Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၉.၅၆၈၅)တန်၊ သစ်မာ (၁၄.၇၃၆၂)တန်၊ အခြား (၁၃.၆၈၄၆)တန်၊ စုစုပေါင်း (၇၇.၉၈၉၃)တန်၊ ယာဉ်/ ယန္တရား (၉)စီး၊ တရားခံ (၁၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၈-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၅၄၊ ၅၅၊ ၆၃၊ ၈၀၊ ၈၁၊ ၁၁၁) တို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်လုံး/ခွဲသား/ခွဲခြမ်း စုစုပေါင်း (၂၆၉) လုံး/ချောင်း/ခြမ်း (၂၁.၆၁၃၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၁-၁၂-၂၀၂၃)ရက်နေ့မှ (၁၇-၁၂-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၄၈.၂၉၉၅) တန်ဖမ်းဆီးရမိခဲ့ပါသည်။

“Quantum Geographic Information System (QGIS) အားအသုံးပြု၍ သစ်တောမြေပုံ ထုတ်လုပ်ခြင်းနှင့် အခြေခံစာရင်းအင်းပညာ (Statistics)အသုံးချခြင်းဆိုင်ရာ စွမ်းဆောင် ရည်မြှင့်တင်ခြင်းသင်တန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက် ၈နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာ စကားပြောကြားသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာများ၊ သင်တန်းသားများ နှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြောင်း သတင်းရရှိသည်။

နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ (စတုတ္ထအကြိမ်) အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကားပြောကြားသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂.၉၉၃၀)တန်၊ သစ်မာ (၄၈.၉၅၁၆)တန်၊ အခြား (၁၉.၁၇၀၄)တန်၊ စုစုပေါင်း (၇၁.၁၁၅၀)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၅) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁-၁၀-၂၀၂၃ ရက်နေ့၊ ရခိုင်ပြည် နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ဆပ်သွားဘိနယ်၊ ဆပ်သွားချောင်းမကြီးဘေး ဒေသ အခေါ် ကျောင်းတောင်ဆိပ်ကမ်းမှ တရားမဝင် တောင်သရက်/ကညင်ခွဲသား (၃၇) ချောင်း (၇.၁၉၈၈)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၀.၈၅၈၅)တန်၊ သစ်မာ (၁၉.၀၈၈၈)တန်၊ အခြား (၆.၈၀၃၄)တန်၊ စုစုပေါင်း (၅၆.၇၅၀၇)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၂၀) ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၄-၁၀-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ မြို့မ(၃)ဘိနယ်၊ မဲခုန်ကျေးရွာအုပ်စု၊ မြသီတာ ကျေးရွာ၊ အမှတ်(၂၀၂၀) လေကြောင်းရန်တပ်သွားလမ်းနှင့် အမြန်လမ်းသို့ ဖောက် လုပ်နေသည့်လမ်းဆုံမှ တရားမဝင် ပျဉ်းကတိုးခွဲသား (၂၀၄) ချောင်း (၁၀.၇၆၅၀) တန်၊ ယာဉ်(၄)စီး၊ တရားခံ(၆)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀.၃၈၂၆)တန်၊ သစ်မာ (၆.၈၃၀၇)တန်၊ အခြား (၁၀၃.၉၁၁၀)တန်၊ စုစုပေါင်း (၁၂၁.၁၂၄၃)တန်၊ ယာဉ်/ ယန္တရား (၂)စီး၊ တရားခံ (၇) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၁၂-၂၀၂၃ ရက်နေ့၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ လွဲကြီးဘိနယ်၊ ပေါင်းလောင်းကြိုး ဝိုင်း၊ အကွက်အမှတ်(၁၈၄)အတွင်းမှ တရားမဝင် ကညင် သစ်လုံး/သစ်ခြမ်း/သစ်စိတ် စုစုပေါင်း (၂၄)လုံး/ခြမ်း/စိတ် (၁၆.၂၄၁၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၄-၁၂-၂၀၂၃)ရက်နေ့မှ (၁၀-၁၂-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၇၇.၁၆၃၅) တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages