန်ချား ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)စီမံကိန်း(Mekong- Lancang Cooperation Special Fund Project)အရ ဆောင်ရွက်လျက်ရှိသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဖွံ့ဖြိုးတိုးတက်စေရေးပြည်သူတို့၏ အသက်မွေးဝမ်းကျောင်းမြှင့်တင်စေရန်အတွက် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနည်းစနစ်ဖွံ့ဖြိုးစေခြင်းစီမံကိန်း၏ အလုပ်‌လျှောက်လွှာခေါ်ယူခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၆.၆၅၉၉)တန်၊ သစ်မာ (၅.၆၃၆၆)တန်၊ အခြား (၇.၉၇၆၄)တန်၊ စုစုပေါင်း (၄၀.၂၇၂၉)တန်၊ ယာဉ်/ ယန္တရား (၁၂)စီး၊ တရားခံ (၁၁)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၉-၉-၂၀၂၃ ရက်နေ့၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူဘိနယ်၊ ရေလဲကျေးရွာနှင့် ညောင် ချောင်းကျေးရွာကြား၊ သပြုကျေးရွာမြောက်ဘက် (၂)မိုင်ခန့်အကွာ၊ ဧရာဝတီမြစ် ကမ်းစပ်မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး ခွဲသား/လုံးပတ်၃ပေအောက်သစ်/ဗုံတို စုစု ပေါင်း (၄၂၆)ချောင်း/လုံး (၁၁.၆၁၅၉)တန်၊ စက်တပ်ရေယာဉ် (၁)စီး၊ (ဘေးတွဲ) စက်လှေ(အင်ဂျင်မပါ) (၂)စီး၊ လှေ (၁)စီး၊ တရားခံ (၆)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၈-၉-၂၀၂၃)ရက်နေ့မှ (၂၄-၉-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၈.၅၆၀၂) တန်ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၄-၉-၂၀၂၃)ရက်နေ့မှ (၁၀-၉-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၇.၄၂၇၈) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၁.၆၂၀၆)တန်၊ သစ်မာ (၈.၀၀၂၇)တန်၊ အခြား (၁၇.၃၁၈၄)တန်၊ စုစုပေါင်း (၃၆.၉၄၁၇)တန်၊ ယာဉ်/ ယန္တရား (၉)စီး၊ တရားခံ (၂၃) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၁-၉-၂၀၂၃ ရက်နေ့၊ ရခိုင်ပြည် နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ဒေါင့်ချောင်းစစ်ဆေးရေးဂိတ်တွင် တရားမဝင် တောင် သရက်ခွဲသား (၅၂)ချောင်း (၇.၆၀၉)တန်၊ Nissan Diesel (၆)ဘီးယာဉ် (၁)စီး၊ တရားခံ (၂)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-

တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းတွင် စီမံကိန်းလုပ်ငန်းများဆောင်ရွက် နိုင်ရန်အတွက်လိုအပ်လျက်ရှိသည့် မိချောင်းလှောင်းအမြဲတမ်းပျိုးဥယျာဉ်တွင် ပျိုးဥယျာဉ်လုပ်သား(၁)ဦး၊ ဟိန္ဇဲစခန်းခွဲရုံးမှ ဒေသခံလုံခြုံရေးဝန်ထမ်း (၁)ဦး အတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း

တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းတွင် စီမံကိန်းလုပ်ငန်းများဆောင်ရွက် နိုင်ရန်အတွက်လိုအပ်လျက်ရှိသည့်စီမံကိန်းဒါရိုက်တာရုံးတွင် ယာဉ်မောင်း(၁)ဦး၊ ဥယျာဉ်အုပ်ချုပ်‌ရေးမှူးရုံးတွင် ရုံးလက်ထောက်(၁)ဦး အတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၄-၇-၂၀၂၃)ရက်နေ့မှ (၃၀-၇-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၅.၂၁၀၂) တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages