၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၄-၂-၂၀၁၉ ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှောင်လမ်းဘေးရှိ ယာဉ်အမှတ်YGN-9M/2046 တွဲကား(ဆီဘောက်ဆာ)အတွင်းမှ တရားမဝင် တမလန်း/ပိတောက်ဓါးရွေ (၄၇)တုံး (၈.၀၈၃၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ပို့ချ လျက်ရှိပါသည်၊၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် သင်တန်းအစီအစဉ်အနက် “သစ်တောများ ပြန်လည်တည်ထောင်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို ဦးတည်လျက် ကိုရီးယားသမ္မတ နိုင်ငံ၏ အမျိုးသားအဆင့် စ်တောများ ပြန်လည်တည်ထောင်ခြင်း အတွေ့အကြုံများမှ ရရှိသည့် သင်ခန်းစာများဆိုင်ရာ ပုံမှန်သင်တန်းအစီအစဉ်” (AFoCO Regular Training Course on Lessons Learned from the National Reforestation Experiences of the Republic of Korea with Focus on Reforestation and Food Security)သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ ဖွင့်လှစ်ကျင်းပခဲ့ပါသည်၊ နိုင်ငံအလိုက် သို့မဟုတ် နယ်နမိတ် ထိစပ်လျက်ရှိသော နိုင်ငံများကြား သစ်တောများ ပြန်လည်ထူထောင်ရေးနှင့် စားနပ်ရိက္ခာဖူလုံစေရေး လုပ်ငန်းမူဝါဒနှင့် စီမံ အုပ်ချုပ်ခြင်း များအပေါ် စံနမူနာ လုပ်ငန်းများကို မျှဝေနိုင်ရန်၊ သစ်တောများ ပြန်လည်ထူထောင် ရာတွင် ယခင် အတွေ့အကြုံကောင်းများမှ သင်ခန်းစာယူ၍ ကိုယ်ပိုင်စံနမူနာ ပုံစံများ ဖော်ထုတ်နိုင်ရန်၊ ဆောင်ရွက်ဆဲ/ဆောင်ရွက်သွားမည့် သစ်တောပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများကို အာရှ နိုင်ငံများသို့ ဦးဆောင်လမ်းပြပေးရန် ရည်ရွယ်လျက် ဤ သင်တန်းအစီအစဉ်ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်၊ကွင်းဆင်းလေ့လာရေး ခရီးစဉ်အဖြစ် မြန်မာ့သစ်တောများ ပြန်လည်ထူထောင်ရေး စီမံကိန်း ဧရိယာဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကောလိယကြိုးဝိုင်းရှိ ၂၀၁၈-၂၀၁၉ ခုနှစ်၊ ကျွန်းစိုက်ခင်း ဧက(၁၅၀)သို့ သွားရောက်လေ့လာခဲ့ကြပါသည်၊

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၂၂၀.၇၇၁၉)တန်၊ သစ်မာ(၁၃၈.၅၅၅၈)တန်၊ အခြား (၃၈၈.၂၁၅၇)တန်၊ စုစုပေါင်း(၇၄၇.၅၄၃၄)တန်၊ တရားခံ(၈၂)ဦး၊ ယာဉ်/ယန္တရား(၆၆)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်၊ မိုးလိုဘိနယ်၊ မိုင်းနင်းကျေးရွာအနီးမှ တရားမဝင် ကျွန်းသစ်(၁၇၉)လုံး (၃၆.၉၁) တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၆-၂-၂၀၁၉ ရက်နေ့၊ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား WWF-Myanmar မှ Mr.A.Christy Williasm, Country Diretor နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ ဝန်ကြီးဌာနနှင့် WWF Myanmar တို့ လက်မှတ်ရေးထိုးထားသည့် MoU အောက်တွင် သစ်တောဦးစီးဌာနနှင့် လက်မှတ်ရေးထိုးထားသော မြန်မာ့ဇီဝမျိုးစုံမျိုးကွဲကာကွယ်ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူညီချက်စာလွှာ(LoA)အရ ဆောင်ရွက်မည့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေ စီမံခန့်ခွဲမှု သင်တန်းကျောင်း(Myanmar Wildlife Conservation and Protected Area Managenent School တည်ဆောက်နိုင်ရေး ကိစ္စများအားလာရောက် ဆွေးနွေးခဲ့ ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၂၆-၂-၂၀၁၉ ရက်နေ့ နံနက်(၉:ဝ၀)နာရီအချိန်တွင် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဆိုင်ရာ လမ်းပြမြေပုံ(Agroforestry Roadmap)ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ကို ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်မှ အဖွင့်အမှာစကားပြောကြားပါသည်။ အဆိုပါအစည်းအဝေးသို့ ဆက်စပ်ဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်း များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်….

ပြည်သူပူးပေါင်းကာကွယ်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၂၅.၂.၂၀၁၉ ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် စေတုတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် စေတုတ္တရာမြို့နယ်၊ ကြီးအုံကြီးဝဆည်၏ အနောက်ဘက်ကမ်းအနီး၊ ကြီးအုံကြီးဝဆည်ကမ်းစပ်၌ သိုဝှက်ထားသော တရားမဝင် ပိတောက်ခွဲသား ၉တန်ခန့်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးအတွက် တရားဝင်သစ်ထုတ်လုပ်မှုအား (၁၀)နှစ်ရပ်ဆိုင်းထားသည့်အပြင် တရားမဝင် သစ်၊ ထင်း၊ မီးသွေးများ ထုတ်ယူမှုမရှိစေရေး ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိပြီး ၂၂.၂.၂၀၁၉ ရက်နေ့တွင် ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ပါ ပူးပေါင်းအဖွဲ့မှ ဘုရားကြီး-ဇောင်းတူ-တိုက်ကြီးကားလမ်းတစ်လျှောက် နယ်မြေရှင်းလင်းရာ တရားမဝင်အခြားခွဲသား (၂.၇၇၄၆)တန်၊ မီးသွေး(၃၂၉.၆)တန်၊ ယာဉ်(၇)စီး၊ တရားခံ (၁၆)ဦး ဖမ်းဆီးရမိပြီး၊ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမတွင် (၂၅- ၉ -၂၀၁၉)ရက်နေ့ ၊ နံနက်(၁၀:ဝ၀)နာရီအချိန်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီနှင့် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်တို့ အား One Map Myanmar မှ Dr.Joan Bastide၊ Chief Technical Advisor ဦးဆောင်သော စီမံကိန်းနည်းပညာအဖွဲ့မှ လာရောက်တွေ့ဆုံပြီး OneMap Myanmar online platform prototype အားရှင်းလင်းတင်ပြခြင်းနှင့် OneMap Myanmar အား ဆက်စပ်ပတ်သက်သူများ ထံချပြနိုင်ရေး လုပ်ငန်းစဉ်အပေါ်ဆွေးနွေးခြင်း၊ စီမံကိန်း၏ အခြားလုပ်ငန်းတိုးတက်မှုများအားတင်ပြခြင်း၊ ကိန်းဂဏန်းအချက်အလက်များ မျှဝေသုံးစွဲခြင်းဆိုင်ရာ စိန်ခေါ်မှုများတင်ပြခြင်း၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းဆိုင်ရာလုပ်ငန်းများ အပေါ်ဆွေးနွေးတင်ပြခဲ့သည်။

Pages