Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံ သစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၁)နှင့် မြန်မာနိုင်ငံမြေတိုင်း ကျောင်း၊ အရာရှိမြေတိုင်းသင်တန်း၊ အမှတ်စဉ်(၅၀)၊ အခြေခံမြေတိုင်းသင်တန်း၊ အမှတ်စဉ်(၇၄) သင်တန်းဆင်းပွဲစစ်ရေးပြအခမ်းအနားကို (၂၃.၁၁.၂၀၁၅)ရက် နံနက်(၀၇:၃၀)နာရီအချိန်တွင် ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းတက်ရောက်၍ အမှာ စကားပြောကြားပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းမိသားစုတို့၏ နဝမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၀၅:၃၀) နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၂၈) ကျွန်းရွှေဝါခမ်းမ၌ ကျင်းပပါသည်။

သစ်တောသံယံဇာတ အရင်းအမြစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးပျောက်ကွယ်သွားပါက လူသားများနှင့်ပတ်ဝန်းကျင်တို့၏ညီညွှတ်မျှတနေသည့် ဂေဟစနစ်ကွင်းဆက်များ ပျက်စီးပြုန်းတီး၍ဘဝ ရှင်သန်ရပ်တည်မှုကိုထိခိုက်မည်ဖြစ်သည်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနသည်ဒေသအသီးသီး၌လက်ရှိဒေသခံပြည်သူများ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ကာသစ်တောများရေရှည်တည်တံ့၍အနာဂတ်ပတ်ဝန်းကျင်အခြေအနေကောင်းများဖော်ဆောင်နိုင်ရန်အတွက်သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ ဒေသခံပြည်သူများပူးပေါင်းပါဝင်၍ ဒေသခံပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်းများတည် ထောင်ခြင်း၊ပုဂ္ဂလိကလုပ်ငန်းရှင်များအားကျွန်းနှင့်သစ်မာပုဂ္ဂလိကစိုက်ခင်းများတည်ထောင်စိုက်ပျိုးခွင့်ပြုခြင်း၊ကြိုးဝိုင်း၊ကြိုးပြင်ကာကွယ်တောနှင့်သဘာဝနယ်မြေများတိုးချဲ့ဖွဲ့စည်းခြင်းတို့ကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်သာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သစ်တောကဏ္ဍအရင်းအမြစ် များဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

“ချင်းပြည်နယ်ရှိ မြေပြိုဆည်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များ ကြို တင်ကာကွယ်ရေးအလုပ်ရုံဆွေးနွေးပွဲ”ကို(၁၁.၁၁.၂၀၁၅)ရက်နေ့၊နံနက်(၉:၀၀)နာရီတွင် နေပြည် တော်၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအမှတ်(၃၉)၊ နေပြည်တော်၌ ပုဂ္ဂလိက သစ်တောစိုက်ခင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအား (၄.၁၂.၂၀၁၅)ရက်နေ့တွင် ကျင်းပဆောင်ရွက်မည် ဖြစ်ပါ၍ ဧက(၅၀)နှင့်အထက် စိုက်ပျိုးပြီးနှင့် စိုက်ပျိုးမည့် စိတ်ပါဝင်စား သည့် လုပ်ငန်းရှင်များအားတက်ရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။
လူဦးရေကန့်သတ်ချက်ရှိသဖြင့် (၁၆-၁၁-၂၀၁၅)ရက်နေ့မှ(၂၄-၁၁-၂၀၁၅)ရက်နေ့အထိ ရုံးချိန်အတွင်း သစ်တောဦးစီးရုံးချုပ် ၊ နေပြည်တော်၊ ဖုန်း ၀၆၇-၄၀၅၁၁၁ ၊ ၀၆၇ -၄၀၅၀၁၆၊ ၀၆၇-၄၀၅၁၁၉ ၊ Fax-၀၆၇-၄၀၅၀၈၂ ၊ Email nfpd405082@gmail.com သို့ အချိန်မီ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း၊ တက်ရောက်ခွင့် အတည်ပြုချက်အား ပြန်ကြားပေးမည် ဖြစ်ပြီ: အသေးစိတ်သိရှိလိုပါက အထက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း နိုင်ပါ ကြောင်း သတင်းရရှိပါသည်။

ဒီရေတောများကို အပူပိုင်းနှင့် အပူသမပိုင်းဒေသများရှိ ကမ်းရိုးတန်း ဧရိယာများ တွင် တွေ့ရှိရပြီး၊ ၎င်းတို့သည် ထုတ်လုပ်မှုစွမ်းအား အကောင်းဆုံးဂေဟစနစ်မျာတွင် အပါအဝင် ဖြစ်ပါသည်။ မြန်မာ့ကမ်းရိုးတန်းအရှည်သည် ကီလိုမီတာ (၃၀၀၀) ခန့် ရှည်လျားပြီး ဒီရေတော များကို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းဒေသ များ တစ်လျောက် အမြောက်အမြား တွေ့ရှိရသည်။ World Mangrove Atlas (၂၀၁၀) အရ မြန်မာ့ဒီရေတောများသည် ကမ္ဘာ့ဒီရေတောဧရိယာစုစုပေါင်း၏ (၃.၃ %) ဖြစ်ပြီး ဒီရေတော ဧရိယာဟက်တာပေါင်း ၅၀၂,၉၁၁ (၁,၂၄၂,၁၉၀ ဧက) ပေါက်ရောက်လျက်ရှိ၍ အာရှဒေသတွင် တတိယအများဆုံးနှင့် ကမ္ဘာပေါ်တွင် သတ္တမမြောက်အများဆုံး ဒီရေတောပေါက်ရောက် သောနိုင်ငံဖြစ်ပါသည်။

( ၂-၁၁-၂၀၁၅)၊ နေပြည်တော်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂပူးပေါင်းဆောင် ရွက်ရေးဌာန၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ကုလသမဂ္ဂ အခြေချနေထိုင်မှုအစီအစဉ် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် မြန်မာရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်(Myanmar Climate Change Alliance-MCCA Programme)၏ မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေးဆွဲနိုင်ရေး အတွက်မဟာဗျူဟာ(မူကြမ်း)ရေးဆွဲခြင်းဆိုင်ရာ ဒုတိယအကြိမ် အမျိုးသားအဆင့် အလုပ်ရုံဆွေး နွေးပွဲကို ယနေ့နံနက် (၀၉:၀၀)နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် မြန်မာနိုင်ငံ၏ ဒီရေတောများ ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး၊ သဘာဝနယ်မြေများ စီမံအုပ်ချုပ်ရေးနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဂျပန်နိုင်ငံ တိုကျိုမြို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)ရုံးချုပ်နှင့် ကိုကုဆိုင်း ကိုဂျော ကုမ္ပဏီလီမိတက် (Kokusai Kogyo Co., Ltd.)သို့ သွားရောက်၍ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေး၍ နီကိုး အမျိုးသား ဥယျာဉ်နှင့် ဖူဂျီတောင် အမျိုးသားဥယျာဉ်တို့သို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

Pages