၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၈-၃-၂၀၁၉ ရက်နေ့၊ နံနက်(၉း၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဒေါ်ဆုစန္ဒာအောင်(ဦးစီးအရာရှိ)သဘာဝ၀န်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက UAE နိုင်ငံတွင်ကျင်းပခဲ့သည့် (ရမ်ဆာကွန်ဆာဗေးရှင်း အဖွဲ့ဝင်နိုင်ငံများ (၁၃)ကြိမ်မြောက် အစည်းအဝေး (Ramsar Convention Cop 13 )တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဦးတင်မြစိုး(ဦးစီးအရာရှိ) သဘာဝ၀န်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ကိုရီးယား နိုင်ငံတွင်ကျင်းပခဲ့သည့် (2018 Capacity Building Program on Forest) တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

စာမေးပွဲစတင်ဖြေဆိုမည့် ပထမနေ့ ၁၆-၃-၂၀၁၉ ရက်နေ့တွင် နံနက် (၀၈း၀၀) နာရီထက်နောက်မကျဘဲ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်သို့ ရောက်ရှိသတင်းပေးပို့ရမည်။
နိုင်ငံသား စိစစ်ရေးကတ်ပြား သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ်ပြားတင်ပြနိုင်ခြင်းမရှိပါက သက်ဆိုင်ရာ ရဲစခန်းထောက်ခံချက် တစ်ပါတည်းယူဆောင်လာရမည်။

၁၃-၃-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် သာပေါင်းမြို့နယ်၊ ငဝန်မြစ်ကမ်းတစ်လျှောက်တွင် တရားမဝင်တောင်သရက်သစ်/ခွဲသား(၃၆၀)လုံး/ချောင်း (၈၈.၉၅၄၀)တန်အား ဖမ်းဆီးရမိပြီး၊ ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၁၂.၃.၂၀၁၉ ရက်နေ့တွင် အုတ်တွင်းမြို့နယ်၊ ဦးစီးအရာရှိ နှင့် သစ်တောဝန်ထမ်းများ၊ အမှတ်(၆) တပ်မတော် တန်းမြင့်လေ့ကျင့် ရေးကျောင်းမှ ဗိုလ်ကြီးဇော်ဝင်းဌေး နှင့် တပ်မတော်တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော စစ်ကြောင်းအဖွဲ့သည် ခပေါင်းကြိုးဝိုင်းအတွင်း နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ရာ ကျွန်းသစ်/ပါကေး စုစုပေါင်း (၅.၆၁၂၆) တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

(၁၃-၃-၂၀၁၉)ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊အပိုင်း(၃)၊နန်ကျင်ကျေးရွာတွင် တရားမဝင်ကံ့ကော်ဖို/ သပြေ/တောဇီး/ကညင်/တောဂွေး/ကြေးလံ/တောင်သရက်သစ်(၅၄)လုံး (၅၁.၂၆၈၀)တန်အား ဖမ်းဆီးရမိပြီး၊ ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၀.၈၂၄၀)တန်၊ အခြား(၇၉.၂၅၂၇)တန်၊ စုစုပေါင်း (၈၀.၀၇၆၇)တန်၊ တရားခံ(၄၈)ဦး၊ ယာဉ်/ယန္တရား(၂၃)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူ မြို့နယ်၊ ခပေါင်းကြိုးဝိုင်း အကွက်(၁၆၄)၊ မီးပေါက်ချောင်းဘေးမှ တရားမဝင် ကျွန်းသစ်(၁၀၈)လုံး (၂၆.၈၅၆၀)တန်၊ ပျဉ်းကတိုးသစ်(၂၄)လုံး (၉.၂၉၀၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

၁၁-၃-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်း၊ မိုင်တိုင်အမှတ်(၁/၄)၊ စက်ယန္တရားများထားရှိသည့် ဝင်းအတွင်းနေရာ၌ ယာဉ်အမှတ် (8I/9279) SUPER CUSTOM (ခဲရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၂၉)ချောင်း (၁.၆၄၇၈)တန်အား ဖမ်ဆီးရမိပြီး၊ ဆက်စပ်ပက်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၃-၂၀၁၉ ရက်နေ့(၁၃:၄၀) နာရီ အချိန်တွင် ပေါက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးပါ သစ်တော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်းရေးအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ ချပြသတင်းအရ ကွင်းဆင်းစစ်ဆေးရာ ကျောက်ထု-ပေါက်-ပခုက္ကူ ကားလမ်း မိုင်တိုင်အမှတ် ၆၁/၇ နှင့် ၆၂/ဝကြား နေရာ၌ ရပ်တန့်ထား သော NISSAN DIESEL အပြာရောင် (၁၂)ဘီးယာဉ်အားစစ်ဆေးရာ ယာဉ် ပေါ်တွင် တရားမဝင် ပိတောက်ခွဲသားများ ခန့်မှန်း (၁၀)တန်ခန့်တင်ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

Pages