၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂-၃-၂၀၁၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒဏ္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ ခြောက်မိုင်ကျေးရွာအနီး၊ ဆည်ဘောင်လမ်းပေါ် ရေနီကြိုးဝိုင်းအကွက်(၅၅)အတွင်း ယာဉ်အမှတ်၊ (MDY 9B/1087) NISSAN (အနက်ရောင်) (၁၀)ဘီးယာဉ်နှင့် ယာဉ်အမှတ်(NPW 5B/1780) NISSAN (၁၀)ဘီးယာဉ်တို့ပေါ်မှ တရားမဝင်သံသေ/ မအူခွဲသား(၈၃)ချောင်း (၁၆.၅၀၆၈)တန်အား တရားခံ(၄)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၂-၃-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကြိုးပြင်ခုတ်ကွက်(၁၂၁)၊ ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ်(၁၇၁/၄)၊ အရှေ့ဘက် တွင် တရားမဝင်ကျွန်းခွဲသား(၁၂၀)ချောင်း (၂၂.၆၅၇၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်များနှင့် ဆက်စပ်ပက်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

၃-၃-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ၊ လက်ပံတန်းဦးစီးအရာရှိတို့ ဦးဆောင်သော သစ်တောဝန်ထမ်း များအဖွဲ့၊ နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည် သာယာဝတီ မြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်းအတွင်းသို့ ဝင်ရောက်စစ်ဆေးရာစုစုပေါင်း တရားမဝင်ကျွန်း သစ်လုံး / ခွဲကြမ်း(၃၃)လုံး/ ခြမ်း (၈.၂၂၆) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး လုံခြုံရာသို့ သယ်ယူပြီးပါကြောင်း သတင်းရရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၄-၃-၂၀၁၉ ရက်နေ့ နေ့လည်(၁:၀၀)နာရီအချိန်တွင် JICA FD-SNRM Project မှ ကြီးမှူး၍ VR Camera Pratical Training Seminar ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြာရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ တောအုပ်ကြီးများ တက်ရောက်ကြပါသည်။

SMART Database အသုံးပြုခြင်းဆိုင်ရာ မွမ်းမံသင်တန်း နှင့် ArcGIS Software အသုံးပြု၍ မြေပုံထုတ်လုပ်ခြင်း အခြေခံသင်တန်းကို ပုပ္ပါးတောင်ဥယျာဉ်တွင် ၁၁-၂-၂၀၁၉ ရက်နေ့ မှ ၂၃-၂-၂၀၁၉ ရက်နေ့ အထိ အပိုင်း(၂)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ SMART Databaseသည် သဘာဝထိန်းသိမ်းရေး နယ်မြေများ စီမံအုပ်ချုပ်ရာတွင် ကင်းလှည့်ထိန်းသိမ်းခြင်းနှင့် ဥပဒေစိုးမိုးမှုအား စိစစ်သုံးသပ်နိုင်ရန် ရည်ရွယ်၍ ရေးဆွဲ ထားသည့် Spatial Monitoring and Reporting Tool ဖြစ်ပါသည်။ S

ဆင်ပြတိုက်ဖွင့်လှစ်ခြင်း၊ ဖမ်းဆီးရမိဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်း တိရစ္ဆာန်အစိတ်အပိုင်းများဒုတိယအကြိမ် ဖျက်ဆီးခြင်း အခမ်းအနားအခမ်းအနားကို ၃-၃-၂၀၁၉ ရက်နေ့၊ နံနက် (၀၈:၃၀)နာရီ၌ သဘာဝသမိုင်းပြတိုက်၊ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပြီး ဆင်ပြတိုက်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်- CMRS ဖြင့် သတင်းပေးချက် အရ ၂၈.၂.၂၀၁၉နေ့ (၁၅း၃၀)နာရီအချိန်တွင် မန္တလေးတိုင်ဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ဆည်တော်လေး ကျေးရွာအုပ်စု၊ ဆည်တောလေးကျေးရွာရှိ ခြံဝန်းတစ်ခုအတွင်းမှ တရားမဝင် ကျွန်း/ပိတောက်/ သစ်ယာ/ပျဉ်းကတိုး ခွဲသား စုစုပေါင်း (၁၇၉၈)ချောင်း (၁၁.၉၇၅၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ဲပြီး၊ အုန်းချောရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ ပါသည်။

သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန၊ ရေဆင်းတွင် လစ်လပ်လျှက်ရှိသော သုတေသနလက်ထောက်(၃)၊ ပညာရှင်အဆင့်(၂)၊လစာနှုန်း(၁၉၈၀၀၀ကျပ်-၂၀၀၀ကျပ်-၂၀၈၀၀၀ကျပ်) ရာထူးနေရာအတွက် လျှောက်လွှာများတင်သွင်းနိုင်ပါသည်။

Pages