၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ဟုမ္မလင်းမြို့နယ်၊ အ.လ.က (၃)ဟုမ္မလင်း၌ (၉.၇.၂၀၂၆) ရက်နေ့၊ (၁၄:၃၀)နာရီ အချိန်တွင်“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်​တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ ​​​ကျောင်းသား/​ကျောင်သူ(၂၃၃)ဦးနှင့် ဆရာ/ဆရာမ(၅)ဦး၊ မြို့နယ်သစ်တောဝန်ထမ်း(၆)ဦး၊ စုစုပေါင်း(၂၄၄)ဦး တက်ရောက်ခဲ့ပါသည်။ ​ရှေးဦးစွာ ​ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား​ပြောကြားပြီး​နောက်ဆွေးနွေး‌ဟောပြောပွဲတွင် ​ဦး​ကျော်မြိုင်၊ ​တောအုပ်ကြီး မှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး ၊ ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးလုပ်ငန်းများအားဆောင်ရွက်ရသည့် အခြေခံအကြောင်းအရင်းများ၊ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အ​သေးစိပ် ရှင်းလင်း​ပြောကြားခဲ့ပါသည်။ဆက်လက်၍ ဦး​ဇေယျာ၊ ​တောအုပ်ကြီးမှ သားငှက်တိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ အ​ရေးပါမှု နှင့် ထိန်းသိမ်း​စောင့်​ရှောက်ခြင်းဆိုင်ရာများအား အသိပညာ​ပေးဟော​ပြောခဲ့ပါကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာ၊ ကျိုက်စကော အ.ထ.က (၂)အထက်ကျောင်း၌ မိုးယွန်းကြီး အင်းဘေးမဲ့တော ဝန်းကျင်သားငှက်ဝန်းထမ်းများနှင့် ဒိုက်ဦးမြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများမှ ပူးပေါင်းကျင်းပဆောင်ရွက်ခဲ့သော မိုးယွန်းကြီးအင်းသမိုင်းနှင့် ရေအရသွေးတိုင်းတာခြင်း၊ CEPA လုပ်ငန်းစဥ်များ၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို (၈.၇.၂၀၂၆ )ရက်နေ့၊ မနက်(၉:၀၀)နာရီအချိန်တွင် ကျောင်းအုပ််ဆရာမကြီး(၁) ဦး၊ ဆရာ/ဆရာမ(၃+၈)ဦး၊ ကျောင်းသား/သူ (၉၀+၁၀၆)ဦးနှင့် သစ်တောဦးစီးဌာနမှဝန်ထမ်း(၉)ဦး၊ စုစုပေါင်း (၂၂၆)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ ‎အခမ်းအနားတွင်မိုးယွန်း​​ကြီးအင်း ဝန်းကျင်သားငှက်မှ​တောအုပ်​ ကြီးဇော်မင်းမှ မုိးယွန်း​ကြီးအင်းနှင့်သက်ဆိုင်သောအကြောင်းအရာများဟောပြောခြင်း*ဒိုက်ဦးမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးလွင်မိုးအောင်မှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊မိုးရာသီတွင်ပျိုးပင်များအားအခမဲ့ဖြန့်ဝေပေးနေမှု အခြေအနေ၊ သစ်တောဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲများအကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများကို ဟောပြောခြင်း၊မိုးယွင်းကြီးအင်းဘေးမဲ့တော ဝန်းကျင်သားငှက်မှ တောအုပ်ကြီး တင်မို့မို့လွင်မှ ရေအတန်းအစား တိုင်းတာခြင်းနှင့် CEPAနှင့်ပတ်သတ်သည့်အကြောင်းအရာများရှင်းလင်းဟောပြောခြင်း၊မိုးယွင်းကြီးအင်းဘေးမဲ့တော ဝန်ကျင်သားငှက်မှ တောအုပ်ကြီး ဦးကျော်ဇင်အောင်နှင့် ဒိိုက်ဦးမြို့နယ်မှ တောအုပ်ဦးအေးမြင့်တို့မှ တက်ရောက်လာသူများထံသို့ ဟောပြောပွဲအကြောင်းရာနှင့်စပ်လျဥ်းသောမေးခွန်းများမေးခြင်းဆုများချီးမြှင့်ခြင်းတို့ပြုလုပ်ပြီး သိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

၈-၇-၂၀၂၆ရက်နေ့၊ နေ့လည်(၁:၀၀)နာရီအချိန် မုဒုံမြို့၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမတွင် ပြည်သူလူထုပူးပေါင်းပါဝင်သောသစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့သိန်းနှင့် ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သစ်တောဝန်ထမ်းများ ကျား(၅၈)ဦး၊ မ(၆၇)ဦး၊ စုစုပေါင်း(၁၂၅)ဦးတက်ရောက်ခဲ့ကြပြီး မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းမှ ပြည်သူလူထုပူးပေါင်းပါဝင်သောသစ်ပင်စိုက်ပျိုးခြင်းခေါင်းစဉ်ဖြင်းဆွေးနွေးဟောပြောခြင်း၊ ဆွေးနွေးမေးမြန်းမှုကိုဖြေကြားခြင်း၊ ငုရွှေဝါ(၂၀)ပင်၊ မဟော်ဂနီ(၁၀)ပင်၊ စိန်ပန်း(၂၀)ပင်၊ မန်ဂျန်ရှား(၁၀)ပင်၊ အော်ရီရှား(၁၀)ပင်ပေါင်း(၇၀)ပင်အား ကျောင်းဝင်းအတွင်းလက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ပါကြောင်းနှင့် ရုံးစာဖြင့်တင်ပြသွားမည်ဖြစ်ပါကြောင်းသတင်းရရှိသည်။

(၈.၇.၂၀၂၆)ရက်နေ့ နံနက် (၀၉း၃၀)နာရီအချိန်တွင် ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဗိုလ်တေဇ အလက(ခွဲ)ကျောင်းတွင် "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဟောပြောပွဲ" ကျင်းပရာ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ သစ်တောဝန်ထမ်းများကျား(၅၀)ဦး၊ မ(၆၅)ဦး စုစုပေါင်း(၁၁၅)ဦး တက်ရောက်ခဲ့ပါကြောင်း ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးချမ်းလင်းအေးမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲ နှင့် ပတ်ဝန်းကျင်​ထိန်းသိမ်းခြင်း ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အခမ်းအနားကို( ၈.၇.၂၀၂၆ )ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ ပျဥ်ပုံကျေး ရွာအုပ်စု၊ သဖန်းကုန်းကျေးရွာ၊ အ.ထ.က၊ သဖန်းကုန်း စာသင်ကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ/ကျောင်းသား/ကျောင်းသူများ သစ်တောဝန်ထမ်းများ စုစုပေါင်း(၂၅၆)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ဦးစီးအရာရှိဦးဇော်သင်းမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာတို့နှင့်ပတ်သက်၍ သစ်တောများ၏အရေးပါမှု၊ သစ်တောထိန်းသိမ်းရေးနည်းလမ်းများ၊ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ သစ်ပင်စိုက်ပျိုးခြင်းနည်းစနစ်များ၊ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးရလဒ်များ၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး တို့ကိုအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ တက်ရောက်လာသည့် ကျောင်းသား/သူ များက သစ်ပင်စိုက်ပျိုးရခြင်း၏ ကောင်း ကျိုးများ၊ သဘာဝဘေးအန္တရာယ်​ဖြစ်ပွားရသည့် အကြောင်းရင်းများကို မေးမြန်းဆွေးနွေးရာ ဦးစီးအရာရှိ ဦးဇော်သင်းမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး သစ်တောလက်ကမ်းစာစောင်တို့အား ကျောင်းသား/ ကျောင်းသူများထံဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိသည်။

‎ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊သစ်တော၊သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနှင့် မီးခိုးမြူ‌ငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို‎(၈.၇.၂၀၂၆ )ရက်နေ့ ၊နံနက်ပိုင်း( ၉:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ ရေလဲကျေးရွာ၊အထက်တန်းကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၂)ဦး၊‌ ရေလဲ အ-ထ-ကမှ ကျောင်းအုပ် ဆရာမကြီး ပါ ဆရာမ (၉)ဦး၊ဆရာ(၁)ဦး၊ ကျောင်းသား(၇၀)ဦး၊ ကျောင်းသူ (၆၅)ဦး၊ စုစုပေါင်း(၁၄၇)ဦး တက်ရောက်ခဲ့ပါသည်။‎အသိပညာ‌‌ပေးဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ တောအုပ် ဦးအောင်မျိုးမင်းမှ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့စေရန်၊ရာသီဥတုပြောင်းလဲမှုကာကွယ်ရန်နှင့်အနာဂတ်မျိုးဆက်သစ်များစိမ်းလန်းစို‌ ပြေသည့်ကမ္ဘာမြေတစ်ခုလက်ဆင့်ကမ်းနိုင်ရေးအတွက်‎သစ်တောပြုစုထိန်းသိမ်းခြင်း၊ စိုက်ပြီး‌သောသစ်ပင်များ ရေရှည်ရှင်သန်ရေးနှင့်မီးခိုးမြူ‌ ငွေ့လျော့ချရေးဆိုင်ရာများအားအသိပညာပေးဟောပြောခဲ့ပါကြောင်းနှင့် အသိပညာပေးဆိုင်ရာလက်ကမ်းစာစောင်များဖြန့်‌ဝေခဲ့ပါကြောင်းသတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို( ၇.၇.၂၀၂၆ )ရက်နေ့၊နံနက်( ၁၀:၃၀)နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်၊ ဖြူးစု၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးပါ ဆရာ(၃)ဦး၊ ဆရာမ(၂)ဦး၊ Grade(12)အဆင့် ကျောင်းသား(၄၀)ဦး၊ ကျောင်းသူ(၈၀)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး၊ စုစုပေါင်း(၁၂၇)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင်တောအုပ်ကြီး ဦးရှင်းသန့်နိုင်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေးခေါင်းစဉ်နှင့် စပ်လျဉ်း၍ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ သစ်တောခေါင်းစဉ်နှင့် စပ်လျဉ်း၍ သစ်ပင်သစ်တောများ၏ အရေးပါပုံနှင့် သစ်တောဦးစီးဌာနမှ မိုးရာသီတွင်ပျိုးပင်များအားအခမဲ့ ဖြန့်ဝေပေးနေမှု အခြေအနေ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲများခေါင်းစဉ်နှင့်စပ်လျဉ်း၍ ဇီဝမျိုးစိတ်တို့ ၏ သဘောသဘာဝများနှင့်သစ်တောစပ်ဆက်နေသောအကြောင်းအရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာခေါင်းစဉ်နှင့် စပ်လျဉ်း၍ ကမ္ဘာရာသီဥတု ပြောင်းလဲလာရသည့် အကြောင်းအရာများနှင့် ပလပ်စတစ်လျော့ချသုံးစွဲစေရေး အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၇.၇.၂၀၂၆)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်၊‌ပေါင်မြို့နယ်၊ပေါင်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ပေါင်)၊ ရွှေရတုခန်းမ၌"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးခြင်းဟောပြောပွဲ´ကျင်းပပြုလုပ်ရာဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ဆရာ၊ဆရာမများ၊ကျောင်းသား/သူများ၊ ကျား(၆၈)ဦး မ (၁၁၀)ဦးနှင့် ပေါင်မြို့နယ်မှသစ်တောဝန်ထမ်း(၂)ဦး၊စုစုပေါင်း ကျား(၇၀)ဦး၊မ( ၁၁၀)ဦး၊စုစုပေါင်းလူဦးရေ(၁၈၀)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇာ်လွင်ဦးမှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာခေါင်းစဥ်ဖြင့်ဆွေးနွေးဟောပြောခြင်းဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ကျောင်းသား/သူများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

Pages