Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၃-၁၀-၂၀၂၃)ရက်နေ့မှ (၂၉-၁၀-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၂၅.၁၂၁၈) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၅.၅၃၇၈)တန်၊ အခြား (၄၆.၉၂၁၄)တန်၊ စုစု ပေါင်း (၇၂.၄၅၉၂)တန်၊ ယာဉ်/ ယန္တရား (၁၃)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၆-၂၀၂၃ ရက်နေ့၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အင်တော(၂)ဘိနယ်၊ နောင်လုံ ကြိုးဝိုင်း၊ အင်တောမြို့နယ်ခွဲ၊ ကျောက်ဂူဒေသအတွင်းနေရာများမှ တရားမဝင် အင်သစ်လုံး/ လုံးပတ်၃ပေအောက်သစ် (၁၈၅)လုံး (၃၃.၀၁၁၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှု ဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၂-၆-၂၀၂၃)ရက်နေ့မှ (၁၈-၆-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၄.၇၇၇၂) တန်ဖမ်းဆီးရမိခဲ့ပါသည်။

၇၆ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲများအား ၂၀.၁၂.၂၀၂၃ ရက်နေ့မှ ၂၂.၁၂.၂၀၂၃ ရက်နေ့အထိ ဝဏ္ဏသိန္ဒိအားကစားကွင်း B တွင်ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ၊ သစ်တောနယ်မြေများထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်သိမ်းရေး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြကွက်များခင်းကျင်းပြသခဲ့ပြီး ပြည်သူအများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု ခဲ့ကြပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊သစ်တောဉီးစီးဌာန၊ ဦးစီးရုံးချုပ် နေပြည်တော်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအားကစား လှုပ်ရှားမှုများကို ၁၂-၁၂-၂၀၂၃ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ အားကစားနည်းများဖြစ်သည့် ကျား/မ လွန်ဆွဲပွဲ၊ ကျား ပိုက်ကျော်ခြင်း၊ ကျား စားပွဲတင် တင်းနစ် ၊ မထုတ်စည်းတိုး ပြိုင်ပွဲများအား ဝန်ထမ်းမိသားစုများ တပျော်တပါး ပျော်ရွှင်စွာ ယှဉ်ပြိုင်လျက်ရှိပြီး အားကစားနည်းများကို ၂၉-၁၂-၂၀၂၃ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်းအား ကိုယ်ရေးလျှောက်လွှာ/ ဝန်ခံကတိပြုလွှာတွင် လိုအပ်သည်များကို ထပ်မံဖြည့်စွက်ထားပါသဖြင့် ထပ်မံကြေညာခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၉-၆-၂၀၂၃)ရက်နေ့မှ (၂၅-၆-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၃၈.၁၀၉၄) တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages