၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်းမြို့၊ အ-ထ-က(၂)ကျောင်း၌သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခြင်း(၄-၂-၂၀၂၅)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ အ-ထ-က(၂)ကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညယပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပါသည်။မြို့နယ်သစ်တောဦးစီးဌာန၊မြို့နယ် ဦးစီးဌာနမှူးဦးဝင်းဇော်မှသစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပါသည်။ကျောင်းသား/ကျောင်းသူများမှသိလိုသည်များမေးမြန်းမှုကိုပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။ဟောပြောပွဲသို့ကျောက်ပန်းတောင်းမြို့၊အ-ထ-က(၂)ကျောင်းမှဆရာ/ဆရာမ(၅)ဦး၊ကျောင်းသား/ကျောင်းသူ(၅၅)ဦး၊စုစုပေါင်း(၆၀)ဦးတက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

၃၁-၁-၂၀၂၅ ရက်နေ့(၁၀: ၃၀)နာရီတွင် ဝမ်းတွင်းမြို့နယ်၊ မြောက်ဇောင်ဂျမ်းကုန်းကျေးရွာ (အ.လ.က)စာသင်ကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာအသိပေးပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ရာသစ်တောဝန်ထမ်းများ၊ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများ၊ စုစုပေါင်း (၅၀)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင်ဝမ်းတွင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကျော်မိုးက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ တောမီးလောင်ခြင်းတို့၏ဆိုးကျိုးများအားအသိပညာပေးဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီးထံ သစ်တောကဏ္ဍနှင့်ပတ်သက်၍သိကောင်းစရာစာအုပ်များပေးအပ်ခြင်း၊ တက်ရောက်လာသူများအားလက်ကမ်းစာဆောင်များဖြန့်ဝေခြင်း၊ ကျောင်းသား/သူ များသိလိုဖွယ်ရာမေးမြန်းခြင်းတို့အပေါ်ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။

သစ်တောဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌(၅-၂-၂၀၂၅)ရက်နေ့(၁၅:၀၀)နာရီတွင် ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာ၊အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲအခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မျိုးမျိုးကျော် ဦးဆောင်သော ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ(၁၁၆)ဦးတက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှ တောအုပ်ကြီးဦးသန်းထွန်းနိုင်မှသစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့ လျှော့ချရေး၊ သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာတို့ကိုအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ကျောင်းအုပ်ဆရာမကြီး မှကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားရုတ်သိမ်းခဲ့ပါကြောင်းသိရှိရပါသည်။

ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ (၅-၂-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်"သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/ မြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ပုသိမ်မြို့၊ အ.ထ.က(၃)၊ ဧကရာဇ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးငြိမ်းချမ်း-၅ မှသစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၁)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၂၈)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၅)ဦး စုစုပေါင်း(၁၄၄)ဦး တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ချောက်မြို့နယ်သစ်တောဦးစီးဌာနမှ(၅.-၂.၂၀၂၅)ရက်နေ့(၁၀:၃၀)နာရီအချိန်တွင် ချောက်မြို့နယ် ဂွေးချိုကျေးရွာ (အ•ထ•က)ကျောင်းခန်းမတွင်သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ မြို့နယ်အဆင့်ပြုလုပ်ခဲ့ပါသည်၊ အဆိုပါဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးကြည်လင် မှ သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး ချောက်မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူသူအောင် မှမီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာများ အသိပညာပေးဟောပြောခြင်းအား Projector ဖြင့်ပြသရှင်းလင်းဟောပြောခဲ့ပါသည်၊ ဟောပြောပွဲတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်း(၄) ဦး မြို့နယ်ပညာရေးမှူးရုံးမှ ဒု-ပညာရေးမှူးဦးသန်းလွင်ဦး (အ•ထ•က)ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုး နှင့်ဆရာဆရာမ (၁၀) ဦး ကျောင်းသား/သူ(၂၆၇) ဦး စုစုပေါင်း(၂၈၅) ဦးတက်ရောက်ပါကြောင်းနှင့် ကျောင်းစာကြည့်တိုက်အတွက်သစ်တောကြေးမုံစာအုပ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဆရာကိုင်လက်စွဲစာအုပ်များအား ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

(၅.၂.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၃:00)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ်(အ.ထ.က)မကျီးကွင်းကျောင်း၌"သစ်တောထိန်းသိမ်းရေး ၊ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အစီအစဉ်အားကျင်းပပြုလုပ်ခဲ့ပါသည်။ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းထိုက်မှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ တောအုပ်ကြီး ဦးမြတ်သူရဇော်မှ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေး ဟောပြောခဲ့ရာ ဆရာ/ဆရာမ(၈)ဦး Grade(8/9/10)ကျောင်းသူ/သား (၁၀၀)ဦး၊ သစ်တောဝန်ထမ်း(၇)ဦး၊ မကျီးကွင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဦး၊ စုစုပေါင်း(၁၁၆)ဦး၊ တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

(၅-၂-၂၀၂၅)ရက်နေ့ (၁၀:၃၀)နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ၊ ဒီဒူးပင်ကျေးရွာ ၊ ဓမ္မာရုံ၌ “သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး ၊မီးခိုးမြူငွေ့ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ” အသိပညာပေးအစီအစဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ-ဦးကျော်မိုးမှ"ရာသီဥတု ပြောင်းလဲမှု လျော့ချရေး နှင့်သဘာဝအန္တရာယ်များ ၊ သစ်တောထိန်းသိမ်းရေး ၊ တရားမဝင်သစ်လျော့နည်းပပျောက်ရေး၊ ရေ သယံဇာတထိန်းသိမ်း နှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ “ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး- ဦးစောမောင်ထွန်း မှ “တောမီးလောင်ခြင်းနှင့်မီးခိုးမြူငွေ့ ညစ်ညမ်းမှု “ ခေါင်းစဉ်ဖြင့်လည်းကောင်းအသိ ပညာပေးဟောပြောခဲ့ရာ ဒီဒူးပင်ကျေးရွာမှ ကျေးရွာသူ/သား (၃၅)ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၇)ဦး ၊စုစုပေါင်း (၄၂)ဦးတို့ တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ၅-၂-၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၌ ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်၊ အ.ထ.က (၄)တွင် " သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အား မြို့နယ်အဆင့် ကျင်းပပြုလုပ် ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲတွင် ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များ နှင့် ရေသယံဇာတများ ထိန်းသိမ်းရေး၊ ရေဝေရေလဲဒေသများမှ ရေချိုများ ရရှိနေမှု၊ ရေဝေရေလဲဒေသများ၏ အရေးပါမှု၊ ရေချိုများ ချွေတာသုံးစွဲရေး ၊ ရေအရင်း အမြစ်များဝိုင်းဝန်းထိန်းသိမ်း ခြင်း ဆိုင်ရာများအား လည်းကောင်း ဟောပြောပို့ချခဲ့ပါသည်။ဆက်လက်၍ ထားဝယ်မြို့နယ် ၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးခင်မောင်ဆန်းမှ သစ်တော များမှ ပေးသော အကျိုးကျေးဇူးများ၊သစ်တောများ ထိန်းသိမ်းခြင်းဖြင့် သဘာဝးအန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုး၊ပြုစုခြင်း နည်းစနစ်များအား ဟောပြောခဲ့၍ သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊အ.ထ.က (၄) မှ ဆရာ /ဆရာမ (၅)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၄၂ )ဦး၊စုစုပေါင်း (၁၅၁)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအားပြန်လည်ဖြေကြားခြင်း ၊ဟောပြောပွဲတွင်တက်ရောက်လာသူများအားသစ်ပင်စိုက်ပျိုးမှုလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

Pages