Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၈-၃-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ မြို့မ(၁၄)ရပ်ကွက်အရှေ့တောင်ဘက်(၃)ဖာလုံခန့်အကွာနေရမှ LIFAN သုံးဘီးဆိုင်ကယ်(၂)စီးပေါ်မှ တရားမဝင်ကျွန်ခွဲသား စုစုပေါင်း (၇၆)ချောင်း (၂.၅၁၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

လမ်းညွှန်ချက်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်သစ်တောဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်/ဟားခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းအား မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်ဆုံရာနယ်နမိတ်တလျှောက်ဆောင်ရွက်လျှက်ရှိရာ ၂၇.၃.၂၀၁၉ ရက်နေ့တွင် ကလေးမြို့နယ်၊ နန်းကသဲချောင်းနှင့် မြောင်းချောင်းဆုံရာနေရာ၊ ဖလမ်းမြို့နယ်၊ မဏိပူရမြစ်(နန်းကသဲချောင်း)နေရာတို့မှ တရားမဝင်ကျွန်း/သပြေသစ်/ခွဲသား (၈.၀၄၀၄)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၂၉-၃-၂၀၁၉ ရက်နေ့ နေ့လည်(၃:၀၀) နာရီအချိန်တွင် သစ်တောဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ဝန်ထမ်းများတွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ဝန်ထမ်များက မိမိတို့၏ လိုအပ်ချက်များကို တင်ပြရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းများတင်ပြသော အချက်အလက်များ သည် ဌာနမှ ဖြေရှင်းပေးနိုင်သော အချက်အလက်များဖြစ်ပါ၍ ဖြေရှင်းပေးသွားပါ မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့အချက်အရ ၂၇-၃-၂၀၁၉ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကဝမြို့နယ်၊ အောင်မိတ်သာကျေးရွာမှ မုတ္တမပင်လယ်ကွေ့ဘက်သို့ စက်လှေခရီး၊ ခြေလျင်ခရီးတို့ဖြင့် သွားရောက်၍ မုတ္တမပင်လယ်ကွေ့ဒေသအခေါ်နွားသေသောင်ပေါက်နေရာ၌ တရားမဝင်ပိတောက်ခွဲသား (၁၂၀)ချောင်း (၁၀)တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့အချက်အရ ၂၆-၃-၂၀၁၉ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်း၊ ရဲနွယ်ဆည်ဘေး၊ မြို့ချောင်း-စိန်ကန့်လန့်လမ်း(၂၁)မိုင်ပေါက် ရေဆိပ်အနီးနေရာ၌ တရားမဝင်ပျဉ်းကတိုးခွဲသား (၆၄)ချောင်း (၅.၂၈၉၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့အချက်အရ ၂၅-၃-၂၀၁၉ ရက်နေ့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ အိုင်ကလောင်ကျေးရွာနေ ဦးလှစိုး၏ သစ်စက်ဝန်းအတွင်းနှင့် နေအိမ်ခြံဝန်းအတွင်းမှ တရားမဝင် အခြားသစ်/ခွဲသားစုစုပေါင်း ( ၃၇.၉၂၅၉ )တန်၊ သစ်စက်အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်ဦးလှစိုးနှင့်အတူဖမ်းဆီးရမိပြီး၊ တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၅-၃-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်မျာပါဝင်သောပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဆွာတံတားအနီးနေရာမှ ယာဉ်အမှတ်(9H-3441) NISSAN ယာဉ်ပေါ်မှ တရားမဝင်အခြားခွဲသား(၇၆၁)ချောင်း (၁၁.၀၂၁၄)တန်အား တရားခံ(၂)ဦးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၄.၃.၂၀၁၉ ရက်နေ့ ကသာခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ ဝန်းကျင်နှင့် ညောင်ခြေထောက်အဆိုပြုကာကွယ်တော၊ တုံးလှော်ရွာအနီးတို့မှ တရားမဝင် ကျွန်း/အင် သစ်လုံး/ခွဲသား စုစုပေါင်း (၂၃၄)လုံး/ချောင်း (၂၃.၇၇၆၈)တန်၊ လီဖန်း(၆)ဘီးယာဉ်(၁)စီး၊ 125ဆိုင်ကယ်(၂)စီး တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

Pages