၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ဆင်ပြတိုက်ဖွင့်လှစ်ခြင်း၊ ဖမ်းဆီးရမိဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်း တိရစ္ဆာန်အစိတ်အပိုင်းများဒုတိယအကြိမ် ဖျက်ဆီးခြင်း အခမ်းအနားအခမ်းအနားကို ၃-၃-၂၀၁၉ ရက်နေ့၊ နံနက် (၀၈:၃၀)နာရီ၌ သဘာဝသမိုင်းပြတိုက်၊ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပြီး ဆင်ပြတိုက်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်- CMRS ဖြင့် သတင်းပေးချက် အရ ၂၈.၂.၂၀၁၉နေ့ (၁၅း၃၀)နာရီအချိန်တွင် မန္တလေးတိုင်ဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ဆည်တော်လေး ကျေးရွာအုပ်စု၊ ဆည်တောလေးကျေးရွာရှိ ခြံဝန်းတစ်ခုအတွင်းမှ တရားမဝင် ကျွန်း/ပိတောက်/ သစ်ယာ/ပျဉ်းကတိုး ခွဲသား စုစုပေါင်း (၁၇၉၈)ချောင်း (၁၁.၉၇၅၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ဲပြီး၊ အုန်းချောရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ ပါသည်။

သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန၊ ရေဆင်းတွင် လစ်လပ်လျှက်ရှိသော သုတေသနလက်ထောက်(၃)၊ ပညာရှင်အဆင့်(၂)၊လစာနှုန်း(၁၉၈၀၀၀ကျပ်-၂၀၀၀ကျပ်-၂၀၈၀၀၀ကျပ်) ရာထူးနေရာအတွက် လျှောက်လွှာများတင်သွင်းနိုင်ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၂၆.၂.၂၀၁၉ ရက်နေ့ သာပေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့ နယ်၊ စိုင်ကြီးကွင်း၊ ငဝန်မြစ်ကမ်းဘေးမှ တရားမဝင် တောင်သရက်ခွဲသား (၆၃)ချောင်း (၂၀.၅၇၀၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၂၇-၂-၂၀၁၉ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ စိန်ခဲ/ရွှေခဲငံပြာရည် ဝန်ထမ်းအိမ်ယာ တိုက်တန်း အနီး၊ ရွှေပြည်သာ(၂)နယ်မြေဆိပ်ကမ်း၌ ယာဉ်အမှတ်YGN-8I/6032 (Super Custom ဖြူ/မီးခိုးရောင်)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၃၃)ချောင်း (၁.၈၁၉၆)တန်နှင့် ယာဉ်နံပါတ်ပြားအပိုတစ်စုံ(YGN-8I/4193)တို့အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၂၇.၂.၂၀၁၉ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများအဖွဲ့၊ အကောက်ခွန် ဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီး မြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်)ကားလမ်း၊ (၁၆)မိုင်စစ်ဆေးရေးစခန်း(အတက်)စတင်နေရာ ၌ ယာဉ်အမှတ်MDY-7N/7239 (Volvol ၂၂ဘီး၊ အဖြူရောင်၊ တွဲယာဉ်)ပေါ်မှ တရားမဝင် တမလန်းခွဲသား (၁၂)ချောင်း (၀.၂၄၄၂)တန်နှင့် တရားခံ(၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၁-၃-၂၀၁၉ ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် “ Training Needs Assessment(TNA)Validating Workshop ” ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင်မှ အဖွင့်အမှာစကားပြောကြားပါသည်။ အဆိုပါအစည်းအဝေးသို့ သစ်တောဦးစီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အငြိမ်းစားအရာရှိကြီးများ၊ ဌာန၏ ပညာရေးသင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ FAO မှ တာဝန်ရှိပုဂ္ဂိုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

၂၆-၂-၂၀၁၉ ရက်နေ့တွင် မွန်ပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းမြင့် ဦးဆောင်သောအဖွဲ့၊ ခမရ(၂၀၉)နှင့် အမတ(၃၁၈)တို့မှ တပ်မတော်အဖွဲ့၊ ကမာဝက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်၊ SB အဖွဲ့နှင့် စရဖ အဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် မုဒုံမြို့နယ်၊ အဘစ်ဘိနယ်၊ ကမာဝက်ချောင်းနှင့် ကော့ပနောင်ချောင်းနံဘေးလယ်ကွင်းတို့၌ တရားမဝင် ပိတောက်ခွဲသား (၇၆.၁၄၅၀) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်ခြင်းနှင့် တရားမဝင်သစ် ခိုးထုတ်သယ်ဆောင်မှု မရှိစေရေး နယ်မြေရှင်းလင်း ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

Pages