Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော(လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ကွန်ပျူတာစီစဉ်ရေးမှူးရာထူး(၅)နေရာနှင့် ကွန်ပျူတာလုပ်ဆောင်ရေးမှူး(၄)နေရာတို့အတွက် လျှောက်လွှာများခေါ်ယူခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန လျှောက်လွှာခေါ်ယူခြင်း ကြော်ငြာစာအမှတ်-(၃၇/၂၀၂၃)

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၄၅.၅၃၉၀)တန်၊ သစ်မာ (၇.၅၆၄၆)တန်၊ အခြား (၂၇.၁၂၉၄)တန်၊ စုစုပေါင်း (၁၈၀.၂၃၃၀)တန်၊ ယာဉ်/ ယန္တရား (၁၄)စီး၊ တရားခံ (၃၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၈-၂၀၂၃ ရက်နေ့၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပြင်စည်မင်းသားကြီးလမ်း၊ ဦးဝင်းစိန် ပိုင်ခြံအမှတ်(၁၂၈) အတွင်းမှ တရားမဝင် ကျွန်း/ပိတောက် ခွဲသား/ဓါးရွေ စုစုပေါင်း (၇၃)တန်ခန့်အား ဖမ်းဆီးရမိမှုဖြစ်ပါ
သည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၈-၈-၂၀၂၃)ရက်နေ့မှ (၃-၉-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၂.၄၇၃၂) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၄.၇၄၉၀)တန်၊ သစ်မာ (၁၄.၁၇၈၆)တန်၊ အခြား (၆၇.၇၉၉၈)တန်၊ စုစုပေါင်း (၂၀၆.၇၂၇၄)တန်၊ ယာဉ်/ ယန္တရား (၈)စီး၊ တရားခံ (၁၉) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၃-၁၀-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မြို့မဘိနယ်၊ အုတ်ပုံကျေးရွာတောင် ဘက်စွန်း၊ အုတ်တွင်း-ပေါက်ခေါင်းလမ်းမှ (၂)ဖာလုံခန့်အကွာရှိ ခြံဝင်းအတွင်းမှ တရားမဝင် ကျွန်းခွဲသား (၃၉၇)ချောင်း (၆၉.၅၃၉၈)တန်၊ ကရိန်းယာဉ် (၁)စီး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၈.၆၃၀၄)တန်၊ သစ်မာ (၂.၁၆၄၈)တန်၊ အခြား (၂၃.၂၃၂၄)တန်၊ စုစုပေါင်း (၅၄.၀၂၇၆)တန်၊ ယာဉ်/ ယန္တရား (၁၇)စီး၊ တရားခံ (၁၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၇-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၈၂)၊ မိုင်တိုင်အမှတ် ၆၈/၄ နှင့် ၆၈/၅ ကြား/ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၈၀)၊ မိုင်တိုင်အမှတ် ၆၅/၂ နှင့် ၆၅/၃ ကြား/ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၁၁၁)၊ မိုင်တိုင်အမှတ် ၆၄/၄ နှင့် ၆၄/၅ ကြား နေရာတို့မှ တရားမဝင် ကျွန်း သစ်လုံး/ခွဲခြမ်း စုစုပေါင်း (၆၃)လုံး/ခြမ်း (၁၀.၉၀၂၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၃၁-၇-၂၀၂၃)ရက်နေ့မှ (၆-၈-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၃၄.၃၃၈၂) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၈.၂၀၁၀)တန်၊ သစ်မာ (၂၇.၇၆၆၂)တန်၊ အခြား (၄၄.၆၃၁၈)တန်၊ စုစုပေါင်း (၉၀.၅၉၉၀)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၁၄)ဦး ဖမ်းဆီးရမိခဲ့ ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၆-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘန့်ဘွေးကုန်းဘိနယ်၊ မြောက် ဇာမရီကြိုးဝိုင်း၊ အကွက်အမှတ် (၆၂) နှင့် (၆၈) အတွင်းတို့မှ တရားမဝင် ပျဉ်းကတိုး/ ထောက်ကြံ့ သစ်လုံး/ခွဲသား စုစုပေါင်း(၆၈)လုံး (၁၁.၆၄၅၆)တန်၊ ချိန်းဆော(၇)လက် တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

Pages