Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၆-၆-၂၀၂၃)ရက်နေ့မှ (၂-၇-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၈.၀၂၂၈) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၄.၂၃၅၆)တန်၊ သစ်မာ (၈.၃၅၀၅)တန်၊ အခြား (၃၃.၉၅၉၂)တန်၊ စုစုပေါင်း (၅၆.၅၄၅၃)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၂၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃၀-၆-၂၀၂၃ ရက်နေ့၊ ရခိုင်ပြည် နယ်၊ တောင်ကုတ်မြို့နယ်၊ လမူးဘိနယ်၊ လမူးကျေးရွာမြောက်ဘက်၊ လမူးချောင်း အတွင်းမှ တရားမဝင် ကညင်/ တောင်သရက် ခွဲသား စုစုပေါင်း (၁၃၀)ချောင်း (၁၂.၈၈၂၆)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၈-၁၂-၂၀၂၃)ရက်နေ့မှ (၂၄-၁၂-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၇၀.၁၇၁၆) တန်ဖမ်းဆီးရမိခဲ့ပါသည်။

၂၆-၁၂-၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အစီအစဉ်အရ ဦးရဲလွင်အောင်(ဦးစီးအရာရှိ)သစ်တောသုတေသနဌာနက တရုတ်နိုင်ငံတွင်ကျင်းပ သည့် ခေတ်သစ်ပိုးလမ်းမနိုင်ငံများ၏ ဌာနေတိုင်းရင်းသားများ၏ ပတ်ဝန်းကျင် ဂေဟစနစ်ဖွံ့ဖြိုးရေး နှင့် ကျေးလက်နေလူထုဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံတကာအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည် အတွေ့ အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၂.၇၇၇၂)တန်၊ သစ်မာ (၆၈.၁၂၁၄)တန်၊ အခြား (၃၆.၇၅၃၈)တန်၊ စုစုပေါင်း (၁၃၇.၆၅၂၄)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၁၃) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃-၁၁-၂၀၂၃ ရက်နေ့၊ ကချင်ပြည် နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ (၃)မိုင်၊ ရွှေပြည်သာရပ်ကွက်၊ မြောက်ဘက် (၇)ဖာလုံခန့်အကွာ၊ တောစပ်အနီးမှ တရားမဝင် ကျွန်း/ပိတောက်ခွဲသား (၅၉၂၁) ချောင်း (၆၉.၀၀၂၄)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သစ်တောဦးစီးဌာနသည် အာရှဒေသသစ်တောကကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Asian Forest Cooperation Organization-AFoCO) ၏ ရန်ပုံငွေ အထောက်အပံ့ဖြင့် “သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်း ခြင်းနှင့် ဒေသခံပြည်သူအခြေပြုစီးပွားရေးလုပ်ငန်းများဖွံဖြိုးမှုဆိုင်ရာ စံပြသစ်တော တည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ(၄)နှစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တွင် စီမံကိန်း၏ အဓိကရည်မှန်းချက်ဖြစ်သော ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးစေရန်နှင့် ထာဝစဉ်ဖွံ့ဖြိုးတိုးတက်စေသော မြေယာစီမံအုပ်ချုပ်ခြင်း နည်းလမ်းဖြင့် စံပြသစ်တောများ တည်ထောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ရည်မှန်းချက်များပြည့်မီအောင် အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်း၏ လုပ်ငန်းစဉ်တစ်ခုအနေဖြင့် ကော်ဖီပင် စိုက်ပျိုး ပြုစုခြင်းဆိုင်ရာသင်တန်း” ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၈:၃၀ အချိန်တွင် ရှမ်းပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၊ ရတနာသစ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေး ဌာနနှင့် ရှမ်းပြည်နယ်တို့မှ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီး အရာရှိများ နယ်မြေခံတာဝန်ခံများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းဆရာများ နှင့် လွယ်တန့်ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း လုပ်ကိုင်နေ သော ဒေသခံ(၂၃)ဦး၊ စုစုပေါင်း (၄၀) ဦး ပါဝင်တက်ရောက်လျက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါ သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော တောကြပ် (လစာနှုန်း ကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ နှင့်အညီ အထွေထွေဗဟုသုတ ဘာသာရပ် ရေးဖြေစစ်ဆေးခြင်းကို 23-12-2023 ရက်နေ့တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင်ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများအနက် အောက်ဖော်ပြပါ (၄) ဦးကို 31-12-၂၀၂၃ ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၀5:၀0) နာရီမှစ၍ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် မိုင်(၂၀)လမ်းလျှောက်စစ်ဆေးခြင်း (ကျန်းမာကြံ့ခိုင်မှု စစ်ဆေးခြင်း) ဆောင်ရွက်သွားမည် ဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော တောခေါင်း (လစာနှုန်း ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ နှင့်အညီ အထွေထွေဗဟုသုတ ဘာသာရပ် ရေးဖြေစစ်ဆေးခြင်းကို ၂၃-၁၂-၂၀၂၃ ရက်နေ့တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင်ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများအနက် အောက်ဖော်ပြပါ (၁၂)ဦးကို ၃၁-၁၂-၂၀၂၃ ရက်နေ့(တနင်္ဂနွေနေ့) နံနက် (၀၅:၀0) နာရီမှစ၍ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် မိုင်(၂၀)လမ်းလျှောက်စစ်ဆေးခြင်း (ကျန်းမာကြံ့ခိုင်မှု စစ်ဆေးခြင်း) ဆောင်ရွက်သွားမည် ဖြစ်ပါသည်-

Pages