၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၆-၂-၂၀၁၉ ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သူရဲတန်းကြိုးဝိုင်းအတွင်းမှ တရားမဝင် ပျဉ်းကတိုး / မအူ/ သပြေခွဲသား စုစုပေါင်း (၂၈) ချောင်း (၅.၀၀၀၀) တန်အား ဖမ်းဆီး ရမိ ခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ တရားဥပဒေ နှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၂၆.၂.၂၀၁၉ ရက်နေ့ (၀၈း၁၅) နာရီတွင် ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အိုင်တုံကွန်းကြိုးဝိုင်းအတွင်းမှ တရားမဝင် တောင်သရက်ခွဲသား (၆၄)ချောင်း (၇.၅၂၇၆) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ဲပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

တရားမဝင်သစ်ခိုးထုတ်သူများအနေဖြင့် စက်န္တရားများအသုံးပြု၍ တောတွင်း၌ သစ်ခိုးလမ်းများ ဖောက်လုပ်ကာ ခိုးထုတ်သယ်ဆောင်နေခြင်းများ ဆောင်ရွက်နေသဖြင့် သစ်တောဦးစီးဌာနမှ အဆိုပါသစ်ခိုးလမ်းများအား လုံးဝအသုံးပြုနိုင်ခြင်းမရှိစေရန်နှင့် ပြန်လည်ပြုပြင်အသုံးပြုနိုင်ရေး ခက်ခဲစေသည်အထိ လမ်းများကို ထိထိရောက်ရောက် ဖျက်ဆီးဆောင်ရွက်လျက်ရှိပါသည်။စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ပယင်းတောင်ကြိုးဝိုင်းနှင့် နန့်တခွန်ကြိုးဝိုင်း/ အင်းတော်မြို့နယ်၊ မန်မော်ကြိုးဝိုင်း/ ကသာမြို့နယ်၊ ဖက်ဆွတ်ကြိုးဝိုင်းနှင့် အောင်ပုံကြိုးဝိုင်း/ ကောလင်းမြို့နယ်၊ သော်ကြိုးဝိုင်းနှင့် ပြင်တဲကြိုးဝိုင်း/ ဝန်းသိုမြို့နယ်၊ ညောင်ပင်သာကြိုးဝိုင်း နှင့် ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ရွှေကျင်ကြိုးဝိုင်း တို့အတွင်းရှိလမ်းများ၊မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ အရှေ့ရိုးမကြိုးဝိုင်းအတွင်း နှင့် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိသစ်ထုတ်လမ်းဟောင်းများ၊
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မြောက်ဇာမရီကြိုးဝိုင်း/ လက်ပံတန်းမြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်း/ ပဲခူးခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးကွန်းကြိုးပြင်ကာကွယ်တောရှိလမ်းများအား ဖျက်ဆီးဆောင်ရွက်ခြင်းမှတ်တမ်းဓါတ်ပုံ။

၂၂.၂.၂၀၁၉ ရက်နေ့ (၁၇:၃၀)နာရီအချိန်တွင် ရှေ့တန်းခလရ(၁၂၁)မှ ဗိုလ်မှူး ဦးစီးသော တပ်မတော်တပ်ဖွဲ့ဝင်များသည် ဗန်းမော်မြို့နယ်၊ မိုင်းစိမ်းဒေသမှ တရားမဝင် ကျွန်းသစ်လုံး/ခွဲသား တန်(၅၀)ကျော်အား သစ်စက်နှင့်ဆက်စပ်စ္စည်းများ၊ နိုင်ငံသားတရားခံ(၃)ဦးနှင့် တရုတ်နိုင်ငံသား တရားခံ(၃)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်လာ၍ မံစီမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါသည်။

၂၄-၂-၂၀၁၉ ရက်နေ့တွင် တိုက်ရေယာဉ်(၁၁၆)မှ ဗိုလ်ကြီးကိုကိုလေး (ရေ-၄၅၀၁)ဦးစီးသည့်အဖွဲ့သည် ကျွန်းစုမြို့နယ်၊ သစ်ရာကျွန်းတောင်ဘက် (၄)မိုင်ခန့်အကွာနေရာ၌ စက်လှေ(၁)စီးပေါ်မှ တရားမဝင် ဥဘန်/ကတွဒ် ခွဲသား (၁၇၄)ချောင်း (၉.၈၆၂၈)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ကျွန်းစုမြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက် ရှိပါသည်။

၂၄-၂-၂၀၁၉ ရက်နေ့တွင် ကမ်းခြေစောင့်ရေယာဉ်(၄၀၅)မှ ဗိုလ်ကြီးတင်ကိုထွန်း၊ သစ်တောဝန်ထမ်း(၁)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လပွတ္တာ မြို့နယ်၊ ထုံးဘူးကျအဝစုကျေးရွာအနီး၊ ပြာမလော့မြစ်အတွင်းရှိ စက်လှေ(၁)စီးပေါ်မှ တရားမဝင် သစ်ပုတ်/ လက်ပံ/ဘောင်ဆန့်/မအူ/ဒီးဒူ ခွဲသား (၇၄၈)ချောင်း (၈.၄၂၇၂)တန်အား တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဘီတွဒ်ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက် ရှိပါသည်။

၂၄-၂-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ ငဝန်ကြို့ကုန်းအုပ်စု၊ ရှောက်ချောင်းဝနေရာရှိ စက်လှေ(၂)စီးပေါ်မှ တရားမဝင် သစ်ပုတ်/တောင်သရက် ခွဲသား (၅၃)ချောင်း (၁၇.၁၉၁၄)တန်၊ တရားခံ(၁)ဦးဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သာပေါင်းမြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၂၄-၂-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ ချောင်းသာကြီးချောင်းအတွင်းမှ တရားမဝင် ကညောင်း/တောင်သရက် ခွဲသား (၁၁၃)ချောင်း (၂၀.၆၉၀၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

Pages