Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၁၇.၁၁၂၅)တန်၊ သစ်မာ (၂၇.၆၂၅၆)တန်၊ အခြား (၆၂.၇၆၃၄)တန်၊ စုစုပေါင်း (၂၀၇.၅၀၁၅)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၄၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၉-၅-၂၀၂၃ ရက်နေ့၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ညောင်တုန်းမြို့၊ မဲဇလီဘိနယ်၊ ပန်းလှိုင်မြစ်ကမ်းဘေးမှ တရားမဝင် ကျွန်းခွဲသား (၁၇၉)ချောင်း (၆၅.၈၅၂၂)တန်၊ ရေယာဉ်(၁)စီး၊ အင်ဂျင် (၁)လုံးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၀-၂-၂၀၂၃)ရက်နေ့မှ (၂၆-၂-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၆၁.၈၅၆၄) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇၇.၁၇၅၈)တန်၊ သစ်မာ (၃၁.၇၉၄၈)တန်၊ အခြား (၁၀၇.၆၉၀၂)တန်၊ စုစုပေါင်း (၂၁၆.၆၆၀၈)တန်၊ ယာဉ်/ ယန္တရား (၂၀)စီး၊ တရားခံ (၂၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၂-၂၀၂၃ ရက်နေ့၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ လေးအိမ်တန်းကျေးရွာ တစ်ဖက်ကမ်း၊ ငဝန်မြစ်အတွင်း/ ခင်တန်အောက်စု တစ်ဖက်ကမ်း၊ ငဝန်မြစ်အတွင်း/ ညောင်ကုန်းရွာ အနီး၊ ငဝန်မြစ်အတွင်း/ စက်ဒေါင့်ကြီးကျေးရွာအနီး၊ ငဝန်မြစ်အတွင်း/ ပေါက်လွတ် ကျေးရွာအနီး၊ ငဝန်မြစ်အတွင်း/ ညောင်မှော်ကျေးရွာ တစ်ဖက်ကမ်း၊ ငဝန်မြစ်အတွင်း တို့မှ တရားမဝင် ဘောင်ဆန့်ခွဲသား (၂၆၄)ချောင်း (၃၆.၆၆၇၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၃-၃-၂၀၂၃)ရက်နေ့မှ (၁၉-၃-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၉၁.၅၄၃၆) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၄.၃၈၅၆)တန်၊ သစ်မာ (၃၁.၁၀၂၀)တန်၊ အခြား (၁၅၂.၃၁၈၆)တန်၊ စုစုပေါင်း (၂၀၇.၈၀၆၂)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၄၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၃-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျွဲမကိုင်းဘိနယ်၊ ကဒင်ဘီးလင်း ကြိုးဝိုင်း၊ အကွက်အမှတ် (၃၆၊ ၃၈၊ ၃၉၊ ၄၇) တို့အတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ ကညင်/ တောင်သရက်/ ခူသန်/ ချဉ်ယုတ်/ အောက်ချင်းစာ/ ဘင်္ဂ/ မျောက်ချော/ ရုံး/ သစ်ဆိမ့်/ ဖန်ခါး/ သဒီ သစ်လုံး/ ခွဲသား/ လုံးပတ်၃ပေအောက်သစ် (၁၃၇)လုံး/ချောင်း (၄၅.၃၀၆၂)တန်၊ ချိန်းဆော (၄)လက် တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၄၆၂)ဧကရှိသောနယ်မြေကို “လုံမုံ ကြိုးပြင် ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၃၀/၂၀၂၃)အရ ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့် ကျော်(၉)ရက်၊ (၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
လုံမုံကြိုးပြင်ကာကွယ်တောအနီးအနားရှိသဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန်၊ ရေ၊ မြေ ထိန်းသိမ်းကာကွယ်ရန်၊ ဇီးဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန် ၊ ရာသီဥတု ညီညွတ်မျှတစေရန် နှင့် သစ်တောဦးစီးဌာနမှ တည်ထောင်စိုက်ပျိုးခဲ့သည့် စီးပွါးရေး (ထင်းရှူး) စိုက်ခင်းဟောင်းများနှင့် ယင်းတို့နှင့် တဆက်တည်းရှိသည့်သစ်တော ဖုံးလွှမ်းသည့်ဧရိယာအား ထိန်းသိမ်းကာကွယ်ရန်ရည်ရွယ်၍ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၈-၅-၂၀၂၃)ရက်နေ့မှ (၁၄-၅-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၄၆.၄၄၂၅) တန်ဖမ်းဆီးရမိခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်း ကျရောက်နေသည့်ဧရိယာအကျယ်အဝန်း(၆၇၈.၁၉)ဧကရှိသောနယ်မြေကို “ကျောက်တစ်လုံး ကြိုး ပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၂၉/၂၀၂၃)အရ ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့် ကျော် (၉)ရက် (၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

Pages