၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊အစည်းအဝေးခန်းမ၌ (၂၁-၁၀-၂၀၂၅)ရက် နံနက် ၉း၃၀ နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာနခွဲမှ ဦးဆောင်၍ ပြည်ပနိုင်ငံခြားတွင် မဟာသိပ္ပံဘွဲ့သင်တန်း၊ ပါရဂူဘွဲ့ သင်တန်း၊ ကာလရှည် သင်တန်း တက်ရောက်လျက်ရှိသည့် ပညာသင်များအား (Online)မှတွေ့ဆုံဆွေးနွေးပွဲ အစီအစဉ် ကျင်းပဆောင်ရွက်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး တက်ရောက်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူးများနှင့်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တက်ရောက်သူ (၁၀) ဦး၊ပြည်ပနိုင်ငံခြား ပညာသင် (၂၅) ဦး၊ မြန်မာနိုင်ငံတွင် အွန်လိုင်းမှ ပါရဂူဘွဲ့ သင်တန်းတက်ရောက်သူ (၁) ဦး စုစုပေါင်း (၃၆) ဦး တက်ရောက်သည်။ တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်တွင် ညွှန်ကြားရေးမှူးချုပ်က ပြည်ပနိုင်ငံခြား ပညာသင်များအား ခွင့်ပြု ပညာသင်ကာလအတွင်း သတ်မှတ်ဘွဲ့များ အောင်မြင်စွာရရှိရေး ဆောင်ရွက်ရန်၊ ပညာသင် ကာလပြီးစီးပါက ဌာနတွင် ပြန်လည်ထမ်းဆောင်ရန်နှင့် သင်ယူခဲ့သည့် ပညာရပ်များနှင့် ပတ်သက်၍ မိမိဌာနနှင့် နိုင်ငံတော််အတွက် ပြန်လည်အသုံးချနိုင်စေရေး ဆက်လက်ဆောင်ရွက်သွားရန်၊ ပညာသင်ကြားနေစဉ်ကာလအတွင်း အခက်အခဲ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက သုံးလပတ် အစီရင်ခံစာများတွင် အချိန်မီ တင်ပြသွားနိုင်ရေး မှာကြားဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့််စီမံကိန်း)နှင့် လေ့ကျင့်ရေးနှင့် သုတေသန ဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးတို့မှ နိုင်ငံခြားပညာသင်များ လိုက်နာ ဆောင် ရွက်ရမည့် နိုင်ငံခြားပညာသင်ဆိုင်ရာ ညွှန်ကြားချက်များနှင့် စည်းကမ်းချက်များ လမ်းညွှန် မှာကြားခြင်း အား ဆောင်ရွက်ခဲ့သည်။ အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲသို့ အမေရိကန်၊ ဖင်လန်၊ စပိန်၊ ပြင်သစ်၊ ဩစတြီးယား၊ ရိုမေးနီးယား၊ အီတလီ၊ ပေါ်တူဂီ၊ တူရကီ၊ ဂျာမနီ၊ နယူးဇီလန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ် စသည့် နိုင်ငံပေါင်း (၁၄) နိုင်ငံတွင် တက် ရောက်ပညာသင်ကြားလျက်ရှိသည့် မဟာသိပ္ပံ ဘွဲ့သင်တန်း (၁၁) ဦး၊ ပါရဂူဘွဲ့သင်တန်း (၁၃) ဦး နှင့် ကာလရှည် Fellowship သင်တန်း (၁) ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၃.၉၄၅၈)တန်၊ သစ်မာ (၂၅.၉၆၈၆)တန်၊ အခြား (၂၀.၅၆၀၆)တန်၊ စုစုပေါင်း (၆၀.၄၇၅၀)တန်၊ ယာဉ်/ယန္တရား (၄)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၈-၁၀-၂၀၂၅ ရက်နေ့တွင် ပဲခူး တိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဝေါဘိနယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၆၆/၃)နှင့် (၆၆/၄)ကြား၊ လမ်း၏ဝဲဘက်ရှိ PUMA ဆီဆိုင်ရှေ့မှ တရား မဝင် ပျဉ်းကတိုး ခွဲသား/လျှာထိုး (၁၂၁၈၂)ချောင်း (၁၄.၄၉၃၆)တန်၊ (၂၂)ဘီး(တွဲ) ယာဉ် (၁)စီး၊ တရားခံ (၂)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၌ လစ်လပ် လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ ရေးဖြေစာမေးပွဲစစ်ဆေးခြင်း ကို ၁၈-၁၀-၂၀၂၅ ရက်နေ့မှ ၁၉-၁၀-၂၀၂၅ ရက်နေ့အထိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် တွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများအနက် အောက်ဖော်ပြပါ (၄၁)ဦးအား ၂၄-၁၀-၂၀၂၅ ရက်နေ့ (သောကြာနေ့) နံနက် (၀၉ : ၀၀) နာရီအချိန်မှစ၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တော သုတေသနဌာနခွဲ၌ လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၂) (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ များနှင့်အညီ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ၁၈-၁၀-၂၀၂၅ ရက်နေ့မှ ၁၉-၁၀-၂၀၂၅ ရက်နေ့အထိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများအနက် အောက်ဖော်ပြပါ (၂)ဦးအား ၂၄-၁၀-၂၀၂၅ ရက်နေ့ (သောကြာနေ့) နံနက် (၀၉ : ၀၀) နာရီ အချိန် မှစ၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး တွင် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၆-၁၀-၂၀၂၅)ရက်နေ့မှ (၁၂-၁၀-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၅.၉၈၁၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ (16.10.2025) ရက်နေ့၊ နံနက်(09:00)နာရီအချိန်၌ ကလိန်အောင်မြို့၊ အ.ထ.က စာသင်ကျောင်း တွင် မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲအား မြို့နယ်အဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲတွင် ရေဖြူမြို့နယ်၊ သစ်တောဦးစီး ဌာနမှ တောအုပ် ဦးထက်လင်းဦးမှ မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုး မြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီး အန္တရာယ်နှင့်ကြိုတင်ကာကွယ် နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များနှင့် သစ်တောများ ထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီ ဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုး၊ ပြုစုခြင်းနည်းစနစ်များအား ဟောပြောခဲ့၍ ဇင်းဘာ အုပ်ချုပ်ရေးမှူး၊ အ.ထ.က စာသင်ကျောင်းမှ ဆရာ /ဆရာမ(၅)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၃၉)ဦး၊ စုစုပေါင်း တက်ရောက်သူ ကျား (၇၁)ဦး၊ မ (၇၄)ဦးဖြင့် (၁၄၅)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအား ပြန်လည်ဖြေကြားခြင်း၊ ဟောပြောပွဲတွင် တက်ရောက်လာသူများအား သစ်ပင်စိုက်ပျိုးမှုလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ သည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ၁၆.၁၀.၂၀၂၅ ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်၌ အ.ထ.က (၁)၊ အင်္ဂမော်ကျောင်းတွင် “ဒီရေတောထိန်းသိမ်း ရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ”အား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဒီရေတောထိန်းထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်း များ၊ ဒီရေတောသစ်တောသစ်ပင်များမှရရှိသော တိုက်ရိုက်/သွယ်ဝိုက်အကျိုးကျေးဇူးများအား ဦးစီးအရာရှိဦးဝေယံမြင့်ချိုမှဟောပြောပြီး၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း တည် ထောင်ခြင်းလုပ်ငန်းစဉ်များအား တောအုပ်ကြီး ဦးကျော်မြင့်ထွန်းမှလည်းကောင်း ဟောပြောခဲ့ ပြီး၊ ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်းအား ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုမှ ပြန်လည်ဖြေကြားပြီး ကျောင်းသုံးဗလာစာအုပ်များနှင့် ဘောပင်များပေးအပ် လှူဒါန်းခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ အင်္ဂမော်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ၊ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၆၁)ဦးတက်ရောက်ခဲ့ပြီး၊ တက်ရောက်လာသူများအား သစ်တောဦးစီးဌာန ဝန်ထမ်း များက ဒေသခံပြည်သူအစုအဖွဲ့သစ်တောလုပ်ငန်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ပါကြောင်း သတင်းရရှိသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ သစ်တောသုတေသနဌာနခွဲ၌ လစ်လပ်လျက်ရှိသော သုတေသနလက် ထောက်(၂) (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများတွင် ခန့်ထားနိုင်ရန် ရေးဖြေစာမေးပွဲကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း၊ ရေးဖြေစစ်ဆေးခြင်းကျင်းပမည့်အစီအစဉ်နှင့် ဖြေဆိုခွင့်ရရှိသူများ ၏ ခုံအမှတ်များအား ပူးတွဲပါ PDF file တွင် ကြည့်ရှုနိုင်ပါရန် ကြေညာအပ်ပါသည်။

Pages