၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ( ၂၅.၆.၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၁:၀၀)နာရီအချိန်တွင် ရေတာရှည်မြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ၆မိုင်ကျေးရွာ၊ အခြေခံမူလတန်းလွန်ကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းဆရာမ(၃) ဦး၊ ကျောင်းဆရာ(၁)ဦး ကျောင်းသား(၃၀)ဦး၊ ကျောင်းသူ(၄၀)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊ စုစုပေါင်း(၇၈)ဦးတို့တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးတင့်လွင်ဦးမှ မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း၊တောအုပ် ဦးဇင်စိုးငြိမ်းမှ ဇီဝမျိုးစုံမျိုးကွဲများအကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦး ဝင်းဇော်ပါ (၅)ဦးအဖွဲ့သည် ကျောက်ပန်းတောင်းမြို့ အ-ထ-က (၂)တွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲအား(၂၅-၆.၂၀၂၆)ရက်နေ့၊(၀၉:၃၀)နာရီတွင် ကျင်းပဆောင်ရွက်ရာကျား(၂၂)ဦး၊ မ(၃၄)ဦး စုစုပေါင်း(၅၆)ဦးတက်ရောက်ပါသည်။အဆိုပါဟောပြောပွဲကို မြို့နယ်ဦးစီးမှူး ဦးဝင်းဇော် မှ ပတ်ဝန်းကျင် စိမ်းလန်းသာယာလှပစေရန် သစ်တောသစ်ပင်များစိုက်ပျိုးရန်၊`ဥတုရာသီ၊တောကိုမှီ'ဆိုသကဲ့သို့ သစ်ပင်များနှစ်စဉ်စိုက်ပျိုးသွားခြင်းဖြင့် ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊'တစ်ပင်မှတစ်တော၊တစ်တောမှ တစ်တောင်တို့စွမ်းဆောင်'စိုက်ပျိုးပါကလက်ရှိနှင့်အနာဂတ်ရရှိနိုင်သည့် ခံစားမှုများ၊သစ်တောသစ်ပင်များမှ အကျိုးပြုသည့် အကြောင်းတရားများ၊ သဘာပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရမည့် အကြောင်းအရာများ၊ သစ်တောသစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို ကျောင်းသား/သူများပူးပေါင်းပါဝင်လာစေရန် ဆွေးနွေးဟောပြောခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီ၀မျိုးစုံမျိုးကွဲနှင့်ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို၂၅-၆-၂၀၂၆ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖောင်းပြင်မြို့၊ ကုန်းအောက်တောင်းကျေးရွာ၊အလကကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းသား (၃၅)ဦး ကျောင်းသူ(၄၅)ဦး ဆရာ/ဆရာမ (5)ဦးသစ်တောဦးစီးဌာနမှ ၀န်ထမ်း(၈)ဦး စု‌စုပေါင်း(၉၃)ဦးတက်ရောက်ခဲ့ကြပါသည်။အဆိုပါအခမ်းအနားတွင် တောအုပ်ကြီးဦးသန်းဇော်၀င်းမှ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏အရေးပါမှုနှင့် သစ်တောထိန်းသိမ်းရေးနည်းလမ်းများ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊သစ်ပင်စိုက်ပျိုးခြင်းနည်းစနစ်များ၊သစ်ပင်စိုက်ပျိုးခြင်း၏အကျိုးရလဒ်များ၊ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းရေးတို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည့်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျွန်း(၁၀)ပင်၊ ပျဉ်းကတိုး(၁၀)ပင်၊ခရေ(၁၀)ပင်နှင့် မန်ဂျန်ရှား(၁၀)ပင် ဖြန့်ဝေပေးခြင်းနှင့်သရုပ်ပြစိုက်ပျိုးခြင်း‌ေဆာင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးတမူးခရိုင်၊ တမူးမြို့နယ် သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီ၀မျိုးစုံမျိုးကွဲနှင့်ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၂၅-၆-၂၀၂၆ ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် တမူးမြို့၊စော်ဘွား(၁၁)ရပ်ကွက်ဗောဓိတောရဘုန်းကြီး‌ေကျာင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ ‌တမူးမြို့ ဇေလူရည်ချွန် ကိုပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူ (၂၅)ဦး၊ ဒေသခံပြည်သူ(၁၅)ဦးသစ်တောဦးစီးဌာနမှ ၀န်ထမ်း(၁၀)ဦးစု‌စုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြပါသည်။အဆိုပါအခမ်းအနားတွင် တမူးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းကျော်းစိုးမှ မိုးရာသီကာလတွင် သစ်‌ေတာစိုက်ခင်းများတည်ထောင်ခြင်း၊ လူထုဖြန့်ပျိုးပင်များဖြန့်ဝေစိုက်ပျိုးခြင်း၊ စိုက်ပျိုးသည်ပျိုးပင်များအား ရှင်သန်ကြီးထွားမှုကောင်းမွန်စေရန် ပြုစုထိန်းသိမ်းခြင်းနည်းလမ်းများအားရှင်းလင်းပြောကြားခြင်း၊ သစ်တောသစ်ပင်များ၏အကျိုးကျေးဇူးများ သစ်တောသစ်ပင်များမရှိကကြုံတွေ့နိုင်သည့်အခက်အခဲဒုက္ခများအား ရှင်းလင်းပြောကြားခြင်း၊ဆက်လက်၍ ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများဖြစ်သည့် တိရစ္ဆာန်နှင့်သစ်ပင်ပန်းမန်များကို ကာကွယ်ထိန်းသိမ်းမှုမပြုလုပ်ပါက မျိုးသုဉ်းပျောက်ကွယ်နိုင်‌ေကြာင်း ရှင်းလင်းပြောကြားခြင်း၊ဇီဝမျိားစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်ရေးမှာအဓိကအခန်းကဏ္ဍဖြစ်ပြော ပြောကြားခြင်း၊ CITES အကြောင်းဗဟုသုတ ပြောကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူ ကျောင်းသူကျောင်းသားများ၏ သိရှိလိုသည့်များ‌ေမးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

(၂၅-၆-၂၀၂၆)ရက်နေ့(၀၉:၀၀)နာရီ အချိန်တွင် ကျိုက်ထိုမြို့နယ်၊ဖက္ကလိပ်ကျေးရွာ၊အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က - ရွှေဥသြ)၌ ကျိုက်ထိုမြို့နယ်၊သစ်တောဦးစီးဌာနမှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပပြုလုပ်ခဲ့ရာဟောပြောပွဲအခမ်းအနားသို့ အ.ထ.က(ရွှေဥသြ)မှဆရာမများ၊ကျောင်းသား/ကျောင်းသူများ၊ ကျိုက်ထိုမြို့နယ်သစ်တောဦးစီးဌာနမှဝန် ထမ်းများကျား(၂၆)ဦး၊မ(၃၃) ဦး၊စုစုပေါင်း(၅၉)ဦးတက်ရောက်ခဲ့ပြီးဟောပြောပွဲအခမ်းအနားတွင်ကျိုက်ထိုနယ်သစ်တောဦးစီးဌာနမှေတာအုပ်ကြီးဦးဇင်ကိုလတ်မှ"မိုးရာသီသစ် ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာဟောပြောခြင်း"အနေဖြင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင်သစ်ပင်သစ် တောများ၏အရေးပါမှု၊သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့်အ ကျိုးကျေးဇူးများ၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအခြေအနေများအားပညာပေးဟောပြောခြင်း၊ပညာပေးဗွီဒီယိုမှတ်တမ်းပြသခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများမှ သိရှိလိုသည်များမေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို (၂၅-၆-၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် လားရှိုးမြို့၊အထက်တန်းကျောင်း(ခွဲ)၊အမှတ်(၉)၊ အခြေခံပညာအလယ်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင်ကျင်းပဆောင်ရွက်ခဲ့ရာအမှတ်(၉)ကျောင်းမှ ဆရာမ(၅)ဦး၊ ကျောင်းသား(၄၃)ဦး၊ ကျောင်းသူ(၇၉)ဦးနှင့်သစ်တောဦးစီးဌာနမှ(၄)ဦး၊ စုစုပေါင်း(၁၃၁)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးလှိုင်မင်းထွန်းမှ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက်ကျောင်းသား/ကျောင်းသူများမှသိရှိလိုသည်များအား မေးမြန်းသည်ကို ရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ပါကြောင်းနှင့်ကျောင်းဝင်းအတွင်း ကံ့ကော်နှင့်သပြေပျိုးပင်များအားလက်တွေ့သရုပ်ပြစိုက်ပျိုးပြသခဲ့ပါကြောင်းသတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနမှအစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၂၄.၆.၂၀၂၆)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် လက်ပံတန်းမြို့ နယ်၊ နတ်စင်ကုန်းကျေးရွာအုပ်စု၊ တာဆိပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က (၂)တွင်ကျင်းပဆောင် ရွက်ခဲ့ရာ ကျောင်းဆရာမ(၁၀) ဦး၊ ကျောင်းသား(၅၀) ဦး၊ ကျောင်းသူ(၆၀)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၅ )ဦး၊ စုစုပေါင်း(၁၂၅ )ဦးတို့တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးအေးကျော်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောဦးစီးဌာနမှ မိုးရာသီတွင် ပျိုးပင်များအား အခမဲ့ ဖြန့်ဝေပေးနေမှု အခြေအနေ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအားဆွေးနွေးဟောပြောခဲ့ပြီး၊ တောအုပ်ကြီး ဦးရဲနောင်သွင်မှ ဇီဝမျိုးစုံမျိုးကွဲများ အကြောင်းအရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၂၃.၆.၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၀:၃၀)နာရီအချိန်တွင် အုတ်ဖိုမြို့အ ထ က ကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာကျောင်းဆရာမ(၃) ဦး၊ ကျောင်းသား(၆၅) ဦး၊ ကျောင်းသူ (၇၂) ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၅)ဦး၊ စုစုပေါင်း(၁၄၅)ဦးတို့တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ဦးစီးအရာရှိ ဦး‌ေငွစိုးမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောဦးစီးဌာနမှ မိုးရာသီတွင် ပျိုးပင်များအား အခမဲ့ ဖြန့်ဝေပေးနေမှု ၊ဝါးပိုးဝါးပျိုးပင်၊ဝါးငုတ်တက်များစိုက်ပျိုးရန် သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲများ အကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊လက်ကမ်းစာ‌ေစာင်များဖြန့်‌ေဝခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

Pages