Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
ကျောက်မဲခရိုင်၊ သစ်တောဦးစီးဌာန မှ (၂၄.၅.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီ အချိန် အထက(၁)ကျောက်မဲမြို့၊ သီရိရတနာခန်းမတွင် `သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ’ အားကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် ပထမဦးစွာ ကျောက်မဲခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းမှ `သစ်တောများနှင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေး’ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါကြောင်း၊ သီပေါမြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းကိုမှ `သစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများအကြောင်း သိကောင်းစရာများ၊ သစ်တော များနှင့် ရေဝေရေလဲဒေသများထိန်းသိမ်းရေး’ နှင့်ပတ်သတ်၍သိကောင်းစရာများ အား လည်းကောင်း၊ နမ္မတူမြို့နယ်၊သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးသက်ပိုင်ဇော်မိုးမှ `သစ်တောများမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ´ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပါသည်။
နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား "သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးအစီအစဉ်အရ ၂၆-၄-၂၀၂၄ရက်နေ့ ၊နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း (လမ်း၃၀၊ ၆၃ x ၆၄ လမ်းကြား)၊ စုဝေးခန်းမတွင် မန္တလေးခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမြအောင်နှင့် ရမည်းသင်းခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းတို့ ဦးဆောင်၍ ''မြန်မာနိုင်ငံ၏ သစ်တောဂေဟစနစ်ထိန်းသိမ်းရေးလုပ်ငန်းများ''ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ဆရာမများနှင့် ကျောင်းသူများအား သစ်တောသစ်ပင် စိုက်ပျိုးခြင်း နည်းစနစ်မှန်ကန်သိရှိစေရန် သရုပ်ပြ၍ ကျောင်းဝင်းအတွင်း အမှတ်တရ ပျိုးပင်များ စိုက်ပျိုးခြင်းကို စုပေါင်းဆောင်ရွက်ခဲ့ပါသည်။
(၂၄-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှမြို့နယ်ဦးစီးအရာရှိ ဦးနေမျိုးဝင်း(၂)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ချစ်နှင်းသုန်တို့သည် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် " သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှား ဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး "ခေါင်းစဥ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာအသိပညာပေး Talk Showအား ပေါက်ခေါင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အသိပညာ ပေး Talk Show တွင်ကမ္ဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ ၂၀၂၄ ခုနှစ်အတွက် သတ်မှတ်ထားသည့်ဆောင်ပုဒ်၊ သဲကန္တာရအဓိပ္ပါယ်၊ သဲကန္တာရ ဖြစ်ထွန်းရခြင်း နှင့်အကျိုးသက်ရောက်မှုများ၊ သဲကန္တာရဖြစ်ထွန်းမှုနှင့်မိုးခေါင်ရေရှားမှုဒဏ် လျော့နည်း အောင်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်ပတ်သက်၍ သစ်တောဦးစီးဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို အသိပညာပေးနေသည့် လုပ်ငန်းများကိုအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား "သစ်တောနှင့် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ရမည်းသင်း မြို့ ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း စာကြည့်တိုက်တွင် (၂၄-၅-၂၀၂၄) ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူ (၁၀၀)ဦး တက်ရောက်ကြပါသည်။ ရှေးဦးစွာ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းနှင့် ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဉာဏ်တင်တို့မှ အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးမှ ''သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ မျိုးဆက ပျက်သုံးဆဲ တောရိုင်းတိရိစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ရေဝေရေလဲထိန်းသိမ်းရေးနှင့်သစ်တောများမှ ရရှိသည့်အကျိုးကျေးဇူးများ ကိုပရိုဂျက်တာဖြင့်အသိပညာပေး ဟောပြော ဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများမှ ဖြေကြားကာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ အ-ထ-က(၁) န၀ရတ်ခန်းမတွင် သဘာ၀ပတ်၀န်းကျင်သစ်တောသစ်ပင်နှင့်ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၂၄-၅-၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ ပုသိမ်ခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးထွန်းထွန်းမင်း၊ မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးတင့်နှင့် ၀န်ထမ်းများ၊ အ-ထ-က(၁) ကျောင်းအုပ် ဆရာမကြီးနှင့်ဆရာ / ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၁၀၀)ဦး တက်ရောက် ခဲ့ကြပါသည်။ အခမ်းအနားတွင် လက်ထောက်ညွန်ကြားရေးမှူး ဦးထွန်းထွန်းမင်းမှ သစ်တောသစ်ပင်နှင့်ဇီ၀မျိုးစုံထိန်းသိမ်ရေးသည် ရာသီဥတုနှင့် သက်ရှိသတ္တဝါးများအတွက် အလွန်အရေးပါကြောင်း၊ တောရိုင်းတိရစ္ဆာန်များ သက်ဖြတ်ခံရမှု မရှိစေရေးနှင့် သစ်တော ပြုန်းတီးမှု့များမဖြစ်ပေါ်စေရေးအတွက် ဝိုင်း၀န်းထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး၊ ဦးစီးအရာရှိ ဦးစိုးတင့်မှ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး ဆိုင်ရာအကြောင်းအရာများကိုအကျယ်တ၀င့်ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြီး မြို့နယ်သစ်တောဦးစီးအရာရှိရုံး မြို့မပျိုးဥယျာဉ်တွင် မိုးရာသီ သစ်ပင်များအခမဲ့ဖြန့်ဝေစိုက်ပျိုးရန်ပျိုးထောင်ထားရှိမှု့အား သွားရောက်လေ့လာခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဦးစီးအရာရှိတို့မှ အသေးစိတ်ရှင်းလင်းပြသခဲ့ပါကြောင်းသိရှိရပါသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ၊ ရငွေနှင့််ထုတ် လုပ်မှုလျာထားချက်များ ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယ နေ့ကို ၂၆-၄-၂၀၂၄ ရက်နေ့ နေ့လယ် ၁၃:၀၀ နာရီတွင် သစ်တောဦးစီးဌာနရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပ ပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးရုံးချုပ်နှင့် နေပြည်တော်၊ပြည်နယ်/တိုင်းဒေသကြီးများမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက် ကြပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ဝန်ထမ်းမိသားစုက မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းသည့် အချိန်အခါသမယကို ကြိုဆိုသောအားဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲနှင့် စတုဒီသာကျွေးမွေးခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် သစ်တောဦးစီးရုံးချုပ် အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ရီ တက်ရောက်၍ မြန်မာ့နှစ်သစ်ကူးအမှာစကားမြွတ်ကြားခဲ့ပါသည်။
သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းတွင် စီမံကိန်းကာလအတွင်း လစ်လပ်လျှက်ရှိသော အောက်ဖော်ပြပါ ကင်းလှည့်ထိန်းသိမ်းရေးဝန်ထမ်းနေရာအတွက် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသောသူများ လျှောက်ထားနိုင်ပါသည်-