Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ( ၅.၆.၂၀၂၄) ရက်နေ့
နံနက်(၀၈း၀၀) နာရီအချိန်တွင် သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ အမှတ်( ၁) အခြေခံပညာ အထက်တန်းကျောင်းပိုင်မြေနေရာ၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် မိုးရာသီ သစ်ပင်စိုက်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ သထုံခရိုင်တပ်နယ်မှူး၊ ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ သထုံခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးမင်းစိုး နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ် ဆရာကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြား ထားသူများနှင့်အခြားစိတ်ပါဝင်စားသူများ၊ စုစုပေါင်းအင်အား (၂၀၀)ဦးခန့်တက်ရောက်ပြီး၊ ပိတောက် (၁၀၀) ပင်၊ကံ့ကော် (၁၀၀) ပင်၊မဟော်ဂနီ (၁၀၀)ပင်၊ မန်ဂျန်ရှား (၁၈၀)ပင်၊ စိန်ပန်း (၅၀)ပင်၊ ငုရွှေဝါ (၅၀)ပင်၊ စုစုပေါင်း သစ်ပင် (၅၈၀ ) ပင်ကို အောင်မြင်စွာစုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ သီဟိုဠ်စမ်းတောရ ဘုန်းကြီးကျောင်းဝင်းအတွင်း(၅-၆-၂၀၂၄)ရက်နေ့၊ နံနက်(၈း၀၀)နာရီတွင် ကမ္ဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ရာ ကျိုက်မရောမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိခင်နှင့်ကလေးများစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ကျေးရွာဒေသခံ ပြည်သူများစုစုပေါင်း(၈၇)ဦး တက်ရောက်၍ ကျွန်း(၅၀)ပင်၊ ပျဉ်းကတိုး(၂၀၀)ပင်၊ မဟော်ဂနီ (၁၅၀)ပင်၊ စိန်ပန်း(၃၀)ပင်နှင့် အော်ရီးရှား(၂၇၀)ပင် စုစုပေါင်းအပင်(၇၀၀)အား စိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော်ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ အတွင်းမှ (၃-၆-၂၀၂၄)ရက်နေ့မှ (၉-၆-၂၀၂၄) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၆၄.၀၇၇၀) တန်ဖမ်းဆီးရမိခဲ့ပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် (၅-၆-၂၀၂၄) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အား ဂုဏ်ပြုသောအားဖြင့် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊(မိုးရာသီ) သစ်ပင်စိုက်ပျိုးပွဲကို (၅-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် ကျိုက်ထိုမြို့၊ ကော့စံ နိုင်ရပ်ကွက်၊ အ.ထ.က(၂) ကျောင်းတွင် ကျင်းပပြုလုပ်ရာ ကျိုက်ထိုခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ခရိုင်အဆင့်အရာရှိများ၊ ကျိုက်ထိုမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် မြိုနယ်အဆင့် အရာရှိများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးခန့်တက် ရောက်ခဲ့ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ သင်္ကန်း၊ ရင်ခတ်၊ သစ်တို၊ ယမနေ၊ သစ်ပုပ်၊ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ မန်ဂျန်ရှား စုစုပေါင်း သစ်မျိုး(၁၂)မျိုး၊(၄၅၀)ပင်အား စိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။

ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ သစ်တောဦးစီးဌာန ၂၀၂၄ခုနှစ် မိုးရာသီ ခရိုင်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကိုဘုတ်ပြင်းမြို့ ရာဇမုနိစေတီတောင်ခြေရင်း ဧရိယာအတွင်း (၅.၆.၂၀၂၄)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၀၇:၃၀)အချိန် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်ဝင်းဌေး တက်ရောက်၍ ပျဉ်းကတိုးပင်အားစိုက်ပျိုးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်အောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဝင်း ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမျိုးသမီးရေးရာအသင်း ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အ.ထ.က ဘုတ်ပြင်းမြို့ ကျောင်းအုပ်ကြီး ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ကြက်‌ခြေနီအသင်း စုစုပေါင်း(၄၅၀)ဦးတက်ရောက်ပြီး မဟော်ဂနီ(၅၀)ပင် သင်္ကန်း(၄၀)ပင်၊ ပျဉ်းကတိုး (၂၅၀)ပင်၊ မန်ဂျန်ရှား(၂၀၀)ပင်၊ စုစုပေါင်း (၅၄၀)ပင်အား အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန် လျှော့ချနိုင် စေရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို (၅-၆-၂၀၂၄) နံနက် (၈း၀၀)နာရီ က ရေလဲကျေးရွာအုပ်စု၊ တင်းကုတ်စုကျေးရွာ အတွင်း စုပေါင်း စိုက်ပျိုးခဲ့ပါသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား ဒုမြို့နယ်မှူး ဦးချစ်ဝေအောင်၊ အဖွဲ့ဝင်( ၁ )ဗိုလ်မှူး ဟိန်းထက်ဇော်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းအေးချမ်းဇွန်၊ သစ်တောဦးစီးဌာနမှ မြို့နယ် တာဝန်ခံ တောအုပ် ဦးအောင်မျိုးမင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၀၀) ဦးခန့်တို့က မန်ဂျန်ရှား(၂၀၀)ပင်၊ ကျွန်း(၇၅)ပင်၊ ယူကလစ် (၇၅)ပင်၊ မဟော်ဂနီ(၁၅၀)ပင် စုစုပေါင်း(၅၀၀)ပင်စိုက်ပျိုးခဲ့ကြပါသည်။

သစ်တောဦးစီးဌာန၊ တန့်ယန်းမြို့နယ်မှ (၅.၆.၂၀၂၄) ရက်နေ့၊ နံနက် (၈း၀၀)နာရီ အချိန်တွင် စစ်ဗျူဟာ(အခြေချ) တန့်ယန်း တပ်မြေအတွင်း၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ရာ စစ်ဗျူဟာမှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာများ စုစုပေါင်းအင်အား(၃၀၀) ဖြင့်ကျွန်း၊ မယ်ဇလီ၊ ချယ်ရီ၊ ခါတော်မီ၊ ထင်းရှူး စုစုပေါင်း (၃၀၀)ပင်အား စိုက်ပျိုးခဲ့ ပါကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးကောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၅-၆-၂၀၂၄)ရက်နေ့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိန်းအမှတ်အဖြစ် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲအား မိုးကောင်းမြို့၊ ကျွန်းပင်သာကျေးရွာအုပ်စု၊ အောင်မင်္ဂလာကျေးရွာ အောင်မင်္ဂလာဘုရားဝင်းအတွင်း (၅-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သစ်ပင်စိုက်ပွဲအား မိုးကောင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးခင်မောင်မြင့် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့၊ အရံမီးသတ် တပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့တို့မှ အသင်းဝင်/အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများကျောင်းသား/ ကျောင်းသူများ၊ အောင်မင်္ဂလာဘုရားဂေါပက ဦးမောင်ဆန်နဲ့အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ စုစုပေါင်းတက်ရောက်သူ (၂၃၀)ဦးဖြင့် (ကျွန်း၊ ပျဉ်းကတိုး၊ တောင်တမာ၊ ခရေ ဂန့်ဂေါ်၊ ယေမနေ) ပျိုးပင်ပေါင်း (၁၂၀၀)ပင်အား အောင်မြင်စွာ စိုက်ပျိုးခဲ့ကြပါကြောင်းသိရှိရပါသည်။

Pages