Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ နိုင်ငံတော် ဒုတိယ သမ္မတ၏ လမ်းညွှန်ချက်ဖြင့် ချင်းပြည်နယ်တွင် ဖြစ်ပေါ်နေသော မြေပြိုဆည် ( Landslide Dam ) များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မြန်မာနိုင်ငံ အစီ အစဉ်တို့ (၅) နှစ်တာပူးပေါင်း ဆောင်ရွက်မည့် “ မြန်မာနိုင်ငံ ရှိ သဘာဝနယ်မြေများ စီမံအုပ် ချုပ်မှုရေရှည် တည်တံ့ရေးကိုမြှင့်တင်ခြင်း” စီမံကိန်းအကောင်အထည်ဖော်ခြင်းဆိုင်ရာ မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို (၂၇-၁၀-၂၀၁၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် နေပြည်တော်၊ အမရဟိုတယ်၌ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြော ကြားပါသည်။
NBSAP (၂၀၁၅-၂၀၂၀) အကောင်အထည်ဖော်ခြင်းအတွက် အမျိုးသားအဆင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စောင့်ကြည့်လေ့လာခြင်း၊ အကဲဖြတ်ခင်းနှင့် စံညွှန်းကိန်းချမှတ်ခြင်းဆိုင်ရာ အကြံပြုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို (၂၂-၁၀-၂၀၁၅) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် နေပြည်တော် အမရဟိုတယ်၍ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
သစ်တောပြုန်းတီးခြင်းနှင့် တောအဆင့်အတန်းနိမ့်ကျခြင်းတို့မှ ကာဗွန်ထုတ်လွတ်မှုလျှော့ချ ခြင်း၊သစ်တောထိန်းသိမ်းကာကွယ်ခြင်း၊ စဉ်ဆက်မပြတ်စီမံအုပ်ချုပ်ခြင်းနှင့် သစ်တောကာဗွန် ရင်းမြစ်များ ပိုမိုတိုးမြှင့်စေခြင်းလုပ်ငန်းစဉ်များဆိုင်ရာ အထူးပညာရပ်သင်တန်း National REDD+ Academy Trainging ဖွင့်ပွဲအခမ်းအနားကို (၂၂-၁၀-၂၀၁၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် နေပြည်တော် The Grand Amara Hotel ၌ကျင်းပရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်း ခန်းမ၌ ၁၉-၁၀-၂၀၁၅ ရက်နေ့၊ နံနက် (၁၀:၀၀)တွင် ၂၀၁၅-၂၀၁၆ ခုနှစ် သစ်ထုတ်လုပ် ခြင်းလုပ်ငန်းစဉ်များနှင့် ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် သစ်ထုတ်လုပ်ရန် လုပ်ငန်းစဉ်များ ညှိနှိုင်းခြင်း အစည်းအဝေးအား ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် အား ဘရာဇီးနိုင်ငံသံအမတ်ကြီး H.E. Mr. Alcides G. R. Prates မှ ယနေ့
၁၃-၁၀-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၁၂:၃၀ နာရီတွင် သစ်တောဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင် တို့ တက်ရောက်ခဲ့ကြသည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အေးမြသောကမ္ဘာမြေကြီးဆိုင်ရာ တီထွင်ဆန်းသစ်မှုဖိုရမ်၏ ဒုတိယအကြိမ် အစည်းအဝေး (2nd Annual Meeting of the Innovation for Cool Earth Forum ICEF) သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် "အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာမူဝါဒနှင့် မဟာဗျူဟာ မူဘောင် ဖွံ့ဖြိုးတိုးတက်ရေး အကြံပြုဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲ" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၉း၀၀ နာရီတွင် နေပြည်တော်ရှိ အမရဟိုတယ်၌ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။






