၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး ပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု (Green Environment Campaign 2019)တွင် ပါဝင်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို (၅-၇-၂၀၁၉) ရက်နေ့၊ နံနက်(၀၇:၃၀)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ဖိုးဇောင်တောင်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၂)အတွင်း ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးဝင်မြင့် တက်ရောက်၍ သစ်ပင်စိုက်ပျိုးကြောင်း သိရှိရပါသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မှ မဟော်ဂနီပင်အား စိုက်ပျိုးခဲ့ပြီး နိုင်ငံတော်အဆင့် အကြီးအကဲများမှ ကံ့ကော်ပင်၊ သင်းဝင်၊ မြန်မာပိတောက်ပင်နှင့် တမလန်းပင် များအား လည်းကောင်း ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြသူများမှ ကျွန်း၊ ပျဉ်းကတိုး၊ မြန်မာပိတောက်၊ တမလန်း၊ ကံ့ကော်၊ အင်ကြင်း၊ ရေသင်းဝင်၊ မဟော်ဂနီ၊ ရင်းမာ၊ ငု၊ ပန်းမဲဇလီ၊ ဆီသပြေ၊ သပြေ၊ မဏိသြဂ၊ သင်းဝင်၊ စစ်၊ မအူလက်တန်တို၊ မအူလက်တန်ရှည်၊ ယမနေ၊ ယင်းထိုက် စသည့် သစ်မျိုးပေါင်း(၂၀)၊ သစ်ပင်ပေါင်း(၄၃၄)ပင်အားလည်းကောင်း တက်ရောက် သူ အင်အားစုစုပေါင်း(၄၄၀) ဦးဖြင့် စိုက်ပျိုးခဲ့ကြပါသည်။ ဆက်လက်ပြီး နိုင်ငံတော်သမ္မတနှင့် အတူ နိုင်ငံတော် အဆင့်အကြီးအကဲများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက် လာကြသူ ဧည့်သည်တော်များမှ သစ်ပင်စိုက်ပျိူးနေမှုအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရှိရပါသည်။

၃.၇.၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခ.လ.ရ(၂၅၇)တပ်ဖွဲ့ဝင်များ၊ စအဖတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ သုံးဆယ်-ဆမ္မဆယ်ကျေးရွာကြား၊ ကားလမ်းနံဘေး ယာဉ်အမှတ်၊ 7B/1074(Nissan Diesel (၆)ဘီး လိမ္မော်ရင့်ရောင်)ပေါ်မှ တရားမဝင် ကညင်ခွဲသား/စကွဲယား (၁၃၅)ချောင်း (၅.၉၄၈၀)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂.၇.၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ငဖဲမြို့နယ်၊ ပျဉ်းဝစစ်ဆေးရေးစခန်းအနီး၊ ဂုတ်ဝကျေးရွာနှင့် ပျဉ်းဝကျေးရွာကြား၊ နတ်ရေကန်လမ်းဟောင်းမိုင်တိုင် (၀/၇)နေရာ ယာဉ်(၂)စီး ပေါ်မှ တရားမဝင် ပျဉ်းကတိုး/ဇောင်းပလွေးခွဲသား (၁၁၄)ချောင်း (၂.၅၇၆၂)တန်နှင့်အတူ တရားခံ(၃)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂-၇-၂၀၁၉ ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရွှေဘိုခရိုင်၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဧရာဝတီမြစ်အတွင်း တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်ခဲ့ရာ စဉ့်ကူးမြို့နယ်၊ ပြကျေးရွာ အောက်ဘက်(၂)မိုင်ခန့်အကွာ ဧရာဝတီမြစ်အတွင်းမှ တရားမဝင်သစ်ယာ/အင်ကြင်း/သပြေ/ဖန်ခါး သစ်ခန့်မှန်း(၁၀)ခန့်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၃.၇.၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်မြို့နယ်၊ ချိုင်စောင့်ကျေးရွာ၏အနောက်တောင်ဘက်(၃)မိုင်ခန့်အကွာ၊ ချိုင်ဇောက်ချောင်းအနောက်ဘက်ကမ်းစပ်နေရာမှ တရားမဝင် ကျွန်း/အင်ကြင်း/အင်ခွဲသား (၄၉)ချောင်း (၂.၉၅၄၄)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၇-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ ဦးစီးအရာရှိ ဦးဆောင် သော သစ်တောဝန်ထမ်းများ၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် မုဒုံမြို့နယ်အတွင်း တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ခြင်းဆောင်ရွက်ရာ တရားမဝင်ပိတောက်/ကညင်/ကတွတ်ခွဲသား (၆၄၀) ချောင်း (၅၈.ဝ၀၉၄)တန်အား တရားခံ(၂)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၃၀-၆-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဘော်လခဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စရဖတပ်စု(၄)မှ တပ်ဖွဲ့ဝင်များ၊ ခမရ(၃၃၇)မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဘော်လခဲမြို့နယ်၊ ဖားဆောင်းသွားကားလမ်းပေါ်မှ မော်တော်ယာဉ်အမှတ်(YGN 6K/4716) (ခဲရောင်) SUPER CUSTOM ယာဉ်နှင့်အတူ တရားမဝင်ပျဉ်းကတိုး/ပိတောက်ခွဲသား(၅၇)ချောင်း (၀.၆၇၁၂)တန်နှင့် (၄၅)ပေါင်ဝင်မီးသွေးအိတ်(၁၅)အိတ်(၂.၄)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၉.၆.၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် စေတုတ္တရာမြို့နယ်၊ ပဇူကြိုးဝိုင်းအကွက်(၄၄)အတွင်း ယာဉ်အမှတ်၊ ဓ/၄၂၈၉ (မှန်ထောင်ခေါင်းစိမ်း (၆)ဘီး)ပေါ်မှ တရားမဝင် လုံးပတ်၃ပေအောက်ကျွန်းသစ် (၅၀)လုံး (၂.၅၉၇၈)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

Pages