Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၂၆-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မော်လိုက်မြို့နယ်၊ မော်ကူး ကြိုးဝိုင်းအကွက်အမှတ်(၈၁၊၈၂)၊ ယူးချောင်းအနီးဝန်းကျင်နေရာများမှ တရားမဝင် ကျွန်းသစ်/ခွဲသား (၉၃၁)လုံး/ချောင်း (၁၁)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၆-၆-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သီရိဘက်စုံကုမ္ပဏီမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်းမိုင်တိုင် (၇၃/၆)၊ ခပေါင်းကြိုးဝိုင်းအကွက် အမှတ် (၆၃၊၉၅)နေရာများမှ တရားမဝင် ကျွန်းသစ် (၃၄)လုံး (၄)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၆-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သောအဖွဲ့သည် မင်းကင်းမြို့နယ်၊ မြောင်းဇင်းချောင်းဘေးမှ တရားမဝင် လုံးပတ်၃ပေအောက်အင်သစ် (၁၀၇)လုံး (၁၇)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) မှ မြန်မာနိုင်ငံသစ်တောကျောင်းနှင့် ဗဟို သစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာနအတွက် ထောက်ပံ့မည့် သင်ထောက်ကူ ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား (၃၀-၆-၂၀၂၀)ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) နာရီ တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပ ပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)မှ ဌာနေကိုယ်စားလှယ် Ms.Xiaojie Fan မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၈-၆-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မြိုင်မြို့နယ်၊ မြိုင်-သင်ပေါင်းကန်လမ်း ဒေသအခေါ် တောဝေးကန်ဇရပ်အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(MDY 8E/7028) TOYOTA HIACE (အဖြူရောင်)ယာဉ်သည် ရပ်တန့်ထားသည်ကိုတွေ့ရှိရပြီး တစ်ဦးတစ်ယောက်မှ မတွေ့ရှိရသဖြင့် ဖမ်းဆီးရေးအဖွဲ့မှ ယာဉ်အား စစ်ဆေးရာ တရားမဝင်ကျွန်းခွဲသား (၁၄၈)ချောင်း (၁)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၇-၆-၂၀၂၀ ရက်နေ့တွင် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်း တပ်ဆင်ထားသော Cellular Trailcam ကင်မရာ၏ သစ်ခွဲသားများ တင်ဆောင်ထားသော ဆိုင်ကယ်များထွက်လာသည့် မှတ်တမ်းဓါတ်ပုံပေးပို့ချက်အရ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်မှ တောအုပ်ကြီးနှင့်ဝန်ထမ်းများ၊ ဒေသခံကင်းသားများ၊ Global Conservationအဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် ဝါးဘိုးကျောက်တောင်ပေါက်မှ ကင်းပုန်းဝပ်စောင့်ဆိုင်းရာထွက်ပေါ်လာခြင်းမရှိသဖြင့် အတွင်းဘက်သို့ သွားရောက်၍ ကင်းလှည့်စစ်ဆေးရာ ဝါးဘိုးတောင်၏ အတွင်းဘက်(၄)ဖာလုံခန့်အကွာနေရာ ဆိုင်ကယ်ပေါ်မှ ပစ်ချထားသည့် တရားမဝင်ပိတောက်ခွဲသား (၈)ချောင်း (၁)တန်နှင့် ရပ်တန့်ထားသော မော်တော်ဆိုင်ကယ်(၇)စီးအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၇-၆-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေ မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ချမ်းမြသာစည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ဗဗ-၂/၁၂၊ ၄၇ လမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ ခြံဝင်းအတွင်းမှ တရားမဝင်ကျွန်းခွဲသား (၃၁၈)ချောင်း (၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၆-၆-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းစိန် မြို့နယ်၊ စော်ဘွားကြီးကုန်း၊ ပုလဲ(၇)လမ်းပေါ်၌ ရပ်တန့်ထားသော မော်တော်ယာဉ်အမှတ်(YGN 9F/9311) ALPHARD (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းတံခါး(၅၀)ချပ် (၁)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages